မန္တလေးမြို့မှ Brand New ဆိုင်ကယ်များ (Bajaj Boxer 150 X)

1680

လမ်းကြမ်းတွေမှာ သက်တောင့်သက်သာမောင်းနှင်နိုင်ရန်နဲ့ ဝန်တင်ဖို့အတွက် အဓိကထုတ်ထားတဲ့ အိန္ဒိယနိုင်ငံ Bajaj ကုမ္ပဏီထုတ် Boxer 150 X ဆိုင်ကယ်အမျိုးအစားဟာ မန္တလေးမြို့ပေါ်သာမက နယ်ဒေသကပါ အကြိုက်တွေ့တဲ့ဆိုင်ကယ်ဖြစ်တယ်လို့ သိရပါတယ်။

 

Boxer 150 X ကို ၂ဝ၁ဝ ကတည်းက ထုတ်လုပ်ခဲ့ပြီး လမ်းကြမ်းအသုံးပြုမှုများတဲ့ အာဖရိကတိုက်ရဲ့ ရောင်းအားအကောင်းဆုံးဆိုင်ကယ်လို့ ဒီဆိုင်ကယ်ကို မန္တလေးမြို့ ဆိုင်ကယ် စျေးကွက်မှာ တင်သွင်းဖြန့်ဖြူးနေတဲ့ Easy Rider Motorbike ကုမ္ပဏီက ဆိုထားပါတယ်။

 

အင်ဂျင်ပါဝါ 150 CC ရှိပြီး ပလပ် ၁ လုံး၊ဘား ၂ ချောင်းနဲ့ ရိုးရိုးအင်ဂျင်ကို အသုံးပြုထားပါတယ်။ လမ်းကြမ်းအသုံးပြုဖို့နဲ့ Weight များများတင်နိုင်ဖို့ အဓိကထား ထုတ်လုပ်ထားတာပါ။ လမ်းကြမ်းအသုံးပြုနိုင်ဖို့ Off-road တာယာပန်းကြီးတွေကို အသုံးပြုထားပြီး ကျွတ်ပါတဲ့ ဒလက်ဘီးတွေကို သုံးထားပါတယ်။

 

ကာပရိုက်တာ ဖွဲ့စည်းပုံကို ချုံ့ထားလို့ Boxer 150 X ရဲ့ အားသာချက်က ဆီစားသက်သာပြီး အဓိကအားသာချက်အနေနဲ့ နောက်ဖောက်ကို စပရိန်နှစ်ချောင်း ထည့်သွင်းအသုံးပြုထားပါတယ်။ ဟိုင်းဝေးကို အဓိကမထားဘဲ ဝန်တင်ဖို့နဲ့ လမ်းကြမ်းသုံးဖို့အတွက် အဓိကဖွဲ့စည်းထားတာကြောင့် ဆိုင်ကယ်ဆောင့်တဲ့ အခါတွေမှာဖောက်ရဲ့ ထိန်းအားကြောင့် သာသာယာယာပဲ စီးနိုင်ပါလိမ့်မယ်။

 

အင်ဂျင်အရုန်းအဆွဲကောင်းပြီး ဆိုင်ကယ်အထကောင်းလို့ စတန့်ပြုလုပ်သူတွေအကြိုက်တွေ့တဲ့ ဆိုင်ကယ်အမျိုးအစားဖြစ်ပါတယ်။ ဂီယာ ၄ ချက်နဲ့ ရှေ့နောက် ဟတ်ဘရိတ်အသုံးပြုထားပြီး  ကူရှင်ကို အိစက် အောင်ပြုလုပ်ထားပါတယ်။ ဆိုင်ကယ်ဖွဲ့စည်းပုံအရ အလျားရှည်ပြီး ဒူးကာကိုင်း တပ်ဆင်ထားတာကြောင့် စီးသူအတွက် အန္တရာယ်ကင်းဝေးစေနိုင်ပြီးသက်တောင့် သက်သာလည်း ရှိစေမှာပါ။

 

Boxer 150 X ရဲ့ အဓိက အားသာချက်က ဆီစားနှုန်းအထူးကောင်းမွန်တာဖြစ်ပြီး ဆီတစ်လီတာကို ၂၈ မိုင်ဝန်းကျင် အသုံးပြုနိုင်ပါတယ်။

 

Octane 90 ၊ 92 ၊ 95 ဆီတွေကို အသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။ အရောင်တွေကို အနီ၊အပြာ အပြင် ၂ဝ၁၇ မိုဒယ်မှာ အနက်နဲ့ အဖြူရောင်ပါထွက်ရှိပြီး ကာလာစုံ အကြိုက်တွေ့ကြတယ်လို့ သိရပါတယ်။

 

၂ဝ၁၇ မိုဒယ် Bajaj ကုမ္ပဏီထုတ် Boxer 150 X ဆိုင်ကယ်ရဲ့ စျေးနှုန်းက ကျပ် ၁၁ သိန်းငါးသောင်းဝန်းကျင်ရှိပြီး အာမခံက အင်ဂျင်ဖရိန် ၂ နှစ် ဒါမှမဟုတ် ကီလိုမီတာနှစ်သောင်း ပါရှိပါတယ်။

 

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here