မန္တလေးမြို့မှ Brand New ဆိုင်ကယ်များHERO Duet (110.9 CC)

1569

 

အိန္ဒိယနိုင်ငံထုတ် ၂၀၁၇ မိုဒယ်သစ် HERO Duet  ဆိုင်ကယ်ဟာ လူ ငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ဒီဇိုင်းသွက်အောင် စတစ်ကာဒီဇိုင်းတွေကို ပြန်လည်ဆန်းသစ်ပြီး မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက်ထဲကို ယခုလဆန်း ပိုင်းထဲမှာ ရောက်ရှိလာပါတယ်။

အင်ဂျင်ပါဝါ110.9 CC ၊ Auto ဂီယာဖြစ်ပြီး ဒီဇိုင်းလှတာကြောင့် လူကြိုက်အများဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

တည်ငြိမ်မှုအတွက် အဆင့်မြင့်ပုံစံ ပြုလုပ်ထားပြီး ဆိုင်ကယ်ဘယ် ဘက်ခြမ်း ဘရိတ်ကို ဖိရုံနဲ့ အရှေ့/အနောက် နှစ်ဖက်စလုံးက Brake ဖမ်းပေးတဲ့ Combine Brake စနစ် အသုံးပြုထားလို့ ရပ်တဲ့အကွာအဝေးကို လျှော့ချပေးရာမှာလည်း အကူအညီပေးပါတယ်။ အရည်အသွေးမြင့်Tubeless  တာယာတွေဖြစ်လို့ မကြာခဏ တာယာကွဲမှုကိုလည်း စိုးရိမ် စရာမလိုပါဘူး။ USB ဖုန်းအားသွင်းအပေါက်ပါရှိပြီး ညဘက်မြင်နိုင်တဲ့ Boot မီးလည်း ပါရှိပါတယ်။ Digital Analog နှစ်မျိုးပါ ဒိုင်ခွက်ဖြစ်ပြီး ဆီဂိတ်နဲ့ မိုင်ပြကိရိယာနှစ်မျိုးစလုံး ကပ်လျက်မြှုပ်ပေးထားသလို Service Reminder ကလည်း ဆိုင်ကယ်ကို ဘယ်အချိန် Service လုပ်ရမယ်ဆို တာ ပြပေးမှာပါ။ Auto ဂီယာအမျိုးအစားဖြစ်ပေမဲ့ ဆိုင်ကယ်ရှေ့ဘီးမှာ ကျုံ့နိုင်/ဆန့်နိုင်တဲ့ ရှော့အက်ဇောဘားပါလို့ လမ်းကြမ်းခရီးတွေမှာ သက် သောင့်သက်သာရှိစေမှာပါ။

ဆိုင်ကယ်ကိုယ်ထည်ကိုလည်း လူငယ်အများစု ကြိုက်ကြတဲ့ သံကိုယ် ထည်နဲ့ ပြုလုပ်ထားပါတယ်။ ဆီစားနှုန်းသက်သာတဲ့ Lecon စနစ်ပါရှိပြီး ဆီ ၅ ဒသမ ၈ လီတာဆံ့တိုင်ကီပါရှိပါတယ်။ ကာပရိုက်တာType ဖြစ်ပေမဲ့ Octane 95 ဆီ သုံးပေးမယ်ဆိုရင် အင်ဂျင်ဆွဲအားကောင်းပြီး တာရှည်ပိုခံ တယ်လို့သိရပါတယ်။ ဆီထည့်တဲ့အခါမှာလည်း Duet နဲ့ ဆီဖြည့်ရင် ဆိုင်ကယ်နောက်ဖုံးဖွင့်ဖို့မလိုအပ်ဘဲ ထိုင်လျက်နှင့် ဆီဖြည့်နိုင်ပါတယ်။ ဆိုင်ကယ်အရောင်တွေကတော့ ခဲ၊ အနီ၊ အနက်နဲ့ အဖြူ လေးရောင်ထွက် ရှိပါတယ်။ ၂၀၁၇ မိုဒယ်သစ်ကို စတစ်ကာဒီဇိုင်းထွက်အောင် ဖန်တီးထား ပြီး ဆိုင်ကယ်စီးတဲ့ လူငယ်အများစုကတော့ ခဲနဲ့ အဖြူရောင်ကို ပိုပြီး အကြိုက်တွေ့ကြပါတယ်။

၂၀၁၇ မိုဒယ်အသစ်ဖြစ်တဲ့ HERO Duet  ဆိုင်ကယ်ရဲ့ ဈေး နှုန်းကတော့ ကျပ် ၁၅ သိန်း နှစ်သောင်းဝန်းကျင်ရှိပြီး အင်ဂျင် ၂ နှစ်၊ ဒါမှမဟုတ် ကီလိုမီတာ နှစ်သောင်း အာမခံပါရှိကာ Service လက်ခ အခမဲ့ဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here