မန္တလေးမြို့ ဝင်းမိုး ဆိုင်ကယ်ဝပ်ရှော့တည်ထောင်သူ ဦးကျော်မိုးနှင့် တွေ့ဆုံခြင်း

1178

‘ ဆိုင်ကယ်ကို တစ်လတန်သည်၊ တစ်လခွဲတန်သည် ပုံမှန်စစ်ပေးတာကတော့ အကောင်းဆုံးပေါ့ ‘

ဆိုင်ကယ်မြို့တော်လို့ တင်စားကြတဲ့ မန္တလေးမြို့မှာ ဆိုင်ကယ်အရောင်းပြခန်းတွေ တိုးလာ၊ ဆိုင်ကယ်စီးသူ တိုးလာတာနဲ့အမျှ ဆိုင်ကယ်ပြုပြင်ရေးဝပ်ရှော့တွေလည်း အများအပြားပေါ်ထွက်လာပါတယ်။ အဲဒီဆိုင်တွေထဲမှာ ကာပရိုက်တာဆိုင်ကယ်ဝပ်ရှော့တွေ အများစုဖြစ်ပေမဲ့ EFI (PGM-FI) ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင်ပြင်ဆင်ပေးနိုင်တဲ့ ဆိုင်ကယ်ဝပ်ရှော့ကတော့ သိပ်များများမရှိသေးပါဘူး။ အဲဒီထဲမှာ လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်ကတည်းက ဆိုင်ကယ်ဝပ်ရှော့ ဖွင့်လာခဲ့ပြီး အခုအချိန်ထိ လုပ်ကိုင်နေဆဲဖြစ်တဲ့ မန္တလေးမြို့ ဝင်းမိုး ဆိုင်ကယ်ဝပ်ရှော့တည်ထောင်သူ ဝါရင့် ဝပ်ရှော့ဆရာတစ်ဦး ဦးကျော်မိုးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Automobile    : ဝင်းမိုး ဆိုင်ကယ်ဝပ်ရှော့ကို ဘယ်အချိန်က စတင်ဖွင့်လှစ်ခဲ့တာလဲ။ စဖွင့်ခါစအချိန်က ဘယ်လိုဆိုင်ကယ်အမျိုးအစားတွေ ပြင်ဆင်ပေးရလဲ …

U.K.M                        : ၁၉၈၈ ခုနှစ်လောက်မှာ ဆိုင်ကယ်ဝပ်ရှော့ စဖွင့်ခဲ့ပါ တယ်။ အဲဒီအချိန်တုန်းကတော့ ကာပရိုက်တာ Type ဆိုင်ကယ်အမျိုးအစားတွေ များပါတယ်။

Automobile    : လက်ရှိရော ဘယ်လိုဆိုင်ကယ်အမျိုးအစားတွေ လာပြင်ကြတာများလဲ။ လာပြင်တဲ့အထဲမှာရော ဘယ်လိုပြစ်ချက်တွေ ပြင်ဆင်ပေးရတာများလဲ …

U.K.M                        : အများအားဖြင့် ကာပရိုက်တာဘီးတွေ အများစုလာပြင်ကြတယ်။ ဖြစ်တာတွေကတော့ ဆီပျောက်၊ မီးပျောက်လေးတွေနဲ့ အင်ဂျင်ပိုင်း ကျတာလေးတွေ၊ ဘရိတ်ပိုင်း၊ ချိန်းပိုင်း လာပြင်ကြတာတွေများတယ်။ ဆီပျောက်၊ မီးပျောက်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက နောက်ဝင်လာတဲ့ တရုတ်တံဆိပ်သစ် ဆိုင်ကယ်တွေမှာ ဝါယာရင်းပိုင်း ခိုလာတော့ လုံခြုံမှုမရှိတော့ဘူး။ မီးလိုင်း ခဏခဏပြတ်တောက်တယ်ပေါ့။ အရင် ဂျပန်ဘီးတွေတုန်းက အဲဒီလိုမှ မဖြစ်တာ။ အခု တရုတ်တံဆိပ်သစ်ဘီးတွေကျတော့ ဝါယာအိမ်တွေက လုံခြုံမှုမရှိတာပေါ့။ ရေငွေ့လေး နည်းနည်းရိုက်လိုက်တာနဲ့ကို မီးပျောက်သွားတာတွေဖြစ်တယ်။ ဆီပျောက်ကျတော့ တိုင်ကီပိတ်တွေက ရော်ဘာတွေ မလုံတာဖြစ်လာတယ်။ အရင်က တိုင်ကီပိတ်ပေါ်က ရော်ဘာတွေကောင်းတော့ ဆိုင်ကယ် ရေဆေးရင်လည်း ရေမဝင်ဘူး။ အခုကျတော့ ဆိုင်ကယ် ဆီတိုင်ကီပေါ် ရေပက်လိုက်တာနဲ့ ရေက ဝင်ချင်ပြီ။ ဆီထဲမှာ ရေပါလာတာနဲ့အမျှ ကြာလာရင် တိုင်ကီမှာ သံကြေး(ဂျီး) တက်ပြီး ဆီလိုင်းပိတ်တာတို့ ဖြစ်ကြတာ များတယ်။

Automobile    : ဆိုင်ကယ်တစ်စီးဟာ မိုးရွာထဲ၊ ရေထဲ ဖြတ်မောင်းလိုက် တဲ့အချိန်မှာ အိပ်ဇောထဲ ရေဝင်သွားပြီဆိုရင် ဘာဆက်ဖြစ်တတ်သလဲ။ အဲဒီလိုရေဝင်ရင် ဘယ်လိုပြင်ဆင်မှု မျိုး လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ …

U.K.M                        : အိပ်ဇောထဲ ရေဝင်ရင် ချက်ချင်း ရေဖောက်ထုတ်၊ အင်ဂျင်ant ချသင့်လဲ။ ျွန-ျအမေအ ချခြင်း မချခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးကရော ဘာတွေရှိမလဲ …

EFI  ဆိုင်ကယ်တွေဟာ စီးတာကြာလာရင် ကြေး(ဂျီး) ကပ်တာ များလာတာနဲ့အမျှ လေစစ်မှာ လေအဝင်/ အထွက်ပိတ်တာတွေ၊ ဆီအဝင်/အထွက်ပိတ်တာတွေ၊ နော်ဇယ်ပိတ်တာတွေ ရှိလာမယ်။ အဲဒီလိုပြစ်ချက်တွေ များလာပြီဆိုရင် Control Box  ကနေ ဘယ်လောက်ပဲ အမိန့်ပေးပေး စက်ပစ္စည်းတွေမှာ အလုပ်လုပ်နိုင်စွမ်း နည်းသွားမယ်။ ဒါကြောင့် ဖုန်းတစ်လုံးကို Restart လုပ်သလိုပဲ ဆိုင်ကယ်တစ်စီးကိုလည်း စီးတာကြာလာရင် ECU မှာ Restart လုပ်ပေးသင့်တယ်။ ဒါမှ ဆိုင်ကယ်က သွက်လက်ချက်ချာမှု အမြဲရှိနေမယ်။ အဲဒီလို Restart  ချဖို့ဆိုရင် ဆိုင်ကယ်တစ်စီးကို Scanner စက်နဲ့ ချိတ်ဆက်လိုက်တာနဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်လိုပြစ်ချက်တွေ ဖြစ်နေတယ်ဆိုတာ အကုန်ပေါ်လာတယ်။ အဲဒီလို ပြသပေးတော့ ပြင်ဆင်ချိန်သက်သာတယ်။ EFI သုံး ဆိုင်ကယ်တစ်စီးကို အဆွဲအရုန်းကောင်းဖို့ဆိုရင် ဓာတ်ဆီပန့်ကို ပန့် Pressure နဲ့ စစ်ရမယ်၊ နောက်တစ်ခုက နော်ဇယ်ကို စက်နဲ့စစ်ဆေးပြီး လေစက်ကိုပါ တစ်ခါတည်းစစ်ရမယ်။ နောက်တစ်ခုက Throttle Body နဲ့ လေချုပ်ဘားကို စစ်ဆေးပြီး ပလပ်ကိုပါ စစ်ဆေးရမယ်။ အဲဒါတွေအကုန် စစ်ဆေးပြီးလို့ ကြေး(ဂျီး)တွေ ပြောင်စင်သွားပြီဆိုရင် ဆိုင်ကယ် တစ်စီးဟာ ဆီစားနှုန်းလည်း သက်သာသွားမယ်။ အဆွဲ/ အရုန်းလည်း ကောင်းမွန်လာမယ်။ အဲဒါ Scanner နဲ့ Restart  ချပြီး ပြုလုပ်ပေးခြင်းရဲ့ကောင်းကျိုးပဲ။ Restart ချတာလည်း ကိုယ်သွားလာတဲ့ ခရီးဝေးအပေါ် မူတည်ပြီးလုပ်ပေးရတာ။ အစီးများတဲ့ဘီးဟာ ခြောက်လ တစ်ကြိမ်လောက် Restart  ချပေးသင့်တယ်။ မစီးဘဲနဲ့ တစ်နှစ်လုံးပစ်ထားရတဲ့ဘီးကတော့ Restart ချစရာ မလိုဘူးပေါ့။

Automobile    : အသေးဆုံး အစိတ်အပိုင်းကနေ အကြီးဆုံး ဘယ်လို အစိတ်အပိုင်းမျိုးအထိ ပြင်ဆင်လို့ရနိုင်မလဲ …

U.K.M                        : အသေးဆုံး အစိတ်အပိုင်းဆိုရင်တော့ စီးမကောင်းလို့ လာပြင်တဲ့ ဘီးတွေဆိုရင် ကာပရိုက်တာတွေ ဆေး၊ တိုင်ကီတွေဆေး၊ Air Cleaner တွေ လေမှုတ် စိတ်တိုင်းကျအောင်အထိ၊ စီးကောင်းအောင်အထိ လုပ်ပေးပါတယ်။ အင်ဂျင်ကိုင်ပြီဆိုရင်လည်း လုံးဝကောင်းသွားအောင် စိတ်တိုင်းကျအောင်အထိ လုပ်ပေးပါတယ်။

Automobile    : ဆရာ့ဆိုင်မှာရော တရုတ်တံဆိပ်သစ် ဆိုင်ကယ်တွေ လာပြင်တာများလား။ ဘယ်အစိတ်အပိုင်းတွေလာပြင်ကြတာ များလဲ။ အဲဒီဆိုင်ကယ်တွေအပေါ်ရော ဝါရင့် ဝပ်ရှော့ဆရာတစ်ယောက်အနေနဲ့ သုံးသပ်ပေးပါဦး …

U.K.M                        : အရင်တုန်းက Luojia ၊  Jialing စတဲ့ ပေါ်ကာစဘီးတွေတုန်းကတော့ အရည်အသွေးကောင်းတယ်။ အင်ဂျင်မာတယ်၊ ပျက်ခဲတယ်။ အခုနောက်ပိုင်း ဘီးတွေက ခိုလာတာများတော့ ခဏနဲ့ အင်ဂျင်တွေ ကျလာတယ်။ သံသားတွေ ခိုလာတော့ အပျက်များလာတယ်။ စပေါ်ကာစ ဘီးတွေတုန်းကတော့ အရည်အသွေးကောင်းတယ်။ အခုနောက်ပိုင်းဘီးတွေက စျေးကွက်အခြေအနေအရ မှီငြမ်းတံဆိပ်တွေများလာတော့ စျေးလျှော့ရင်း၊ ခိုရင်းနဲ့ ပျက်တာမြန်လာတယ်။ လာပြင်တာကတော့ အစိတ်အပိုင်းအစုံပါပဲ။

Automobile    : Tubeless ဘီးတွေ ဘီးပေါက်ရင် ဘယ်လိုလုပ်သင့်လဲ။ Tubeless ဘီးတွေက လူးတာတွေရှိနေတယ်ဆိုပြီး ကြားရတော့ ကြာရှည်ခံအောင်၊ ဘီးအပေါက်နည်းအောင် ဘယ်လိုလုပ်သင့်လဲ  …

U.K.M                        : Tubeless ဆိုင်ကယ်တွေကတော့ ဘီးပေါက်ပြီဆိုရင် အပြင်ကနေ ထိုးတံနဲ့ ထိုးဖာတာထက်စာရင် ဖြုတ်ပြီးတော့မှ အတွင်းထဲကနေ ကွန်ပေါင်း ပေါင်းဖာတာ ပိုကောင်းတယ်။ အဲဒီတော့ တာယာလည်း မလူးတော့ဘူး၊ တာယာလည်း မနာတော့ဘူး။ လမ်းခရီးတွေမှာ အမြန်လိုချင်တော့ တချို့က အပြင်ကနေ ထိုးဖာတာတွေရှိတယ်။ ကောင်းတာက ဘီးကိုဖြုတ်ပြီး ကွန်ပေါင်းပေါင်း ဖာတာက လေမစိမ့်ဘူး၊ ဘီးမလူးဘူး၊ တာယာမနာဘူး၊ ပိုကောင်းတာပေါ့။Tubeless ဘီးတွေ လူးတယ်ဆိုတာက တာယာပါးနေရင်သာ အဖြစ်များတာပါ၊ တာယာကောင်းနေသေးရင်တော့ လူးခဲပါတယ်။ ဘီးသေးတွေ ထက်စာရင်တော့ တာယာကြီး Tubeless က ပွိုင့်သား ပါးလာရင်ကို လူးလာတတ်တယ်။ အဓိကကတော့ လေ ပေါင် ပုံမှန်ချိန်ပြီးစီးရင် ဖြစ်ခဲပါတယ်။ လေပုံမှန် မချိန်ရင်သာ ဖြစ်တာ။ တချို့ကျတော့ Tubeless ဘီး ဆိုရင် မပေါက်အောင် ဆေးရည်ထည့်တာတွေရှိတယ်။ အရည်အသွေးကောင်းတဲ့ဆေးရည် ထည့်ရင်တော့ စိတ်ချရပါတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း ဆေးရည်ထည့်တဲ့ဘီးတာယာက သုံးနှစ်ခံရမယ့်ဟာ ၂ နှစ်ပဲခံတယ်။ တာယာပါးလွယ်တယ်လို့လည်း ပြောကြတာရှိတယ်။ ဆေးရည်ထည့်တဲ့ဘီးက Highway သွားတာ များတဲ့သူတွေအတွက်တော့ စိတ်ချရတာပေါ့။

Automobile    : ဆရာ့ဆိုင်မှာ လာပြင်တဲ့ Customer တွေနဲ့ အပြင်မှာ ဆိုင်ကယ်စီးနေသူတွေအတွက်      နှစ်သစ်ကူး စကားလက်ဆောင်ပြောပေးပါဦး …

U.K.M                        : ဆိုင်ကယ်ကို တစ်လတန်သည် တစ်ခါနှုန်း Air Cleaner လေမှုတ်တာလေးတွေ၊ အင်ဂျင်ဝိုင်လဲတာလေးတွေ၊ လေချိန်တာလေးတွေ ပုံမှန်စစ်ဆေးသင့်ပါတယ်။ တချို့ က ပျက်မှပဲပြင်ကြတာ။ ဆိုင်ကယ်ကို တစ်လတန်သည် တစ်လခွဲတန်သည် ပုံမှန်စစ်ပေးတာကတော့ အကောင်းဆုံးပေါ့။ အဲဒါမှလည်း ကိုယ့်ဘီးရဲ့ သက်တမ်းက ကြာရှည်ခံမှာပါ။

 

ဝင်းမိုး ဆိုင်ကယ်ဝပ်ရှော့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

၃၇ လမ်း၊ ၈၃× ၈၄ လမ်းကြား၊ မန္တလေးမြို့။

ဖုန်း – ဝ၉-၄၃ဝ၉၉၈၈၃။

ကျော်ကျော်အောင် တွေ့ဆုံမေးမြန်းသည်

LEAVE A REPLY

Please enter your comment!
Please enter your name here