မန္တလေး မဟာသင်္ကြန်ပွဲတော် မကျင်းပဖြစ်တော့၍ ဆောက်လုပ်ဆဲမဏ္ဍပ်များ ဖျက်သိမ်း

142

 

မန္တလေး၊ မတ် ၁၈
ယခု ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွား လျက်ရှိသော COVID-19 ကြောင့် မန္တလေးမဟာသင်္ကြန်ပွဲတော်ကို ကျင်းပတော့မည်မဟုတ်ဘဲ လက်ရှိ ဆောက်လုပ်ဆဲမြို့တော်မဏ္ဍပ်ကိုလည်း စတင်ဖျက်သိမ်းနေပြီဖြစ် ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“နိုင်ငံတော်အစိုးရရဲ့ ညွန် ကြားချက်နဲ့ မန္တလေးမဟာသင်္ကြန်ပွဲ တော်ကို မကျင်းပဖြစ်တော့တာ ကြောင့် အခုဆောက်လုပ်နေဆဲ မြို့တော်မဏ္ဍပ်ကို စတင်ဖျက်သိမ်းနေပါပြီ၊ အရင်လုပ်မယ့်လမ်းလျှောက် သင်္ကြန်တို့ ကျေးလက်ပုံဖော်မယ့် အစီအစဉ်တွေလည်း ရပ်ဆိုင်းလိုက် ပါတယ်၊ မဟာသင်္ကြန်ပွဲတော် မကျင်းပတော့ပေမဲ့ ရပ်ကွက်ထဲတွေမှာတော့ ဟိုးအရင်တုန်းကလို ရေခွက်လေးတွေနဲ့ ပက်ကြတာမျိုး ရှိကောင်းရှိမယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ကြတာတွေတော့ ရှိ မှာပေါ့၊ ကျွန်တော်တို့စည်ပင်က ဦးဆောင်ပြီး လုပ်မယ့်အစီအစဉ် ကိုတော့ ရပ်ဆိုင်းလိုက်တယ်”ဟု အဆိုပါကော်မတီ၏ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အသက်ရှူလမ်း ကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာခဲ့သည့်အတွက် မြန်မာတစ်နိုင်ငံလုံး အခမ်းအနား များ၊ ပွဲလမ်းသဘင်များနှင့် မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော်မဏ္ဍပ်ဆောက် လုပ်ပြီး ကျင်းပခြင်းတို့ပါ ဧပြီလကုန် အထိ မပြုလုပ်ကြရန် နိုင်ငံတော် အစိုးရကထုတ်ပြန်ထားသည်၊ ထို့ ကြောင့် မန္တလေးမြို့တွင် ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်ကိုလည်း ရပ်ဆိုင်းလိုက်ကာ ဆောက်လုပ်ဆဲ မဏပ်များကိုလည်း စတင်ဖျက်သိမ်း နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိ ရသည်။

မန္တလေးမြို့တွင် ကနဦးအစီ အစဉ်အရ နှစ်စဉ်ကျင်းပမြဲဖြစ်သော လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်ခြမ်းတွင် ဆက်လက် ထည့်သွင်း၍ ၆၂ လမ်း မနော်ရမ္မံ ဥယျာဉ်တွင် တိုင်းရင်းသားပေါင်းစုံ မဏ္ဍပ်တစ်ခုရှိမည်ဖြစ်ကာ ရပ်ကွက် အလိုက် ယိမ်းပြိုင်ပွဲများ၊ တိုင်းရင်း သားအကများနှင့် နိုင်ငံတော်အဆို တော်များ၏ သီဆိုဖျော်ဖြေမှုများ ဖြင့် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ယခုအခါ လုံးဝရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
ေကျာ်ေကျာ်ေအာင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here