မန္တလေးမြို့မှ Brand New ဆိုင်ကယ်များ (KTM RC 200)

1343

RC Cup Edition အဖြစ် ပြိုင်ပွဲဝင်ဘီးတစ်စီးကို မောင်းနှင်ရတဲ့ ခံစားချက်မျိုး ရရှိစေမယ့် သြစတြီးယား Brand KTM ရဲ့ KTM RC 200 Original Racing စတစ်ကာဒီဇိုင်းနဲ့ ၂ဝ၁၇ မိုဒယ် KTM RC 200  ဟာ သြဂုတ်လ နောက်ဆုံးပတ်ထဲမှာ မန္တလေးစျေးကွက်ထဲ စတင်ဝင်ရောက်လာပါတယ်။

 

ဒီဇိုင်းဟာ KTM RC 200 ၂ဝ၁၇ မိုဒယ် ဆိုင်ကယ်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Limited Edition ဒီဇိုင်း ဖြစ်ပါတယ်။ အင်ဂျင်ပဝါ 199.5 CC  ရှိပြီး မြင်းကောင်ရေ ၂၅ ကောင်အားနဲ့ ပြိုင်ပွဲဝင် Racing ဘီးကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။

 

ခေါင်းပိုင်းက ရှေ့မီးနှစ်လုံးဟာ သိန်းငှက်မျက်လုံးပုံစံဖြစ်ပြီး ဆိုင် ကယ် အစိတ်အပိုင်းအားလုံးကို လေခွင်းအားကောင်းစေတဲ့ အစိတ်အပိုင်း တွေအဖြစ် ဒီဇိုင်းပြုလုပ်ထားပါတယ်။ လက်ကိုင်ကို ဆိုင်ကယ်အစိတ်အပိုင်း တစ်ခုစီနဲ့ WP Suspension ပုံစံ ချိတ်ဆက်ထားပြီး အကျစ်လျစ်ဆုံး ဖြစ်အောင် တည်ဆောက်ထားပါတယ်။ WP Suspension တွေက Research လုပ်ထားလို့ ဒီ၂ဝ၁၇ မိုဒယ်မှာ Suspension စနစ်တွေ ပိုမိုကောင်းမွန်သွားတယ်လို့ ဆိုထားပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း အခု RC 200 ဆိုင်ကယ်က Racing ဘီးနဲ့ တစ်ထေရာတည်း တူသွားတာ တွေ့ရပါတယ်။ ထူးခြားချက်ကတော့ ဂျာမန်နည်းပညာ Nikasal Coating နဲ့ ပြုလုပ်ထားတာကြောင့် နီကယ်၊ ဆီလီကွန်နဲ့ တခြားအဆင့်မြင့် ကွန်ပေါင်းအလွှာတွေကို အလွှာပါးအနေနဲ့ စလစ်အိုးအတွင်းရဲ့ အတွင်းဘက် နံရံတွေကို Coat လုပ်ပေးထားတာကြောင့် ပွန်းစားမှုဒဏ်ကို နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိစေတယ်လို့ သိရပါတယ်။ ဒီလို Coating လုပ်ပေးထားတာကြောင့် တစ်နေ့လုံး၊ တစ်ညလုံး ခရီးနှင်နိုင်တဲ့ အင်ဂျင်အရည်အသွေး ရှိတယ်လို့ သိရပါတယ်။

 

ဘားလေးခု စနစ် ဆလင်ဒါက DOHC နည်းပညာသုံးထားလို့ စည်းချက်ညီပြီး ရေရှည် ကြမ်းကြမ်းတမ်းတမ်းမောင်းလို့ ကောင်းတယ်လို့ သိရပါတယ်။ ဒါ့ပြင် ပိုအကြမ်းခံနိုင်တဲ့ Cam Follower မောင်းတံတွေကို စိန်လိုကြံ့ခိုင်တဲ့ DLC Coating Diamond Light Carbon အလွှာနဲ့ ပြုလုပ်ထားပါတယ်။ အပူစွန့်ထုတ်မှု အားကောင်းတဲ့ ရေတိုင်ကီစနစ်၊ ဆီပေးတဲ့စနစ်ကတော့ Bosch ၊ ဂျာမနီရဲ့မြန်နှုန်းမြင့် Speed အကောင်းဆုံးရနိုင်တဲ့ EFI စနစ်တွေ သုံးထားပါတယ်။ တကယ်လို့ ဆိုင်ကယ်စီးတဲ့အခါ အင်ဂျင်အပူချိန် ၉၇ ဒီဂရီထက်ပိုပူလာရင် အပူကို လျင်လျင်မြန်မြန် မှုတ်ထုတ်နိုင်အောင် ပန်ကာလေမှုတ်အားနဲ့ အပူစည်းကူးမှု အားတွေကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။ ဂီယာကို လျင်လျင်မြန်မြန် ချိန်းနိုင်၊ အရှိန်မြင့်တင်နိုင်တဲ့ Close Ratio ပုံစံ တည်ဆောက်ထားပြီး အင်ဂျင်ဝိုင်ကိုလည်း အပူဒဏ်ခံ၊ စက်သွား ပွန်းစားမှုဒဏ်ခံနိုင်တဲ့ အရည်အသွေးမြင့် Motorex အင်ဂျင်ဝိုင် ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ဂီယာနံပါတ်၊ ခရီးစဉ်တစ်လျှောက် စီးခဲ့တဲ့ အရှိန်နှုန်း၊ လက်ရှိအရှိန်နှုန်း၊ အင်ဂျင်အပူချိန်၊ သွားခဲ့တဲ့ ခရီးအကွာအဝေး အတိုင်းအတာအပြင် လက်ကျန်ဆီနဲ့ သွားနိုင်မယ့် ခရီးအကွာအဝေးကိုပြတဲ့ ဒစ်ဂျစ်တယ်ဒိုင်ခွက် ပါရှိပါတယ်။ လက်ရှိ Racing ဘီးတွေမှာ အသုံးပြုထားတဲ့ ကြံ့ခိုင်ပေါ့ပါးမှုရှိပြီး အလေးချိန်ဖြန့်ကြက်မှုအားကောင်းတဲ့ Weight Distribution အီတလီ နည်းပညာသုံး Steel Trellis  ဖရိမ်ကိုယ်ထည်၊ ပြိုင်ကားတွေကလို အိပ်ဇောပျောက်ဒီဇိုင်း၊ ၁၁ လီတာဆံ့ ဆီတိုင်ကီ၊ ဘရိတ်လောကရဲ့ ဘုရင်လို့ပြောနိုင်တဲ့ Brembo ဘရိတ်နည်းပညာကို အခြေခံတဲ့ Bybre Brake ၊ ပြိုင်ပွဲထဲက Racing ဘီးပုံစံအတိုင်း ရော်ဘာကို ပုံစံကွက်တိ လောင်းထားတဲ့ ထိုင်ခုံဒီဇိုင်း စတာတွေပါဝင်ပါတယ်။ ဒီဆိုင်ကယ်ကို Special Edition အဖြစ် အရောင်တစ်မျိုးတည်းနဲ့ အရေအတွက်ကန့်သတ် ထုတ်လုပ်ထားပါတယ်။ စျေးနှုန်းက ကျပ် ၅,၁၆၇,ဝဝဝ ဝန်းကျင်နဲ့ အင်ဂျင် အာမခံ ၂ နှစ်ပါရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here