မန္တလေးမြို့မှ Brand New  ဆိုင်ကယ်များ Vespa S

1360

 

နာမည်ကျော် အီတလီ Brand ဖြစ်တဲ့ ၂၀၁၇ မိုဒယ် Vespa S ဆိုင် ကယ်ဟာ ဒီနှစ် သြဂုတ်လဆန်းပိုင်းက မန္တလေးဈေးကွက်ထဲကို စတင် ရောက်ရှိလာပြီး လက်ရှိ မန္တလေးမြို့မှာ အစီးများလာပါတယ်။ အမျိုးသား၊ အမျိုးသမီးအကြိုက်ဖြစ်ပြီး နှစ်ပေါင်းကြာရှည် အစီးခံအောင် တည်ဆောက် ထားတာကြောင့် ဒီတစ်ပတ် ဆိုင်ကယ်ချစ်သူတွေအတွက် မိတ်ဆက်ပေး လိုက်ပါတယ်။

အရင်နှစ်ကလည်း Vespa ဆိုင်ကယ်အမျိုးအစား ထွက်ရှိခဲ့ပေမဲ့ အခု ၂၀၁၇ မိုဒယ် Vespa S ဆိုင်ကယ်မှာ ထူးထူးခြားခြားအနေနဲ့  အင်ဂျင်ဆူညံမှု၊ ဆိုင်ကယ်မောင်းနေချိန် တုန်ခါမှုနဲ့ ကာဗွန်ဒိုင်အောက် ဆိုက် အထူးလျှော့ချပေးတဲ့ အီတလီ Green Exprience Technology (I get) နည်းပညာကို သုံးပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ 125 CC အသုံးပြုထားပေမဲ့ I get နည်းပညာ အသုံးပြုထားတဲ့အတွက် တခြားဆိုင်ကယ်တွေလို ဘယ်ခရီး သွားသွား လီဗာတင်လေ၊ အသံဆူညံလေ မဟုတ်ဘဲနဲ့ လီဗာ ဘယ်လောက်တင်တင် အိပ်ဇောကနေထွက်လာတဲ့ အင်ဂျင်ဆူညံသံဟာ တစ်ပြေးညီပဲ ဖြစ်နေ မယ်လို့ သိရပါတယ်။

၂၀၁၇ မိုဒယ် Vespa S ဆိုင်ကယ်ရဲ့ ဖင်ထိုင်ခုံကိုလည်း ဆိုင် ကယ်မောင်းသူ ငြိမ့်ညောင်းမှုရှိအောင် အရင်ထက် ကျစ်လျစ်တဲ့ ဖော့သား ကို အသုံးပြုထားတဲ့အပြင် ဖင်ထိုင်ခုံကို ချိုင့်ခွက်ပုံသဏ္ဌာန် အနည်းငယ် ချိုင့်ပေးထားတဲ့အတွက် အရပ်နိမ့်တဲ့ အမျိုးသမီးတွေအဖို့ ဆိုင်ကယ် ရပ်နားတဲ့အချိန်မှာ ခြေထောက်နဲ့ ထောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ Vespa ရဲ့ နှစ် ခုနစ်ဆယ်ကြာအောင် ရှေးမူမပျက်ပါရှိတဲ့ အစိတ်အပိုင်းကတော့ Digital မဟုတ်ဘဲ ကီလိုမီတာတံအချက်ပြဒိုင်ခွက်နဲ့ ရှေ့ဖောက်ပဲ ဖြစ်ပါတယ်။ Vespa S  ဆိုင်ကယ်ကို ငွေကြေးတတ်နိုင်တဲ့ လူတန်းစားတွေနဲ့ လူကြီးတွေပဲ အစီးများတာကြောင့် အခု ၂၀၁၇ မိုဒယ် Vespa S ဆိုင်ကယ်မှာလည်း  ဒိုင်ခွက်ပုံသဏ္ဌာန်ကို ရှေးမူမပျက်ထုတ် လုပ်ထားသလို ရှေ့ဖောက်ကို ဆိုင်ကယ်ခုန်မှုနည်းပါးစေမယ့်အပြင် ကြိမ် နှုန်းနည်းစေမယ့် Vespa ရဲ့ လက်စွဲ ရှေ့ဖောက်အမျိုးအစားကိုပဲ အသုံး ပြုထားပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘေးကာဗာပိုင်းဟာ စတစ်ကာ ကပ်ပြီး အလှပုံဖော်ထားသလို ဆိုင်ကယ်ကာဗာတွေအကုန်လုံး စတီးကို အသုံးပြုထားလို့ ဆိုင်ကယ်ဝိတ်ပေါ့ပါးပြီး ဆိုင်ကယ်မတော်တဆ လဲခဲ့ မယ်ဆိုရင်တောင် ဆိုင်ကယ်မောင်းသူကို ထိခိုက်ဒဏ်ရာရမှု နည်းပါး အောင် ရှေ့/နောက်ဘော်ဒီအချိုးကို တစ်ပြေးညီနီးပါးတည်ဆောက်ထား တာ တွေ့ရပါတယ်။

အီတလီ Brand ဖြစ်တဲ့ Vespa ဆိုင်ကယ်တွေမှာ အထူးခြားဆုံးတစ်ခုက သော့လုံခြုံရေးစနစ်ပါ။ သူတို့ရဲ့ သော့တွေကို ကားလိုမျိုးပဲ ဆိုင်ကယ်ဆင်ဆာ စနစ်နဲ့ ချိတ်ဆက်ထားသလို သော့တံရဲ့ Key -Line ပုံသဏ္ဌာန်နဲ့ လုံခြုံ ရေးစနစ်က တခြားဆိုင်ကယ်တွေနဲ့ နည်းနည်းလေးတောင်မတူတဲ့အတွက် ဆိုင်ကယ်ချစ်သူတွေ ဆိုင်ကယ်ပျောက်မှာမျိုး၊ အခိုးခံရမှာမျိုး မစိုး ရိမ်ရတော့ပါဘူး။ အဲဒီလိုပဲ ဆိုင်ကယ်အရှိန် ဘယ်လောက်ပြင်းပြင်း တည်ငြိမ်မှုရှိအောင် ဆိုင်ကယ်ရှေ့ခေါင်းခြမ်းကနေ အလယ်ပိုင်းအထိ လေဝင်၊ လေထွက်ပေါက်သီးသန့် ပါရှိတဲ့အပြင် လေထွက်ပေါက်ကိုလည်း အင်ဂျင်၊ အိပ်ဇောတို့နဲ့ အနီးကပ်ထားရှိထားတဲ့အတွက် အင်ဂျင်ပူနှုန်းကိုပါ လုံးဝလျှော့ချပေးမှာ ဖြစ်ပါတယ်။ ၂၀၁၇ မိုဒယ် Vespa ဆိုင်ကယ်ကို စစ်စိမ်းရောင်၊ အနီရောင် စတဲ့ အရောင်နှစ်မျိုးနဲ့ ထွက်ရှိပြီး အင်ဂျင် ၂ နှစ် အာမခံ၊ ဒါမှမဟုတ် ကီလိုမီတာ ၂၄,ဝ၀ဝ အာမခံပေးထားပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၃၇ သိန်းဖြစ်ပြီး UMG Motors ကုမ္ပဏီကနေ တင်သွင်းရောင်းချပေးလျက် ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here