မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက်

2473

မကြာမီကာလအတွင်း မြန်မာလူမျိုးတို့၏ အထွတ်အမြတ် ထားရာ ပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် ရောက်ရှိတော့မည်ဖြစ်ရာ မန္တလေးမြို့တွင် ထိုင်း Click ၊ Scoopy i တို့ထက် တရုတ် CZI ၊ MSX ၊ CBR ဆိုင် ကယ်များ အရောင်းသွက်လာကြောင်း မန္တလေးမြို့ ဆိုင် ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

”ဒီရက်ပိုင်းက ထိုင်း Click ၊ PCX ဆိုင်ကယ် လေးတွေလောက်ပဲ နည်းနည်းရောင်းရတယ်၊ အရင် တစ်ပတ်ကတောင် တစ်ရက် ခြောက်စီး၊ ခုနစ်စီး ရောင်းရ တယ်၊ အခု တစ်ရက် နှစ်စီး၊ သုံးစီးလောက်ပဲ အဝယ် ရှိတယ်၊ ဒါတောင် မိုဒယ်နိမ့်နဲ့ မိုဒယ်မြင့် အလဲအထပ် စနစ်ရောလုပ်နေလို့ ရောင်းရတာ”ဟု မန္တလေးမြို့ ‘Auto ၃၈ ဆိုင်ကယ်အရောင်းပြခန်း’ ပိုင်ရှင် ကိုအောင်ရီစိုးက ပြောကြားသည်။

ယခုလ နောက်ဆုံးပတ်အထိ  ထိုင်းဘတ်ဈေးမှာ တည်ငြိမ်နေဆဲဖြစ်သောကြောင့် ဆိုင်ကယ်ဈေးများ အတက်၊ အကျမရှိသော်လည်း ထိုင်းဆိုင်ကယ်များ အဝယ်ကျဆင်းသွားကြောင်း၊ Honda ၏ မြန်မာပြည် Authorized Distributor NCX Myanmar ကုမ္ပဏီမှ တင်သွင်းသော ထိုင်း Click ၊ Scoopy i ဆိုင်ကယ်များ မှာလည်း ယခင်တစ်ပတ်က ကျပ်ခုနစ်သောင်းခန့် ဈေးတက်သွားခဲ့ပြီး ယခုအချိန်အထိ ပြန်လည်ကျဆင်း ခြင်း မရှိသေးကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြ ခန်းများမှ သိရသည်။

”အရင်တစ်ပတ်က NCX ကသွင်းတဲ့ ထိုင်း Click ၊ Scoopy i တွေ ခုနစ်သောင်းလောက် တက်သွားတော့ Click၊ Scoopy i တွေတော့ အရောင်းကျသွားတယ်၊ ဒါပေမဲ့ Wave 100 ကတော့ နယ်တွေကရော၊ မန္တ လေးမြို့ပေါ်ကရော အဝယ်များတော့ တစ်ရက် သုံးစီး၊ လေးစီးရောင်းရတယ်၊ ဒီရက်ပိုင်းက ကထိန်ပွဲတော်နား နီးလို့ထင်တယ်၊ ရောင်းအားက တအား ဆိုးဆိုးရွားရွား ကြီးလည်း မဟုတ်ဘူး၊ ပုံမှန်လောက်ပဲ”ဟု မန္တလေးမြို့ Honda 84 ဆိုင်ကယ်အရောင်းပြခန်း’မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးမြို့ Showroom  ဆိုင်ကယ်ဈေးကွက် တွင် ထိုင်းဆိုင်ကယ်များမှာ ပုံမှန်သာ ရောင်းချနေရသော် လည်း တရုတ်နိုင်ငံထုတ် Super -AnBo ၊ NewlBo၊ Wonjan ၊ Haojue တံဆိပ်များ၏CZI ၊ MSX ၊ CBR ဆိုင်ကယ်များ အဝယ်လိုက်နေပြီး ယင်းမှာ ပွင့်လင်းရာ သီသို့ ရောက်ရှိလာသည်နှင့်အမျှ အလည်အပတ်ခရီး သွားလာသူ များပြားခြင်းနှင့်လည်း သက်ဆိုင်ကြောင်း အဆိုပါဆိုင်များမှ သိရသည်။

”အောက်တိုဘာလကုန်ပိုင်းကစပြီး ပွင့်လင်းရာ သီ ရောက်လာတာရော၊ နောက်ပိုင်း တန်ဆောင်တိုင်ပွဲ၊ ခရစ္စမတ်ပွဲ စတဲ့ ပွဲတော်ရက်တွေက တောက်လျှောက် ဖြစ်တာရောကြောင့် အားလပ်ရက်မှာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ လည်ပတ်ဖို့ဝယ်ကြတာလည်း ဖြစ်နိုင်တယ်၊ နှစ်တိုင်း အခုလို ပွင့်လင်းရာသီစရောက် ပြီး ပွဲတော်ရက်တွေ တောက်လျှောက်လာပြီဆိုရင် အမြဲရောင်းကောင်းတယ်၊ ဒီရက်ပိုင်းဆို တရုတ်ဘီးချည်း တစ်ရက်လေးစီး၊ ငါးစီး ရောင်းရတဲ့အထဲမှာ အရစ်ကျ က တစ်ရက် တစ်စီးနှုန်းလောက်ပဲပါတယ်၊ ကျန်တာ လက်ငင်းဝယ်တာချည်းပဲ”ဟု မန္တလေးမြို့ ‘SH  ဆိုင် ကယ် အရောင်းပြခန်း’ ပိုင်ရှင် ကိုရွှေထိုက်ကပြောသည်။

တရုတ်ပြည်တွင် ကုန်ကြမ်းပစ္စည်းဈေးနှုန်း မြင့် တက်လာရာမှတစ်ဆင့် ယခုလ နောက်ဆုံးပတ်၌ တရုတ်ဆိုင်ကယ်များ ကျပ်ငါးသောင်းခန့် ဈေးမြင့်တက် လာသော်လည်း ပွင့်လင်းရာသီသို့ ရောက်ရှိလာချိန် ပွဲ တော်ရက်များ ဆက်တိုက်ဖြစ်နေသောကြောင့် တရုတ် ဆိုင်ကယ်များမှာ ရောင်းအားမကျဘဲ ဝယ်ယူသူ များ ပြားနေကြောင်း သိရသည်။

”ဒီရက်ပိုင်း တရုတ်ပြည်စက်ရုံမှာ ဝယ်ဈေးကို ဈေးအဆမတန် တက်သွားလို့ တရုတ်ဆိုင်ကယ်တစ် စီးကို ငါးသောင်းလောက် တက်သွားတယ်၊ ဈေးတက် ပေမဲ့ ရောင်းအားက မကျတဲ့အပြင် အရစ်ကျရော၊ လက်ငင်းရော ဝယ်တဲ့သူတောင် များလာသေးတယ်၊ အဓိကကတော့ ပွဲတော်ရက်တွေ များလာတာလည်းပါ တာပေါ့”ဟု မန္တလေးမြို့ ‘ Yamasuki  ဆိုင်ကယ် အရောင်းပြခန်း’ ပိုင်ရှင် ကိုဇော်ကြီးက သုံးသပ်သည်။

ထိုင်းနိုင်ငံထုတ် ၂၀၁၇ မိုဒယ် Click  ဒလက် ကျပ် ၂,၃၉၀,ဝ၀ဝ၊ Click  စပုတ် ကျပ် ၂,၂၉၀,ဝ၀ဝ၊ Scoopy i ဒလက် ကျပ် ၂,၃၉၀,ဝ၀ဝ၊ Scoopy i     စပုတ် ကျပ် ၂,၂၉၀,ဝ၀ဝ၊ Wave 100  ကျပ် ၁,၁၂၀,ဝ၀ဝ၊ တရုတ်နိုင်ငံထုတ် MSX (NewIBo) ကျပ် ၉၅၀,ဝ၀ဝ၊CBR  (Wonjan) ကျပ် ၁,၄၅၀,ဝ၀ဝ၊ CZI (SuperAnbo) ကျပ် ၅၃၀,ဝ၀ဝ၊ ဆိုင်ကလုန်း (Zong Shen )ကျပ် ၁၀ သိန်း စသည့် ပေါက်ဈေးများတွင် ရှိနေသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းဈေးကွက်တွင် လည်း ထိုင်းနိုင်ငံထုတ် ၂၀၁၇ မိုဒယ် Click  ဆိုင် ကယ်များမှလွဲ၍ ကျန်မိုဒယ်နိမ့် Click  ၊ Scoopy i ဆိုင် ကယ်များ ရောင်းအားကျဆင်းနေပြီး ယင်းမှာ ကထိန်ပွဲ တော်ချိန် နီးကပ်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”၂၀၁၇ မိုဒယ် Click လောက်ပဲ တစ်ရက်တစ်စီး လောက် အဝယ်ရှိတယ်၊ Scoopy i တွေဆို မိုဒယ်မြင့် ရော၊ မိုဒယ်နိမ့်ရော ဝယ်မယ့်သူကို မရှိတာ၊ အခု နောက်ပိုင်း မန္တလေးက Scoopy i ထက် Click ကို ပိုဝယ်လာတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ကိုထွန်းထွန်းဝင်းက ဆိုသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းဈေးကွက်တွင် ယခုလ နောက်ဆုံးပတ်၌ ထိုင်းဆိုင်ကယ်များ ရောင်းအား ကျဆင်းနေသော်လည်း ကျပ်သုံးသိန်းခွဲဝန်းကျင် တရုတ် CZI နှင့် ကျပ်ခြောက်သိန်းဝန်းကျင် Auto Click ဆိုင်ကယ် များမှာမူ ပခုက္ကူ၊ ပြင်ဦးလွင်၊ မုံရွာ၊ ရေဦးဘက်တို့မှ ဝယ်ယူမှုကြောင့် အရောင်းသွက်နေကြောင်း ၅၉ ဝိုင်း မှ ထပ်မံသိရသည်။

”ဒီရက်ပိုင်းဆိုရင် သုံးသိန်းခွဲဝန်းကျင် CZI ဆိုင် ကယ်လေးတွေနဲ့ ခြောက်သိန်းဝန်းကျင် Auto ဘီး လေးတွေလောက်ပဲ တစ်ရက် နှစ်စီး၊ သုံးစီးရောင်းရ တယ်၊ ကျပ် ခုနစ်သိန်းဝန်းကျင် တရုတ် Tricker လေး တွေလည်း အဝယ်တော့ရှိပေမဲ့ နည်းတယ်၊ ဒီရက်ပိုင်း ရောင်းရတယ်ဆိုတာလည်း နယ်တွေက ဝယ်နေကျ ဖောက်သည်တွေက ဖုန်းဆက်ပြီး လှမ်းမှာကြလို့ပါ၊ ဝိုင်းထဲကို ဆိုင်ကယ်ဝယ်ဖို့ဆိုပြီး သီးသန့်လာမေး လာ ဝယ်တဲ့သူကတော့ နည်းတယ်၊ နယ်ဝယ်လက်ပဲ များ တာပါ”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့် ဝယ်/ရောင်းတစ်ဦးဖြစ်သူ ကိုညီညီနိုင်က ပြောသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းဈေးကွက်တွင် အောက်တိုဘာလ နောက်ဆုံးပတ်၌ ထိုင်းနိုင်ငံထုတ် ၂၀၁၇ မိုဒယ် Click ကျပ် ၂,၂၅၀,ဝ၀ဝ၊ ၂၀၁၆ မိုဒယ် Click  ကျပ် ၂,ဝ၅၀,ဝ၀ဝ၊ Scoopy i စပုတ် ကျပ် ၁,၉၀ဝ,ဝ၀ဝ၊ ၂၀၁၅ မိုဒယ် Scoopy i ကျပ် ၁,၇၂၀,ဝ၀ဝ၊ ၂၀၁၄ မိုဒယ် Scoopy i ကျပ် ၁,၆၈၀,ဝ၀ဝ၊ အိန္ဒိယ FZ (၂၀၁၅) ကျပ် ၁,၆၅၀,ဝ၀ဝ၊ တရုတ်နိုင်ငံ ထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ် ငါးသိန်းမှ ရှစ်သိန်းကြား၊ Super Cub Jialing ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းကြား၊ CZI ကျပ် သုံးသိန်းမှ သုံးသိန်းခွဲကြား၊ MSX ကျပ် ခြောက်သိန်းခွဲဝန်းကျင် စသည့် ပေါက်ဈေးများ အသီးသီးရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here