မန္တလေးအခြေပြု ဆိုင်ကယ်Taxi ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသုံးခု အထိရှိလာ

712

မန္တလေး၊မတ်

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်းက သန်းခေါင်ယံအချိန်နှင့် နံနက်အစောပိုင်းအချိန်များတွင် နယ်ဝေးများမှ လာရောက်သောခရီးသည်များထံ အုပ်စုဖွဲ့လုယက်မှုများကြောင့် လုံခြုံရေးတင်းကျပ်ခဲ့ရသော မန္တလေးမြို့တော်တွင်ယခုအခါ ခရီးသည်လုံခြုံရေးကို အာမခံချက်ပေးနိုင်မည့် ဆိုင်ကယ်Taxi ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ ၃ ခုအထိ ရှိလာကြောင်း သိရသည်။

”မန္တလေးမှာပြီးခဲ့တဲ့နှစ်ထဲက နယ်ဝေးခရီးသည်တွေကို အုပ်စုဖွဲ့လုယက်တာတွေ ဆက်တိုက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ လုံခြုံရေးလည်း ပိုပြီးတင်းကျပ်လာတယ်၊ တစ်ချို့ တွေလည်း ဖမ်းမိတာတွေရှိတယ်၊အဲဒီဖြစ်စဉ်တွေပြီးတော့ မီနီအိုးဝေသုံးဘီးဆိုင်ကယ်Taxi စပေါ်လာတယ်၊ ပထမဦးဆုံး သူတို့ စပေါ်လာတော့

နယ်ဝေးခရီးသည်တွေအတွက် မန္တ လေးရောက်လို့ Taxi စီးရင် စိုးရိမ်စရာ သိပ်မရှိတော့ဘူးပေါ့၊ အဲဒီနောက်ပိုင်း Grab ဆိုင်ကယ်Taxi တစ်ခုထပ်ပေါ်လာတယ်၊ အခုကျတော့ Getride ဆိုင်ကယ် Taxi Service ဆိုပြီးထပ်ပေါ်လာတယ်၊ အားလုံးဆို မန္တလေးမှာ ဆိုင်ကယ်Taxi ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီ ၃ ခုရှိလာပြီ၊ အဲဒီလို ကုမ္ပဏီတွေက အာမခံချက်တွေနဲ့ အသီးသီးပေါ် လာတော့ နယ်ဝေးခရီးသွားတွေအတွက် အများကြီးအဆင်ပြေတာပေါ့”ဟု မန္တလေးမြို့ခံကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းဇော်ဦး က ပြောသည်။

မန္တလေးမြို့တော်တွင် ယခု အခါ မီနီအိုးဝေသုံးဘီးဆိုင်ကယ်ဝန် ဆောင်မှု၊ Grab ဆိုင်ကယ်Taxi ဝန်ဆောင်မှု၊ Getride ဆိုင်ကယ်Taxi ဝန်ဆောင်မှုစသောဆိုင်ကယ် ဝန်ဆောင်မှုကုမ္ပဏီ သုံးခုအထိရှိလာပြီး ခရီးသွားများအတွက်သာမက ဆိုင်ကယ်Taxiသမားများအတွက်လည်း များစွာအဆင်ပြေလာကြောင်း၊ ထိုသို့ ဆိုင်ကယ်Taxi ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများ တွင် Online Application မှတစ်ဆင့် Registerလုပ်၍ငှားရမ်းနိုင်ပြီး ကုမ္ပဏီများ တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ငှားရမ်းခနှုန်းထား စျေးလျှော့ပေးမှုများလည်းရှိကြောင်း မန္တလေးမြို့ခံများထံမှစုံစမ်းသိရသည်။

”ကျွန်တော်တို့ ကုမ္ပဏီက နည်းပညာကုမ္ပဏီလည်းဖြစ်တဲ့အတွက် အဓိက Getride စလုပ်ဖြစ်သွားတာက လူထုအခြေပြုပြီး လူထုအတွက် ပြန်လည်အားဖြည့်မြွင့္တင်ပေးတဲ့ကုမ္ပဏီမျိုးအဖြစ်ဖော် ဆောင်နေတယ်၊ဒါနဲ့ဆိုင်ကယ်Taxiလည်းစလုပ်ဖြစ်တယ်ပေါ့။ ကျွန်တော်တို့ဆီမှာဆိုရင် Getride Application ကိုဖုန်းကနေ Download ဆွဲပြီး Registerလုပ် ငှားရမ်းတယ်ဆိုရင် ငှားရမ်းတဲ့သူဆီလာမယ့် ဆိုင်ကယ်Taxiသမား ရဲ့ဓာတ်ပုံ၊နာမည်၊ဆိုင်ကယ်နံပါတ်တွေကအစ ကြိုပို့ပေးတယ်၊ အဓိကတော့ ခရီးသွားတွေကိုလုံခြုံမှုရှိစေချင်တယ်၊ အခုဆို ဒီလအတွင်း Taxiငှားရမ်းတဲ့သူတွေအတွက် Promo Codeမှာ Getmoreကို အသုံးပြုထားတယ်ဆိုရင် တစ်ခေါက်ကို ကျသင့်တဲ့နှုန်းရဲ့ ကျပ် ၂,ဝဝဝ စီ လျှော့ပေးထားတယ်၊အဲ ဒီလိုစျေးလျော့ပေးထားတော့ တစ်ချို့ Taxiခ ၃,ဝဝဝ ကျမယ်ဆိုရင် တစ်ထောင်ပဲပေးရတော့မယ်၊ အဲဒီလို Getmoreလုပ်ပြီး စျေးလျော့တဲ့နှုန်းနဲ့ကို တစ်ရက်ကို ခရီးစဉ် သုံးကြောင်းစာ သွားလာနိုင်အောင် စီစဉ်ပေးထားပါတယ်”Getride ကုမ္ပဏီမှ Field Operation Manager ကိုကောင်းထက်စိုးက ဆိုသည်။

မန္တလေးမြို့အခြေပြု၍ ယင်း သို့ ဆိုင်ကယ်Taxi ဝန်ဆောင်မှုပေးသော ကုမ္ပဏီများမှာ Taxiခ နှုန်း ထားကို ခရီးအကွာအဝေးအလိုက် ကီလိုမီတာဖြင့်တွက်ချက်ယူဆောင်ကြပြီး လတ်တစ်လောတွင် စျေးသက်သာသည့်အတွက် ပြင်ပ ဆိုင်ကယ်Taxi များထက် Taxi ဝန်ဆောင်မှုကုမ္ပဏီများတွင် ငှားရမ်းမှုပိုမိုများပြားနေကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here