မန္တလေးမြို့မှ Brand New ဆိုင်ကယ်များ

2479

မန္တလေးမြို့မှာ အရင်က စျေးနှုန်းသက်သာတဲ့ တံဆိပ်သစ်တရုတ်ဆိုင်ကယ်တွေကိုသာ ဝယ်ယူစီးနင်းမှုများခဲ့ပေမဲ့ အခု ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းကစပြီး စျေးနှုန်းထက် အရည်အသွေးကောင်းတဲ့ တရုတ်ဆိုင်ကယ်တွေ ဝယ်ယူစီးနင်းလာကြတာကို နေရာအနှံ့ တွေ့လာရပါတယ်။ အဲဒီ အရည် အသွေးမြင့် နာမည်ရ Brand တွေထဲမှာမှ မန္တလေးမြို့မှာ ရေပန်းစား ဖြစ်လာတာကတော့ တရုတ်နိုင်ငံမှာ နံပါတ်တစ်ရောင်းအားအကောင်းဆုံး Brand ဖြစ်တဲ့ Haojue ကုမ္ပဏီထုတ် Lucky UH 115 ဆိုင်ကယ်အမျိုးအစားပဲဖြစ်ပါတယ်။

 

ဒီနှစ်ထဲမှာပဲ Haojue ကုမ္ပဏီကနေတင်သွင်းထားတဲ့ Lucky UH 115 ဆိုင်ကယ်အမျိုးအစားဟာ အင်ဂျင်ပါဝါကို 115 CC ပါဝါအပြည့်နဲ့ ထုတ်လုပ်ထားသလို ဒိုင်ခွက်မှာလည်း ဂီယာ Position ပြောင်းတာကို Digital ဒိုင်ခွက်နဲ့ တပ်ဆင်ပေးထားပါတယ်။ သော့အုံကအစ လုံခြုံရေး မြင့်တဲ့ အနေနဲ့ နှစ်ထပ်သော့နဲ့ ထုတ်လုပ်ပေးထားတာကြောင့် ဆိုင်ကယ်ခိုးခံရတဲ့ ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာဖြစ်သလို ရှေ့မီးကြီးကိုလည်း ခေတ်ကာလနဲ့အညီ ဒီဇိုင်းလှပအောင် ထုတ်လုပ်ပေးထားလို့ တခြားဆိုင်ကယ်တွေထက် လင်းအားကောင်းအောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

အရင် Haojue ဆိုင်ကယ်တွေမှာ ချိန်းဖုံးအပြည့်နဲ့ ထုတ်လုပ်ခဲ့ပေမဲ့ အခု Lucky UH 115 ကတော့ တရုတ်နိုင်ငံမှာ လတ်တလော ခေတ်စားနေတဲ့အတိုင်း ချိန်းဖုံးတစ်ဝက်သာ တပ်ဆင်ပေးထားသလို ချိန်း စပေါ့ကတ်မှာလည်း Super Cub ဆိုင်ကယ်တွေမှာသုံးတဲ့ ၄၂၈ ဆိုက်ကို သုံးထားတဲ့အတွက် လီဗာတင်ရင် တင်သလို အင်ဂျင်အထ ရုန်းအား/ ဆွဲအား ကောင်းစေမှာပါ။ ၄ ဒသမ ၁ လီတာဆံ့ ဆီတိုင်ကီကိုလည်း Turbo တပ်ဆင်ပေးထားတဲ့အတွက် Highway သွားတဲ့အချိန်တွေမှာ အင်ဂျင် အပူသက်သာစေမှာဖြစ်ပြီး လီဗာ ရုတ်တရက်ဆွဲလိုက်တဲ့အချိန်တွေမှာ မီးသံခေါက်တာမျိုးမရှိဘူးလို့ သိရပါတယ်။ ထူးခြားချက်က အဲဒီ Lucky UH 115အမျိုးအစားဟာတရုတ်နိုင်ငံမှာလည်းစီးနင်းနေတာမို့တရုတ်နိုင်ငံရဲ့ဥပဒေအတိုင်းအိပ်ဇောအတွင်းထဲမှာ Air Pressure(လေစက်) ထည့်သွင်းပေးထားတာကြောင့် လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု နည်းပါးပြီး လေထုညစ်ညမ်းမှု သက်သာစေမှာလည်း ဖြစ်ပါတယ်။

 

ရှေ့/နောက်တာယာတွေမှာဆိုလည်း ပုံမှန်ဆိုက်ထက်အနည်းငယ်ကြီးအောင် တပ်ဆင်ပေးထားတာကြောင့် လမ်းကြမ်း၊ လမ်းချောတွေမှာပါ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်မှာဖြစ်သလို ရှေ့ခြေတင်ခုံမှာဆိုလည်း ရော်ဘာအပျော့သုံးထားပြီး နောက်ခြေတင်ခုံမှာဆိုလည်း ဆိုင်ကယ်မောင်း သူရဲ့နောက်က လိုက်ပါစီးနင်းသူတွေ အိပ်ဇောပူဒဏ်ကင်းဝေးဖို့ ခြေတင်ပြားနှစ်ခု တပ်ဆင်ပေးထားပါတယ်။  Haojue ရဲ့ အရင်ဆိုင်ကယ်တွေနဲ့ မတူတဲ့ နောက်ထူးခြားချက်က ဆိုင်ကယ် Alarm တပ်ချင်တဲ့သူတွေ၊ GPS တပ်ချင်တဲ့သူတွေ၊ အလှမီး ဆင်ချင်သူတွေအတွက် အဆင်ပြေအောင် ဝါယာကြိုးဆော့ကက်ကို ဆိုင်ကယ်ဖင်ထိုင်ခုံအောက်က Tool Box ငယ်အတွင်းမှာ တစ်ခါတည်း အပြင်ထုတ်ပေးထားတာကြောင့် Modified လုပ်ချင်သူတွေအတွက် ဝါယာရင်းဆိုင်ကို သီးသန့်သွားနေစရာမလိုတော့ဘဲ ဝပ်ရှော့ဆိုင်မှာတင် ပြင်ဆင်မှုလုပ်နိုင်တယ်လို့ သိရပါတယ်။

 

အနီရောင်၊ အဖြူရောင်၊ ခဲရောင်၊ အနက်ရောင် စတဲ့ အရောင်လေး မျိုးနဲ့ အင်ဂျင် Warranty နှစ်အာမခံပေးထားပြီး မန္တလေးမြို့မှာ ကျပ် ၁ဝ သိန်း ငါးသောင်းနဲ့ ရောင်းချပေးနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here