မန္တလေးမြို့အခြေစိုက် ယာဉ်အသင်းများတွင် သကြင်္န်ကာလအတွင်း လက်မှတ်ခ ပိုမိုရောင်းချသည့် ယာဉ်အသင်း မရှိဟု ဆို

732

မန္တလေး၊ ဧပြီ

မန္တလေးအခြေစိုက် ယာဉ်အသင်းများအနေဖြင့် သကြင်္န်ကာလအတွင်း လက်မှတ်ခ ပိုမိုရောင်းချသည့် ယာဉ်အသင်းမရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကြ ဦးအောင်ကျော်လင်းက ပြောသည်။

”သကြင်္န်မတိုင်ခင်ရယ် သကြင်္န်ပြီး ၁၇၊ ၁၈၊ ၁၉ ရက်တွေမှာ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးပါတယ်၊ သကြင်္န်တွင်းမှာ လက်မှတ်ခ ပိုရောင်းတာတော့ မတွေ့ပါဘူး၊ လာတိုင်တာတွေလည်းမရှိပါဘူး၊ ကားကွင်းပြင်ပမှာ ရန်ကုန်ဘုရားဖူးကားက ခရီးသည်တစ်ဦးကို တစ်သောင်းနဲ့ တင်သွားတာတော့ စစ်ဆေးရမိတယ်”ဟု ၎င်းကပြောသည်။

ယင်းဘုရားဖူးယာဉ်မှာ မန္တလေးတိုင်းအခြေစိုက် ခရီးသည်တင်ယာဉ် မဟုတ်သည့်အပြင် ပြင်ပတွင် ခရီးသည်တင်ခွင့်မရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီး အဝေးပြေး ယကကမှ ဒဏ်ငွေကျပ်ငါးသောင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သကြင်္န်ကာလအတွင်း ယာဉ်လိုင်းများအနေဖြင့် လက်မှတ်ခပိုရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အစည်းအဝေးထိုင်ပြီး သက်ဆိုင်ရာသို့တင်ပြဆုံးဖြတ်သွားမည်ဖြစ်ကာ ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူနိုင်ကြောင်း သိရသည်။

”လက်မှတ်ခ ပိုမရောင်းဘူးဆိုပေမဲ့ နားလည်မှုလွဲတာလေးတွေတော့ ရှိပါတယ်၊ ဥပမာ-မန္တလေးကနေ ရန်ကုန်ပြန်မှာကို လက်မှတ်မရတဲ့အချိန်မှာ ပုသိမ်လက်မှတ်ဖြတ်လိုက်တော့ အဲဒါကို လက်မှတ်ခ ပိုရောင်းတယ်လို့ ပြောလို့မရပါဘူး၊ သူ့ရဲ့ခရီးစဉ်အတိုင်း ရောင်းထားတာ ဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်လို့ မရပါဘူး”ဟု ဥက္ကကြ ရှင်းပြသည်။

သကြင်္န်ကာလအတွင်း ဘုရားဖူးလက်မှတ်ဖြင့် ဘုရားဖူးကားများအနေဖြင့် သတ်မှတ်ဘောင်အတွင်းမှ ပြေးဆွဲမှုများရှိသည့်အတွက် အဝေး ပြေး ယကက အနေဖြင့်လည်း စစ်ဆေးအရေးယူနိုင်သည့်အနေအထား မရှိမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

သကြင်္န်ကာလအတွင်း မန္တလေးတိုင်းအခြေစိုက်ယာဉ်အသင်း ၄၂ သင်း ရပ်နားခဲ့ပြီး ခရီးသည်များ လက်မှတ်အခက်အခဲမဖြစ်စေရန် အဝေးပြေး ယကကအနေဖြင့် သက်ဆိုင်ရာ အဝေးပြေးကားကြီးကွင်းများတွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြေးဆွဲသည့် ယာဉ်အသင်းများအနေဖြင့်လည်း ခရီးသည်များသည့်အလိုက် ယာဉ်တိုးချဲ့ပြေးဆွဲမှုများ ပြုလုပ်ပေးခြင်း၊ ပို့/ဆက်၊ ယကက၊ စည်ပင်နှင့် စည်းကမ်းထိန်းသိမ်းရေးစသည့် သက်ဆိုင်ရာအဖွဲ့များအနေဖြင့်လည်း အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် ကားလက်မှတ်များကို စျေးနှုန်းမှန်ကန်စွာဖြင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here