မန္တလေးမြို့ Ducati ဆိုင်ကယ် Showroom မှ Operation Manager ကိုရဲထွန်းတင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

1028

ဆိုင်ကယ်မြို့တော်လို့တင်စားကြတဲ့ မန္တလေးမြို့တော်မှာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကစပြီး ဘီးကြီးဆိုင်ကယ်ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့ပါတယ်။ အခုအခါမှာတော့ Ducati ဆိုင်ကယ်ကုမ္ပဏီက အရောင်းပြခန်းရော Service Center ပါဖွင့်လှစ်လာပါတယ်။ Ducati ဆိုင်ကယ်တွေကို ဟိုးအရင်က နယ်စပ်ကတင်သွင်းတဲ့သူတွေဆီကသာ ဝယ်ယူလို့ရခဲ့ပြီး Brand New ရရှိဖို့ခဲယဉ်းခဲ့ပါတယ်။ အခုအခါမှာတော့ Ducati ဆိုင်ကယ်ကို SGG Motor Services Ltd ကနေ မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်ယူပြီး တင်သွင်းထားတာဖြစ်လို့ မန္တလေး Ducati ဆိုင်ကယ်အရောင်းပြခန်းရဲ့ Operation Manager ဖြစ်သူ ကိုရဲထွန်းတင့်နဲ့ တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြပေးလိုက် ပါတယ် . . .

Automobile    : Ducati ဆိုင်ကယ် Showroom ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအဖြစ် မန္တလေးမှာ ဖွင့်လှစ်တာကို သိချင်ပါတယ် . . .

K.Y.H.T          : မန္တလေးမှာက Ducati ဆိုင်ကယ်ကို နှစ်သက်တဲ့ Customer တွေက ရှိပြီးသား၊ ပထမဦးဆုံးပြောချင်တာက မန္တလေးသည် ဆိုင်ကယ်မြို့တော်ဖြစ်တယ်၊ ကျွန်တော်တို့ Ducati ဆိုင်ကယ်တွေဟာ အီတလီနိုင်ငံထုတ်ဖြစ်တဲ့အပြင် စျေးကွက်လည်းရှိပြီးသားဆိုတော့ ကျွန်တော်တို့ သာ ရောင်းနိုင်မယ်ဆိုရင် အောင်မြင်မယ်လို့ကိုယ့်ကိုယ်ကို ယုံကြည်တယ်၊ ကျွန်တော်တို့အထက်က Management ကလည်း မန္တလေးမှာ အခြေစိုက်မယ်ဆိုရင် အောင်မြင်မယ်ဆိုတာယုံကြည်တဲ့အတွက် Ducati Company ကို မန္တလေးမှာ ဖွင့်ဖြစ်ခဲ့တာပါ။ အဓိကကတော့ မန္တလေးမှာရှိပြီးသား Customer တွေအတွက်လည်း Service အတွက် အဆင်ပြေအောင်၊ ကျွန်တော်တို့အနေနဲ့ကလည်း Brand New လိုချင်တဲ့ Customer တွေအတွက် Brand New ရောင်းနိုင်အောင် အဓိကဦးတည်ပြီးတော့ ဖွင့်ဖြစ်ခဲ့တာပါ။

Automobile    : အစ်ကိုတို့ဆီမှာ Ducati ဆိုင်ကယ်ရဲ့ဘယ်လိုအမျိုးအစားတွေကိုရောင်းချပေးနေလဲ. . .

K.Y.H.T          : Ducati မှာတော့ ဆိုင်ကယ်အမျိုးအစားအများကြီး ရှိတယ်၊ဆိုင်ကယ်အမျိုးအစား တစ်ခုချင်းမှာတော့ Target ၊ Market သတ်မှတ်ထားပြီးသားရှိတယ်၊ Ducati ကဥပမာအားဖြင့် လူငယ်တွေကနေ လူကြီးတွေအထိ စီးလို့ရတဲ့ အမျိုးအစားပေါင်း အများကြီးရှိတယ်။ စျေးနှုန်းတွေကလည်း အင်ဂျင်ပါဝါအ လိုက်အမျိုးမျိုးရှိတယ်။ အင်ဂျင်ပါဝါ ၄ဝဝ ကနေ အင် ဂျင်ပါဝါ ၁,၂ဝဝ အထိ အဲဒီထက်များတာတွေလည်းရှိ တယ်။ အင်ဂျင်ပါဝါ ၄ဝဝ အနည်းဆုံးဆိုရင် ၁၂၂သိန်း ကနေ စပြီးရှိတယ်။ စျေးအများဆုံးကတော့ ၆ဝဝကျော် လောက်ထိ ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ရောင်းတာကတော့ ၂ဝဝ ကျော်၊ ၃ဝဝ ကျော်လောက်တွေအများဆုံးရှိပါတယ်ဗျ။

Automobile    : Ducati က အီတလီထုတ်ဆိုတော့ လက်ရှိ မန္တလေးမှာ ရောင်းချပေးတဲ့ဆိုင်ကယ်တွေက ဘယ်နိုင်ငံကနေ တင်သွင်းတာလဲ . . .

K.Y.H.T          : အီတလီနိုင်ငံထုတ်, အီတလီအရည်အသွေးဖြစ်ပေမယ့် ကျွန်တော်တို့ ရဲ့ တချို့ဆိုင်ကယ်တွေကို အနီးဆုံးစက်ရုံရှိတဲ့ ထိုင်းနိုင်ငံကနေသွင်းပါတယ်။ ထိုင်းနိုင်ငံကနေသွင်းတယ်ဆိုပေမယ့် ထိုင်းမှာ Assemblyပဲလုပ်ပြီး အစိတ်အပိုင်းတွေကတော့ အီတလီကပဲ တိုက်ရိုက်တင်သွင်းပါတယ်။ ထိုင်းနိုင်ငံမှာ စက်ရုံရှိတော့ သယ်ဆောင်စရိတ်လည်းသက်သာပါတယ်။ တချို့ဘီးတွေက ထိုင်းမှာ မထုတ်လုပ်နိုင်တာရှိပါတယ်။ Panigale US Version ဆိုရင် ထိုင်းမှာ အဲ့လိုဘီးတွေမရှိပါဘူး။ ထိုင်းမှာ မထုတ်နိုင်တဲ့ဘီးတွေတော်တော်များများကို အီတလီ ကနေ တိုက်ရိုက်တင်သွင်းပါတယ်။ တော်တော်များများ ဘီးတွေကတော့ ထိုင်းကနေပဲ တင်သွင်းပါတယ်။ အဲ့ဒီအတွက် မြန်မာက Customer တွေအနေနဲ့ စျေးသက်သက်သာသာနဲ့ဝယ်ယူသုံးစွဲနိုင်ပါတယ်။ အီတလီ က ဘီးတွေယူမယ်ဆိုရင် ပို့ဆောင်စရိတ်ကြောင့် စျေးကတော့တော်တော်လေးမြင့်ပါမယ်။

Automobile    : Ducati Showroom စဖွင့်လိုက်ပြီဆိုတော့ 3S စနစ်နဲ့ ဝန်ဆောင်မှုပေးသွားမလား . . .

K.Y.H.T          : Showroom Opening Ceremony စတဲ့ရက်ကစပြီး Service တွေစုံအောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ Showroom မဖွင့်ခင်ကတည်းက Customer တွေက Service တွေရပြီလား၊ Spare Parts တွေအစုံရပြီလား မေးကြတာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်းDDS System တွေ၊Diagonsis System တွေ၊Toolတွေအားလုံးကို အီတလီက Special Tool တွေ မှာယူထားပြီး Service ပေးနိုင်ဖို့ လုပ်ထားပါတယ်။ ကျွန်တော်တို့ Showroom က မဝယ်တဲ့ဆိုင်ကယ်ပဲဖြစ်ဖြစ်၊ကျွန်တော်တို့ Showroom ကဝယ်ထားတဲ့ ဆိုင်ကယ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ Service ပေးပါတယ်။ ဒီ Showroom ဖွင့်တာလည်း အဲ့ဒီ ရည်ရွယ်ချက်ကြောင့်ပါပဲ။Original Spare Partsတွေဆိုရင်လည်း အီတလီကရော၊ ထိုင်းဘက်ကရောက မှာထားတာရှိပါတယ်။ အဓိကကတော့ ကျွန်တော်တို့က Original Spare Parts တွေပဲမှာယူတင်သွင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Ducati ဆိုင်ကယ်တွေက တခြား Spare Parts ထည့်လိုက်ပြီဆိုရင်  လိုအပ်တဲ့တခြားအစိတ်အပိုင်းတွေပါ ပျက်စီးနိုင်တယ်။ အဲ့ဒီအတွက်ကြောင့် Original Spare Parts တွေကို အနီးစပ်ဆုံး ထိုင်းစက်ရုံကနေမှာတယ် ၊ မရဘူးဆိုရင် အီတလီစက်ရုံကနေလည်း ဖြည့်တင်းထားဖို့ ကြိုးစားနေပါတယ်။

Automobile    : Service Center ကို အရောင်းပြခန်းမဖွင့်ခင် လအနည်းငယ်စောပြီးဖွင့်ခဲ့တော့ Service နဲ့ပတ်သက်ရင် ဘယ်လိုမြန်ဆန်အောင်ဝန်ဆောင်မှုပေးသွားမလဲ။

K.Y.H.T          : လောလောဆယ် ကျွန်တော်တို့ စစ်တမ်းကောက်နေပါတယ်။စျေးကွက်ထဲမှာဘယ်လိုမျိုးဘီးတွေရှိလဲဆိုတာကို စစ်တမ်းကောက်နေပါတယ်။ ကျွန်တော်တို့ Spare Parts အကုန်လုံးကို သိမ်းထားနိုင်ဖို့ဆိုတာ ကျွန်တော်တို့မှာ အခက်အခဲရှိပါတယ်။ လက်ရှိစျေးကွက်ထဲမှာ ဘယ်လိုဘီးတွေရှိနေလဲ၊အဲဒီဘီးတွေက ဘယ်လို အခက်အခဲတွေရှိနေလဲ၊Oil Filter တွေ အများဆုံး သုံးနေလား၊Air Filter တွေ စစ်ဖို့လိုသလား။ အဲ့လို အဖြစ်အများဆုံးဟာတွေကို ဒီမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့ စတို မှာ သိမ်းထားပါတယ်။ တကယ်လို့ ဖြစ်ခဲတဲ့ Spare Parts တွေ ပျက်စီးခဲ့ရင်လည်းအလွန်ဆုံးတစ်လပါပဲ။ ဒါက အများဆုံးပြောထားတာပါ။ ကျွန်တော်တို့ အဲဒီထက်မြန်အောင်လို့ ကြိုးစားပေးလို့ရပါတယ်။ Service အတွက်ကတော့ လောလောဆယ် Master Tech တစ်ဦးရှိပါတယ်။ ကျွန်တော်တို့ခေါ်တဲ့ Position ကတော့ Service Manager ပေါ့။စင်ကာပူမှာ Service လေးနှစ်ရှိတဲ့ Master Tech ကိုခေါ်ပြီး ခန့်ထားတာပါ။ လောလောဆယ် Service အကူအနေနဲ့ နှစ်ယောက်ခန့်ထားပါတယ်။ နောက်ပိုင်း Service တွေ များများပေးဖို့လိုအပ်လာမယ်ဆိုရင်လည်း ထပ်ပြီးခန့်ထားဖို့ ရည်ရွယ်ချက်ရှိပါတယ်။

Automobile    : Ducati ဆိုင်ကယ်ရဲ့ အားသာချက် အားနည်းချက်တွေ ပြောပြပေးပါဦး။. . .

K.Y.H.T          : ဘီးကြီးအနေနဲ့ ဒီမှာစျေးကွက်ရှိနေရင်ကို ကျေနပ်ပါတယ်။ Harley Davidson လည်း သူ့နည်းသူ့ဟန်နဲ့ ကောင်းတာပါပဲ။ ကျွန်တော်တို့ Ducati ရဲ့ အားသာချက်ကတော့ Young and Fresh ပေါ့။ လူကြီး၊လူငယ် ဘယ်အသက်အရွယ်ပဲစီးစီး အသက်အရွယ်အလိုက် ဥပမာအားဖြင့် ၂ဝ ကနေ ၃ဝ တွင်းစီးမလား၊ ၃ဝ က နေ ၅ဝ စီးမလား၊ ၅ဝ အထက်စီးမလား အမျိုးမျိုးရှိပါတယ်။ ၂ဝ တန်းဆိုရင် Monster လို ဘီး တွေရှိတယ်။ လူလတ်ပိုင်းဆိုရင် Scrambler ဘီးတွေ ၊ Classic ဘီးတွေရှိတယ်။ အထက်ပိုင်းဆိုရင်လည်း Touring ဘီးတွေရှိတယ်။ အရည်အသွေးပိုင်းကတော့  Racing ပိုင်းဖြစ်တဲ့အတွက် အဓိက Safety ပိုင်းကို ဦးစားပေးပြီး ထုတ်ထားပါတယ်။ ဘယ် ဘီးမဆို ABS ပါတဲ့ Brembo System ကို သုံးထားတယ်၊ Mechanic ပိုင်းကိုပဲကြည့်ကြည့် Racing ကနေ လာတဲ့အတွက် Safety ပိုင်းကို အားသာချက်လို့ပဲပြောရမယ်၊ ကျွန်တော်တို့ဆီမှာ လူငယ်ကနေ လူကြီးအထိကို ဘီးအမျိုးအစားတွေမျိုးစုံရှိတယ်။

Automobile    : Showroom မှာရောင်းတဲ့ Ducati Brand New ဘီးတွေကျတော့ရော Warranty အနေဖြင့် ဘယ်လို ဝန်ဆောင်မှုပေးထားလဲ …

K.Y.H.T          : အင်ဂျင် Warranty 2 Year ပေးပါတယ်၊လိုင်စင်သက်တမ်းကလည်း နှစ်နှစ်ပေါ့နော်။ စက်ရုံ Warranty 2 Year အတွင်းမှာ Customer က Service ပုံမှန်လုပ်နေလျက်နဲ့ စက်ရုံအမှားကြောင့်ဆိုရင် Recall ပြန်ခေါ်ပြီး အသစ်ပြန်လဲပေးပါတယ်။

Automobile    : Ducati ဆိုင်ကယ်တွေကို အရစ်ကျရော ရောင်းချပေးဖို့ အစီအစဉ်ရှိလား …

K.Y.H.T          : အရစ်ကျကို ပိုပြီးရောင်းချချင်ပါတယ်။ အရစ်ကျရောင်းချနိုင်မယ်ဆိုရင် ပိုပြီးရောင်းရမယ်လို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်ပါတယ်၊ အခုလည်း Yoma Bank နဲ့ အရစ်ကျစရောင်းနေပါပြီ။ နောက်ထပ် တခြားဘဏ်တွေနဲ့ရောင်းချနိုင်အောင်လည်း စီစဉ်နေပါတယ်။ နောက်ပိုင်း အခြားဘဏ်တွေနဲ့ချိတ်ဖြစ်ရင်တော့ အရစ်ကျကို နှစ်နှစ်ကနေ သုံးနှစ်အထိပေးနိုင်ဖို့ လျာထားပါတယ်။

 

Ducati ဆိုင်ကယ်အရောင်းပြခန်းကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

အမှတ်(၂၃)၊ ၃၅လမ်း၊ ၆၅ လမ်းနှင့် ၆၆လမ်းကြား၊ မန္တလေးမြို့။

ဝ၉-၇၇ဝဝ၁၁၁၁၂

ကျော်ကျော်အောင် တွေ့ဆုံမေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here