မန်ယူတိုက်စစ်မှူး လူကာကူ ၎င်း၏ Rolls-Royce ကားအရောင်အား မန်ယူအသင်းအရောင်ဖြစ်သည့် အနီနှင့် အနက် နှစ်ရောင်စပ်အဖြစ် ပြောင်းလဲ

1051

မန်ချက်စတာ ယူနိုက်တက်အသင်းမှ ဘယ်လ်ဂျီယမ်တိုက် စစ်မှူး Romelu Lukaku သည် ၎င်း၏ ပေါင်နှစ်သိန်းခွဲ တန်ဖိုးရှိ Rolls-Royce ကားကြီးအား အသင်း၏ဦးစားပေးအရောင် ဖြစ်သည့် အနီနှင့် အနက် နှစ်ရောင်စပ်အဖြစ် ပြောင်းလဲဖန်တီးခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

Lukaku သည် အဖြူနှင့် အနက်စပ်ထားသော တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းအထိ မြန်နှုန်းမြင့်မောင်းနှင်နိုင်သည့် တန် ဖိုးကြီး Rolls-Royce ဇိမ်ခံကားကြီးကို မန်ယူအသင်း၏ စိတ်ကြိုက်အရောင်အနီနှင့် အနက် ရောစပ်ကာ အရောင် ပြောင်းလဲဖန်တီးခဲ့ခြင်းဖြစ် သည်။ မန်ယူအသင်းသို့ ပေါင် ၇၅ သန်းတန်ဖိုးရှိ နွေရာသီ စာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့လာခဲ့သည့် Romelu Lukaku နှင့် ချစ်သူ Sarah Mens တို့အား Lukaku ဂိုးသွင်းယူနိုင်ခဲ့သည့် ဝက်စ်ဘရွန်းအသင်းကို အနိုင်ရပြီး နောက်တစ်ရက်တွင် အရောင်ပြောင်းလဲထားသည့် ကားကြီးနှင့်အတူ တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

 

ယခုလက်ရှိဘောလုံးရာသီ အစပိုင်းက အထူးခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့သည့် Lukaku သည် လတ်တလောတွင် ဂိုးသွင်းနိုင်စွမ်း အနည်းငယ် လျော့ကျနေခဲ့ရာ ယခင်ခြေစွမ်းအား ပြန်လည်ရရှိနိုင်ရန် ရုန်းကန်နေရသည်။ သို့သော် ပြီးခဲ့သည့် ဘုန်းမောက်သ်နှင့် ဝက်စ်ဘရွန်းပွဲစဉ်များတွင် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပရိသတ်များနှင့်အတူ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲမခံခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဝေဖန်မှုများ ပေါ်ထွက်နေကြောင်း သိရသည်။

 

Ref: Daily Maily

LEAVE A REPLY

Please enter your comment!
Please enter your name here