မန္တလေးမြို့ရောက် Brand New ဆိုင်ကယ်များ Harley-Davidson Fat Boy

776

မန္တလေးမြို့မှာဖွင့်လှစ်ထားတဲ့ အမေရိကန်နိုင်ငံထုတ် Harley-Davidson ဆိုင်ကယ် Showroom မှာ Terminator 2 ဇာတ်ကားထဲမှာ မင်းသားကြီးအာနိုးစီးပြခဲ့တဲ့အတွက် မြန်မာနိုင်ငံက ဆိုင်ကယ်ချစ်သူတွေ အရူးအမူးဖြစ်ခဲ့တဲ့ Harley-Davidson Fat Boy ဆိုင်ကယ်ရဲ့ ၂ဝ၁၈ မိုဒယ်အကြောင်းကို ဖော်ပြပေးမှာပါ။

Harley-Davidson Fat Boy ဆိုင်ကယ်ဟာ မြန်မာပြည်မှာ ခေတ်အဆက်ဆက် အကြိုက်ဆုံးမိုဒယ်တစ်စီးဖြစ်ပြီး လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါး စီးနိုင်တဲ့အပြင် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေ စီးနိုင်တဲ့ဒီဇိုင်း ကြောင့်လည်း လူကြိုက်များရတာဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၁၈ မိုဒယ်ထုတ်ဖြစ်တဲ့ Harley-Davidson Fat Boy ကတော့ ပြောင်းလဲမှုတွေခပ်များများပါဝင်ပြီး နောက်ဆုံးမိုဒယ်အင်ဂျင်ဖြစ်တဲ့ (Milwaukee Eight) အင်ဂျင်ကို အသုံးပြုထားပါတယ်။ ဒီအင်ဂျင်ထဲမှာမှ Fat Boy ဆိုင်ကယ်မှာ 107 Cubic Inches နဲ့ 114 Cubic Inches ဆိုပြီး အင်ဂျင် နှစ်မျိုးထွက်ရှိလာပါတယ်။

107 Cubic Incehs မှာ အင်ဂျင်ပါဝါ 1746 CC ရှိပြီး 114 Cubic Inches ကိုတော့ 1868 CC အဖြစ် ထုတ်လုပ်ထားပါတယ်။ (အမေရိကမှာ အင်ဂျင်ပါဝါကို Cubic Inches နဲ့တွက်ပြီး မြန်မာနိုင်ငံမှာတော့ Cubic စင်တီမီတာနဲ့တွက်တာကြောင့် Cubic Inches ကို 16.32 နဲ့ မြှောက်ရပါတယ်)Fat Boy 107 ( FLFB ) ၂ဝ၁၈ ထုတ်အင်ဂျင်ဟာ အရင်အင်ဂျင်တွေထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး အရုန်း၊ အထပိုမိုမြင့်မားမှုနဲ့ အင်ဂျင်တုန်ခါမှုလျော့နည်းစေမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇိုင်းတွေမှာတော့ ရှော့ဘားတွေက ဖရိန်ရဲ့အောက်မှာ ပါရှိပြီး ဒီ၂ဝ၁၈ မိုဒယ်ကတော့ စီးနင်းရာမှာ ပိုမိုငြိမ့်ညောင်းမှုရှိစေတဲ့ဒီဇိုင်းဖြစ်ဖို့ ဖင်ထိုင်ခုံအောက်မှာ SOFTAILရဲ့ Mono ရှော့ဘားအဖြစ် တစ်ခုတည်းအကြီးအနေနဲ့ပါရှိလာပါတယ်။၂ဝ၁၈မိုဒယ်ရဲ့ အထူးခြားဆုံး က ရှေ့မီးသီးရဲ့ အလင်းပြေးနှုန်းက အရင်မီးသီးတွေထက် ပေတစ်ရာ ပိုရောက်ပြီး တစ်ဖက်လူရဲ့ မျက်စိစူးရှမှုကိုလဲလျော့ချပေးနိုင်တဲ့အပြင် Day Maker Signature ဆိုတဲ့နာမည်နဲ့လိုက်အောင် ညမှာ နေ့လို ကြည်လင်အောင်မြင်နိုင်ပါတယ်။

အရင်မိုဒယ်တွေထက် အလေးချိန် ပေါင်သုံးဆယ်လျော့နည်းသွားပြီး ရပ်ထားစဉ်မှာ အလေးချိန် ၅၃၃ ကီလိုဂရမ် (၁,၁၇၅ပေါင်) ရှိပြီး မောင်းနှင်နေစဉ် ၃၁၇ ကီလိုဂရမ်( ၆၉၈ ပေါင်) အလေးချိန်ရှိလို့ စီးတဲ့အခါ ထိန်းသိမ်းမှု ပိုလွယ်ကူသွားစေနိုင်တယ်လို့ သိရပါတယ်။

Fat Boy မိုဒယ်ကိုတော့ အခြားမိုဒယ်တွေနဲ့မတူတဲ့ ဂျပ်ပိတ်(Solid Wheel)ဂွေအနေနဲ့လာပြီး အိတ်ဇောနှစ်လုံး၊ Tubeless တာယာ၊ EFI စနစ်နဲ့ထုတ်လုပ်ထားပါတယ်။ ထူးခြားမှုအနေနဲ့ ခါးလျော့ဘားကို အလျော့အတင်းလုပ်ပေးတဲ့ (Pre Load)ဘားပါရှိပါတယ်။ ပြီးတော့ ချိန်းမပါတဲ့ Belta Type ပုံစံနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ထိုင်ခုံကနေ မြေပြင် အထိ Seat Hight (675 mm)အမြင့်ရှိပါတယ်။ ဂီယာ ၆ ချက်ပါရှိပြီး ရမ်းခါမှု၊ တုန်ခါမှုလျော့နည်းစေတဲ့ ABS ဘရိတ်စနစ်၊ တာယာဆိုဒ်တွေက ရှေ့၊နောက် ၁၈ လက္မတာယာကြီးတွေတပ်ဆင်ထားပါတယ်။စက်သုံးဆီ ၄ လီတာဆံ့ ဆီတိုင်ကီပါရှိပြီး ဆီတစ်ဂါလံကို ၄၂ မိုင်အထိ အသုံးပြုနိုင်ပါတယ်။ ဆီအသုံးပြုမှုအနေနဲ့ကတော့ Octane 95 Ron ဆီက ဆွဲရုန်းကိုပိုကောင်းစေပါလိမ့်မယ်။ အရောင်တွေအနေနဲ့ Vivid Black , Olive Gold , Red Iron Denim , Wicked Red/Twisted Cherry , Industrial Gray Denim/Black Denim ဆိုပြီး ငါးရောင်ထွက်ရှိပါတယ်။

၂ဝ၁၈မိုဒယ် Harley-Davidson Fat Boy ရဲ့ စျေးနှုန်းတွေကတော့ Fat Boy 107 (FLFB) Vivid Black ကို ကျပ် ၃၆၂ သိန်း၊ အခြားကာလာ နဲ့က ကျပ်၃၆၅ သိန်း၊နှစ်ရောင်စပ် Two-Tone ကျပ်သိန်း ၃၇ဝ၊ Fat Boy 114 ( FLFLBS ) Vivid Black ကျပ် ၃၈၅ သိန်း၊ အခြားကာလာဆိုပါက ကျပ်၃၈၈သိန်း၊နှစ်ရောင်စပ် Two-Tone ဖြစ်ပါက ကျပ်၃၉၂ သိန်းဖြစ်ပြီး ၁၁၅ နှစ်မြောက် Anniversary အရောင်မှာ ကျပ်သိန်း ၄၄ဝ ဖြစ်ပြီး လိုင်စင်အပြီးအစီးစျေးဖြစ်ကာ အာမခံနှစ်နှစ်ပါရှိတယ်လို့ သိရပါတယ်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here