မန္တလေးမြို့မှ Brand New ဆိုင်ကယ်များ

1608

အိန္ဒိယနိုင်ငံမှာ လူကြိုက်အများဆုံး ဘီးအမျိုးအစားဖြစ်ပြီး Gentleman စတိုင်လ်ဖြစ်လို့ မောင်းနှင်တဲ့အခါ ခံ့ညားလှပမှုကို ပေးစွမ်းတဲ့ Bajaj ကုမ္ပဏီထုတ် V-15 ဆိုင်ကယ်ဟာ လက်ရှိ မန္တလေးမြို့က ဆိုင်ကယ် အသုံးပြုသူ လူလတ်ပိုင်းတို့ကြားမှာ ရေပန်းစားဆိုင်ကယ် ဖြစ်နေပါတယ်။

 

၂ဝ၁၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ V-15 ဆိုင်ကယ်ဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားကြီး အမီယာခန်းစီးလိုက် တာကြောင့်ရယ်၊ ဒီဇိုင်းနဲ့ ငြိမ့်ညောင်းမှုအရကြောင့်ရယ် စိတ်ဝင်စားကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဘရိတ်စနစ်ဟာ အရည်အသွေးမြင့် ABS စနစ် သုံးထားပြီး စလစ်ဖြစ်မှု ကင်းဝေးနိုင်တဲ့ ရှေ့ဒစ်၊ နောက်ဟက်ဘရိတ်ပုံစံ အသုံးပြုထားပါတယ်။

 

ကာပရိုက်တာကို ရေရိုက်မှုဒဏ်အတွက် ကာဗာနဲ့ကာကွယ်ထားပြီး ဒီဇိုင်းကိုလည်း လေခွင်းအား ကောင်းတဲ့ပုံစံဖြစ်အောင် ဖရိမ်တွေကို လေထွက်ပေါက်ပုံစံ ဖန်တီးထားပါတယ်။ DTSI(Digital Twin Plug) အင်ဂျင်ဖြစ်လို့ ဆီစားသက်သာပြီး ဆီတစ်ဂါလန်ကို ၅၅ မိုင် ဝန်းကျင်သွားနိုင်မှာပါ။ ဆီ ၁၄ လီတာဆံ့ ဆီတိုင်ကီပါရှိပြီး Octane 92 ဆီ အသုံးပြုပေးရင် အင်ဂျင် အဆွဲအရုန်း ပိုကောင်းစေနိုင်ပါတယ်။ ဆီတိုင်ကီကိုလည်း လေယာဉ်တင် သေဘၤာတွေမှာအသုံးပြုတဲ့သံနဲ့ ပြုလုပ်ထားတာကြောင့် ငါးနှစ်အတွင်း သံကြေး(ဂျီး)မကိုက်တဲ့ အာမခံပါရှိပါတယ်။ ပလပ်နှစ်လုံး၊ ဗားလေးချောင်း နဲ့ မီးလောင်ခန်းပိုကျယ်တာကြောင့် ပေါက်ကွဲအားပိုကောင်းပြီး ဆိုင်ကယ် အဆွဲအရုန်းပိုကောင်းမွန်စေပါတယ်။ ပလပ်နှစ်လုံးဖြစ်လို့ ပါဝါအားကောင်း ပြီး မီးလောင်ခန်းထဲမှာ ဆီကျန်ခြင်းမရှိလို့ ဗားချိုး(ဂျိုး)တည်မှုကို သက်သာစေနိုင်ပါတယ်။

 

အင်ဂျင်ပါဝါ 150 CC အပြည့်ပါပြီး ဂီယာငါးချက်နဲ့ အလျားရှည်တဲ့ ဆိုင်ကယ်ဖွဲ့စည်းပုံ၊ ဒစ်ဂျစ်တယ်ဒိုင်ခွက်၊ ရိုးရိုးမီးသီးဒီဇိုင်း၊ လင်းအား ကောင်းတဲ့ ရှေ့မီးသီးတွေ အသုံးပြုထားတဲ့အပြင် အိပ်ဇောအသံထွက်မှု ညင်သာတာကြောင့် အိပ်ဇောသံလှတယ်လို့ ဆိုနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ တစ်ယောက်စီး ပုံစံဖြစ်ပေမဲ့ နောက်ဖုံးကို အရှင်ထားထားတာကြောင့် နှစ်ယောက်စီးနင်းမယ်ဆိုရင်လည်း နောက်ဖုံးကိုသော့ဖွင့်ပြီး စီးလို့ရပါတယ်။ ဆိုင်ကယ်ဖွဲ့စည်းပုံကြောင့် ဟိုင်းဝေးအသုံးပြုမှု ကောင်းမွန်ပြီး Tubeless ဆိုက်ကြီးတာယာတွေ အသုံးပြုထားပါတယ်။ Nitro ဖောက်ဖြစ်လို့ လမ်း ကြမ်းတွေမှာ စီးရင်လည်း အဆင်ပြေမှာပါ။

 

အဖြူ၊ ဖြူနက်၊ နီနက်၊ ပြာနက် အရောင်လေးမျိုးထွက်ရှိပြီး လတ် တလောမှာတော့ ဒီဇိုင်းဆန်းပြီး အရောင်ငြိမ်တဲ့ ဖြူနက်ကာလာကို ပို အကြိုက်တွေ့ကြတယ်လို့ သိရပါတယ်။ ၂ဝ၁၇ မိုဒယ် Bajaj V-15 ဆိုင် ကယ်ရဲ့ စျေးနှုန်းက ကျပ် ၁၆ သိန်းခွဲရှိပြီး အင်ဂျင်ဖရိမ် အာမခံ ၂ နှစ်၊ ဒါမှမဟုတ် ကီလိုမီတာနှစ်သောင်း ပါရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here