တရုတ်နိုင်ငံ ADIXIN ကုမ္ပဏီကနေ ၂ဝ၁၇ ဒီဇိုင်းသစ်အဖြစ် လူငယ်ကြိုက် Racing Type ပုံစံနဲ့ ADIXIN N1 ဆိုင်ကယ်အမျိုးအစားသစ်ဟာ မန္တလေးမြို့ ဆိုင်ကယ်စျေးကွက်ထဲကို ယခုလဆန်းပိုင်းမှာ စတင်ရောက်ရှိ လာပါတယ်။
အင်ဂျင်ပါဝါ 150 CC နဲ့ အရည်အသွေးမြင့်ပစ္စည်းတွေကို သုံးထားပြီး ဒီဇိုင်းကြောင့် လူငယ်ပိုင်းက ပိုမိုစိတ်ဝင်စားခြင်း ခံရနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ကာပရိုက်တာ Type အင်ဂျင်အမျိုးအစားဖြစ်ပြီး Quality မြင့် ဖောက်တွေကို အသုံးပြုထားတဲ့အတွက် မြို့ပေါ်တင်မကဘဲ ဟိုင်းဝေးနဲ့ လမ်းကြမ်းတွေမှာပါ စီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ဒစ်ဂျစ်တယ်ဒိုင်ခွက်၊ ရိုးရိုးမီးသီးနဲ့ LED မီးတန်းတွေ ထည့်သွင်း ထားသလို ႊTubeless တာယာတွေ အသုံးပြုထားပြီး ရှေ့နောက် ဒစ်ဘရိတ် အသုံးပြုထားတာကြောင့် ဆိုင်ကယ်စလစ်ဖြစ်ခြင်းကနေ ကင်းဝေးစေနိုင် တယ်လို့ ဆိုပါတယ်။
ADIXIN N1 ဆိုင်ကယ်မှာ ကာဗာသား၊ ဆေးသား အထူးကောင်းမွန်ပြီး ဂဟေသားနေရာတွေကိုလည်း သံကြေးမတက်တဲ့ ဆေးအသုံးပြုထားတာကြောင့် သပ်ရပ်မှုပိုင်းမှာ စိတ်ချရတယ်လို့ သိရပါတယ်။ အရည်အသွေး ကောင်းမွန်တဲ့အပြင် ဒီဇိုင်းအရလည်း လက်ရှိဘီးကြီးပိုင်းမှာ လူကြိုက်များတဲ့ Kawasaki Ninja ဆိုင်ကယ်နဲ့ ဒီဇိုင်းဆင်တူပြီး စျေးနှုန်းက သင့်တင့်တယ်လို့ သိရပါတယ်။
လေးဂါလန်ဝန်းကျင်ဆံ့ ဆီတိုင်ကီပါရှိတဲ့ ADIXIN N1 ဆိုင်ကယ်ဟာ အင်ဂျင်ပါဝါကြီးပြီး Racing Type အမျိုးအစား ကလပ်ကစားတဲ့ ဆိုင်ကယ်အမျိုးအစားဖြစ်တာကြောင့် ဆီစားနှုန်းက တစ်ဂါလန်ကို ကီလိုမီတာ ငါးဆယ်ဝန်းကျင် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
ADIXIN မှ N1 အမျိုးအစား ဆိုင်ကယ်ဘီးကြီးကို အခုမှစတင်ထုတ်လုပ်တာဖြစ်ပြီး လက်ရှိ ဆိုင်ကယ်လောကမှာ လူငယ်ကြိုက်ဒီဇိုင်းနဲ့အရည်အသွေးပိုင်း အထူးကောင်းမွန်အောင် ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ လည်း အဆိုပါဆိုင်ကယ်ကို မန္တလေးမြို့ ဆိုင်ကယ်စျေးကွက်မှာ တင်သွင်း ဖြန့်ဖြူးပေးနေတဲ့ ODYSSEY ဆိုင်ကယ်အရောင်းပြခန်းက ဆိုထားပါ တယ်။
အရောင်တွေအနေနဲ့ လက်ရှိမှာ လူကြိုက်များတဲ့ အပြာ၊ အနက်နဲ့ အနီရောင်ဆိုပြီး အရောင် သုံးရောင် ထွက်ရှိပါတယ်။ ၂ဝ၁၇ မိုဒယ် ADIXIN N1 ဆိုင်ကယ်ရဲ့ စျေးနှုန်းကတော့ ကျပ် ၁၇ သိန်းဝန်းကျင်ရှိပြီး အင်ဂျင်အာမခံ ခြောက်လ ပါရှိပါတယ်။