မန္တလေးမြို့မှ Brand New ဆိုင်ကယ်များ

1864

ကမ္ဘာ့ဆိုင်ကယ်ထုတ်လုပ်မှုအများဆုံး အဆင့်သုံးလို့ သတ်မှတ်ခံထားရတဲ့ အိန္ဒိယ Bajaj ဆိုင်ကယ်ကုမ္ပဏီက မန္တလေးဈေးကွက်ထဲကို Dominar 400  ဆိုတဲ့ အမျိုးအစားသစ်တစ်မျိုး တင်သွင်းလာတာကြောင့် အခုတစ်ပတ်မှာတော့ ဆိုင်ကယ်ချစ်သူတွေအတွက် Brand New အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ Bajaj ဆိုင်ကယ်ကုမ္ပဏီက အင်ဂျင်ပါဝါ ၄၀ဝ ဖြစ်တဲ့ Bajaj Dominar 400 ဆိုင်ကယ်အမျိုးအစားကို ဒီနှစ်ထဲမှာ စတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ တတိယပတ်ထဲမှာတော့ မန္တ လေးဈေးကွက်ထဲကို Bajaj ရဲ့ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် ဖြစ်တဲ့ Easy Rider Motorbike ကုမ္ပဏီက တင်သွင်းလာတာဖြစ်ပါတယ်။  Bajaj Dominar 400 မှာ အထူးခြားဆုံးက အင်ဂျင်ပါဝါ 400 CC ဖြစ်တဲ့ အပြင် သူ့ရဲ့ Speed က ၁၅၅ ကီလိုမီတာအထိ မောင်းနှင်နိုင်တာကြောင့် လမ်းကြမ်း၊လမ်းချော High way  သွားတဲ့သူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ပလပ်သုံးလုံး၊ဘားလေးချောင်းနဲ့ DTSI အင်ဂျင်ကို အသုံး ပြုထားသလို EFI Type နဲ့ ထုတ်လုပ်ထားလို့ ဆီကို အနည်းဆုံးအဆင့် အောက်တိန်း 92 ပဲ ထည့်စီးရမှာ။ ရှေ့ဖောက်စ်ဟာ ယခင် Bajaj ဆိုင်ကယ်တွေရဲ့ ဖောက်စ်တွေထက်အနည်းငယ်တိုပေမဲ့ ထုထည်ကို ကြီး ထားသလို  ခါးဖောက်စ်မှာ ပုခက်ပါတဲ့အတွက်လည်း ချိုင့်ခွက်ကြီးကြီး မားမားတွေမှာကအစ စီးနင်းသူကို ငြိမ့်ညောင်းမှုရှိအောင် စွမ်းဆောင်ပေး မယ်လို့ သိရပါတယ်။

နောက်အားသာချက်က ဘရိတ်ကို ABS System ထည့်သွင်းထား တဲ့အတွက် ဘယ်လိုအရှိန်နှုန်းမှာမဆို တိတိကျကျနဲ့ ဘရိတ်အုပ်ပေးမှာ ကြောင့် ဆိုင်ကယ်စီးသူတိုင်း လုံခြုံမှုရှိစေမှာဖြစ်သလို ရှေ့မီးနဲ့ ဘေး အချက်ပြမီးတွေကိုလည်း LED  မီး တပ်ဆင်ပေးထားတာကြောင့် ညပိုင်း သွားလာမှုမှာ ရှေ့ကမြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စေမှာပါ။ အခု Dominar 400  မှာ အရင်က Bajaj ဆိုင်ကယ်တွေနဲ့ လုံးဝကွဲပြားပြီး ဆန်းသစ်သွားတဲ့ အစိတ်အပိုင်းကတော့ ရှေ့လက်ကိုင်တန်းနဲ့ ဆီတိုင်ကီမှာ Digital ဒိုင်ခွက်နှစ်ခု ပါလာခြင်းပါ။ ရှေ့လက်ကိုင်တန်းမှာပါရှိတဲ့ ဒိုင်ခွက်မှာ အရှိန်နှုန်းကအစ Digital ကိန်းဂဏန်းနဲ့ ပြသပေးမှာဖြစ်သလို ဘယ်ခရီးသွားသွား Trip 1၊ Trip 2 ဆိုပြီး ကြာချိန်နဲ့ ကီလိုမီတာနှုန်းကို မှတ်တမ်းတင်ပြီး သိမ်းဆည်းပေးထားမှာလည်း ဖြစ်ပါတယ်။ ဆီတိုင်ကီမှာ တပ်ဆင်ထားတဲ့ Digital ဒိုင်ခွက်မှာတော့ ဘက်ထရီအားနည်းရင် နည်း သလို အချက်ပြပေးမယ့် အချက်ပြမီး ပါဝင်လာတဲ့အပြင် အင်ဂျင်အပူချိန် (Heat)တက်လာရင်လည်း ဆိုင်ကယ်မောင်းသူကို သတိပေးမယ့် အချက် ပြမီးပါ ထည့်သွင်းထားပါတယ်။ အပူချိန် တစ်ရာကျော်လာလို့ အင်ဂျင်အပူချိန်များလာပြီဆိုရင်တော့ ဆိုင်ကယ်ကို ခေတ္တရပ်ပေးဖို့ လိုမယ်လို့ လည်း သိရပါတယ်။

နောက်ထူးခြားတာက အဲဒီဆီတိုင်ကီမှာပါတဲ့ ဒိုင်ခွက်မှာပဲEFI ဆင် ဆာစနစ်မှာ ချွတ်ယွင်းချက်ရှိတာကအစ ပြသပေးမယ့်အချက်ပြမီးတွေ ပါဝင်လာသလို ဘေးထောက်(Side Stand)မှာကအစ ဆင်ဆာတပ်ဆင် ပေးထားတဲ့အတွက် ဘေးထောက်မတင်ရင် စက်နှိုးလို့မရသလို ဂီယာ ရှိနေရင် ကလပ်ဆွဲပြီးနှိုးမှ အင်ဂျင်လည်ပတ်စေမှာပါ။ အဲဒီလိုပဲရေတိုင်ကီ ပါရှိတာကြောင့် ရေနည်းရင်နည်းသလို ပြသပေးမဲ့ အချက်ပြမီးတွေလည်း ပါဝင်လာသလို လီဗာတင်တာများလွန်းရင်လည်း  လျှော့ချပေးဖို့ လိုအပ် တဲ့အကြောင်း သတိပေးအချက်ပြစနစ်တွေ ပါဝင်လာပါတယ်။  ရှေ့နောက် Tubeless တာယာမှာ တာယာဆိုက်တွေကိုလည်း အလျား၊ ထုထည်၊ အနံ စတာတွေက အရင် Bajaj ဆိုင်ကယ်တွေထက် ကြီးမားသလို ရှေ့ Disc ၊ နောက် Disc အသုံးပြုထားပါတယ်။ ထူးခြာတာက အင်ဂျင် 400 CC ဖြစ်ပေမဲ့ 4 Stroke အင်ဂျင်ဖြစ်တဲ့အတွက် အသံလုံပြီး အိပ်ဇောသံ ဆူညံမှု လုံးဝနည်းပါးစေမှာပါ။ Bajaj Dominar 400 ကို အနက်၊ အပြာ၊ ကြက်သွေးရောင်၊ အဖြူ စတဲ့ အရောင်လေးမျိုးနဲ့ ထုတ်လုပ်ထားပြီး ကျပ် ၃,၉၅၀,ဝ၀ဝနဲ့ ရောင်းချပေးသွားမှာဖြစ်သလို အင်ဂျင်နဲ့ ဖရိမ်ကို Warranty ၂ နှစ် အာမခံပေးထားတယ်လို့ Easy Rider Motorbike  ကုမ္ပဏီကနေ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here