မန္တလေးမြို့ရောက် Brand New ဆိုင်ကယ်များ (YAMAHA QBIX)

2719

Auto ဂီယာမှာ ဒီဇိုင်းဆန်းဆန်းနဲ့ Modified ပြုလုပ်ပြီး စီးနိုင်တာကြောင့် ထိုင်းနိုင်ငံ YAMAHA စက်ရုံထုတ် QBIX Auto ဂီယာဆိုင်ကယ်ဟာ မန္တလေးမြို့မှာ ရေပန်းစားလာပါတယ်။

 

အရင် YAMAHA ဆိုင်ကယ်တွေမှာ ID စနစ် မပါပေမဲ့ အခု ၂ဝ၁၇ ထုတ် QBIX ဆိုင်ကယ်တွေမှာ ID စနစ် ပါလာပါတယ်။ ၂ဝ၁၇ မိုဒယ် QBIX ဒီဇိုင်းတွေက အရင် YAMAHA ကထုတ်တဲ့ VOX ဆိုင်ကယ်ဒီဇိုင်းကို ဆင့်ကဲ Modified ပြုလုပ်ပြီး ပြောင်းလဲထုတ်လုပ်လာတာပါ။ Auto ဂီယာထဲမှာ PCX လို ဘီးကြီးဆိုင်ကယ်တွေမှာသာ Smart Key ပါရှိပေမဲ့ အခု Auto ဂီယာဘီးသေးမှာ Smart Key ပါရှိလာတာလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ဒီဇိုင်းအရ လူငယ်အကြိုက်များလာပြီး နောက်ပိုင်း Auto ဆိုင်ကယ်စျေးကွက်ထဲမှာ ရေပန်းစားလာနိုင်တယ်လို့ အဆိုပါဆိုင်ကယ်တွေကို တင်သွင်းရောင်းချတဲ့ Auto Brother ဆိုင်ကယ်အရောင်းပြခန်းက ဆိုပါတယ်။

 

အင်ဂျင်ပါဝါ 125 CC ရှိပြီး ဒိုင်ခွက်ဟာ iPhone တစ်လုံး တင်ထားသလို ထူးခြားလှပသလို 4-stroke အင်ဂျင်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒလက်ခွေအမျိုးအစား၊ Tubless တာယာ၊ ထူးခြားမှုအနေနဲ့ Tool Box အတွင်းမှာ LED မီးသီးလေးပါရှိမှု၊ USB Charging ပါရှိမှုတို့ ဖြစ်ပါတယ်။ YAMAHA စက်ရုံရဲ့ သီးသန့်ထုတ်လုပ်တဲ့ အရည်အသွေးမြင့် Blue Ray အင်ဂျင်ဖြစ်လို့ အင်ဂျင်အရည်အသွေး စိတ်ချရပြီး ဆီစားသက်သာစေတဲ့ EFI စနစ်၊ Eco-mode တွေပါရှိလို့ Auto ဂီယာထဲမှာအရည်အသွေးမြင့် ဆိုင်ကယ်လို့ ဆိုနိုင်မှာပါ။

 

ဒီဆိုင်ကယ်တွေဟာ မန္တလေးဆိုင်ကယ်စျေးကွက်ထဲကိုရောက်တာတစ်လမပြည့်သေးပေမဲ့ ဒီဇိုင်းနဲ့ အရည်အသွေးကို လူကြိုက်များတာကြောင့် လက်ရှိမှာ ရောင်းအားအနေနဲ့ကတော့ ရောက်ကုန်ပဲလို့ Auto Brother ဆိုင်ကယ်အရောင်းပြခန်းက ဆိုထားပါတယ်။ ဒါပေမဲ့ ရေရှည် စီးတဲ့အခါ Suspension အနည်းငယ် အားနည်းတာကြောင့် မြန်မာနိုင်ငံ လမ်းတွေနဲ့ ဟိုင်းဝေးခရီးသုံးတဲ့အခါ ရှော့ဘား အနည်းငယ်ခုန်တယ်လို့ ဆိုင်ကယ်အသုံးပြုသူတွေက ပြောပါတယ်။

 

ဆိုင်ကယ် ရှေ့နောက် ဘယ်လိုကြည့်ကြည့် ပုံဆန်း၊ ဒီဇိုင်းဆန်းတာကြောင့် လက်ရှိမှာ လူငယ်တွေ ကြိုက်နှစ်သက်ပြီး Auto ဆိုင်ကယ်စျေးကွက်မှာ တစ်ခေတ် ဆန်းလာနိုင်တယ်လို့ ဆိုင်ကယ်ရောင်းချသူတွေက ဆိုပါတယ်။ QBIX ဆိုင်ကယ်တွေမှာ Smart Key နဲ့ ရိုးရိုးဘီးနှစ်မျိုး ထွက်ပြီး Smart Key မှာ နီနက်နဲ့ ဖြူခဲ၊ ရိုးရိုး QBIX ဆိုင်ကယ်မှာတော့ နက်နီ၊ နက်ပြာ၊ ဖြူနက်၊ All Black အပြင် အရောင်ကြားလည်း ထွက်ရှိ ပြီး ရိုးရှင်းတဲ့ကာလာအဖြစ်နဲ့ ဒီဇိုင်းဆန်းအောင်ထုတ်လုပ်ထားတယ်လို့  သိရပါတယ်။ စျေးနှုန်းကတော့ Smart Key က ကျပ် ၂၈ သိန်းငါးသောင်း ဝန်းကျင်၊ ရိုးရိုး QBIX က ကျပ် ၂၅ သိန်းငါးသောင်း ဝန်းကျင်ရှိပြီး အင်ဂျင်အာမခံ တစ်နှစ် ပါရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here