မန္တလေးမြို့ရောက် Brand New ဆိုင်ကယ် R CUB 110 CC

1874

ADIXIN ရဲ့ ပထမဆုံး ဒီဇိုင်းသစ်အဖြစ် Click ခေါင်းသေးဒီဇိုင်းနဲ့ရုပ်ဆိုးနောက်ပိုင်းဒီဇိုင်းတွေနဲ့ပေါင်းစပ်ပြီး 110 CC အင်ဂျင်နဲ့ထွက်ရှိလာတဲ့ တရုတ်နိုင်ငံထုတ် R Cub ဆိုင်ကယ် ဖြစ်ပါတယ်။

ဆိုင်ကယ်ကာဗာသားနဲ့ ဖရိန်ပိုင်း ကျစ်လစ်ပြီး ဆိုင်ကယ်တစ်စီးလုံးကို ကျစ်ကျစ်လစ်လစ်နဲ့ ထုတ်လုပ်ပေးထားတာကြောင့် ဆိုင်ကယ်အသုံးပြုသူ မိန်းကလေးပိုင်းအများစုအကြိုက်တွေ့ကြတဲ့ ဆိုင်ကယ်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ ရိုးရိုးဒိုင်ခွက်ဖြစ်ပေမယ့် ဆိုင်ကယ်တစ်စီးလုံးကို LED မီးသီးတွေအသုံးပြုထားပြီး ဖုန်းအားသွင်းနိုင်တဲ့ Charging ပေါက် ကို ဆိုင်ကယ် Tool Box ထဲ ထည့်ပေးထားပါတယ်။

110 CC ဖြစ်ပေမယ့် အင်ဂျင်ပိုင်း အထူးကောင်းမွန်အောင်တည်ဆောက်ထားပြီး ဆီစားနှုန်းသက်သာစေနိုင်ပါတယ်။ ဆီတစ်ဂါလံဝန်းကျင်ဆံ့ ဆီတိုင်ကီပါရှိပြီး ကာပရိုက်တာType ဖြစ်လို့ ဆီအမျိုးအစားမရွေး အသုံးပြုနိုင်ပါတယ်။ဒီ R Cub ဆိုင်ကယ်ကို မိန်းကလေးအများစု ပိုပြီးအကြိုက်တွေ့ကြလေ့ရှိပြီး ဒီဇိုင်းပိုင်းကျစ်လစ်လှပတဲ့အပြင် ပေါ့ပါးသေးသွယ်ပြီး အင်ဂျင်ပါဝါသေးတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ထိန်းသိမ်းရလွယ်ကူအောင် တည်ဆောက်ထားတဲ့အပြင် ဆိုင်ကယ်အမြင့်ကိုလျှော့ချပေးထားတာကလဲ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီဆိုင်ကယ်ဒီဇိုင်းက မန္တလေးမြို့ကို ပထမဆုံးတင်သွင်းဖြန့်ဖြူးတဲ့ ADIXIN ရဲ့ ဒီဇိုင်းသစ်ဖြစ်ပြီး မန္တလေးမြို့ပေါ်အတွက် ရည်ရွယ်ပြီးရောင်းချတဲ့ဆိုင်ကယ်ဖြစ်တယ်လို့ ODYSSEY ဆိုင်ကယ်အရောင်းပြခန်းက ဆိုထားပါတယ်။

ဒလက်ဂွေအမျိုးအစားဖြစ်ပြီး ရှေ့ Disc ၊ နောက် Drum ဘရိတ်ကို အသုံးပြုထားတာကြောင့် စလစ်ဖြစ်မှုအတွက်တော့ စိတ်ချရမှာပါ။ ဆိုင်ကယ်စက်သံညက်ညောအောင်၊အိတ်ဇောပိုင်းကိုလဲ အထူးကောင်းမွန် အောင် ဖန်တီးထားတာကြောင့် ဆိုင်ကယ်စက်သံဆူညံမှု မကြိုက်သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။ အရောင်တွေအနေနဲ့နက်နီ၊ခဲနက်၊ ဖြူနက်၊အနက်၊နဲ့ စစ်စိမ်းရောင်တွေထွက်ရှိပြီး ဆိုင်ကယ်စီးသူတွေ အများစုအကြိုက်ဖြစ်တဲ့ အနက်ရောင်ကို အခြေခံထားတယ်လို့ သိရပါတယ်။

၂ဝ၁၈ မိုဒယ်သစ်ဖြစ်တဲ့ ADIXIN R Cub ဆိုင်ကယ်ရဲ့ စျေးနှုန်းကတော့ ကျပ် ၆ သိန်း ၈ သောင်း ၅ ထောင်ဖြစ်ပြီး အင်ဂျင် အာမခံ ၆ လပါရှိပါတယ်။

 

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here