မန္တလေးမြို့မှ Brand Newဆိုင်ကယ်များ

1340

၂ဝ၁၇ မိုဒယ်အဖြစ် လူငယ်ကြိုက်စတန့်ပြကွက်များကို ပုံဖော်ပေးနိုင်တဲ့ ဒီဇိုင်းနဲ့ အသစ်ဝင်ရောက်လာတဲ့ ကမ္ဘာ့အဆင့်နံပါတ်(၃)နေရာမှာရှိတဲ့ အိန္ဒိယနိုင်ငံ BAJAJ Pulsar ကုမ္ပဏီထုတ် Pulsar 200 NS ဆိုင်ကယ်ဟာ မန္တလေးမြို့ ဆိုင်ကယ် အသုံးပြုသူ လူငယ်တွေကြားမှာ လက်ရှိ ရေပန်းစားဆိုင်ကယ်အဖြစ် ရပ်တည်နေပါတယ်။

Pulsar 200 NS ဆိုင်ကယ်ဟာ လက်ရှိ မန္တလေးမြို့ ဆိုင်ကယ်စျေးကွက် မှာ အရောင်းရဆုံး ဆိုင်ကယ်အမျိုးအစားဖြစ်တယ်လို့ ဒီဆိုင်ကယ်တွေကို မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးလျက်ရှိတဲ့ Easy Rider Motorbike ကုမ္ပဏီက ဆိုထားပါတယ်။

တခြား Brand ဆိုင်ကယ်တွေနဲ့ မတူတဲ့ထူးခြားချက်က Pulsar 200 NS ရဲ့ အင်ဂျင်ဟာ ဆွဲအားရုန်းအားပိုကောင်းပြီး ဆီစားသက်သာတဲ့ DTS-I(digital twin/ triple spark ignition plug type)အင်ဂျင်ကို အသုံးပြုထားပါတယ်။

DTS-I အင်ဂျင်ရဲ့ ထူးခြားချက်တွေကတော့ တခြား One Spark Plug Type အင်ဂျင်တွေထက် ဆီပို့ယူမှု ပိုမိုမြန်ဆန်ပြီး ဆီဖျန်းစနစ် အမှုန်အမွှားလေး တွေက အင်ဂျင်ပေါက်ကွဲအား ပိုကောင်းအောင် စွမ်းဆောင်ပေးသလို တခြား အင်ဂျင်ပါဝါတူ ဆိုင်ကယ်တွေနဲ့ယှဉ်ရင် ဆီစားပိုသက်သာပြီး ရုန်းအားပိုမိုကောင်း တယ်လို့ သိရပါတယ်။

DTS-I အင်ဂျင်ရဲ့ အားသာချက်တွေကတော့ အင်ဂျင်တုန်ခါမှုနဲ့ အသံဆူ ညံမှုမရှိခြင်း၊ ပစ္စတင်နဲ့ အဆို့ရှင်ဘား ကြာရှည်ခံခြင်း၊ ဘယ်လောက်ကြာ ကြာမောင်းမောင်း အင်ဂျင်ပူလောင်မှုမလွန်ကဲခြင်း၊ အလေးချိန်ဝိတ်များပေမဲ့ ရုန်းအားကောင်းခြင်း၊ အေးချမ်းလွန်းတဲ့ဒေသတွေမှာ အင်ဂျင်စက်နှိုးဖို့ အခက်အ ခဲမရှိခြင်းတို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရှေ့နောက် ဒစ်ဘရိတ်၊ ရေတိုင်ကီ Water Cooled System နဲ့ ရေလည်အုံ Fan  ပါရှိပြီး ရေငွေ့ပြန်တာနဲ့ သံကြေးတက်တာ တွေမဖြစ်ဖို့ Nitro ရှော့ဘားကို အသုံးပြုထားပါတယ်။

ဂီယာ ခြောက်ချက်၊ Tubeless တာယာ၊ ဒစ်ဂျစ်တယ်ဒိုင်ခွက်၊ ခလုတ်တွေမှာပါ မီးပါဝင်ပြီး မီးပိုင်းကို ဒီဇိုင်းလှလှ သုံးထားတဲ့အပြင်   အိပ်ဇောပျောက်ပုံစံ ဖန်တီးထားတာက ထူးခြားစေမှာပါ။ နောက်ထပ် ထူးခြားချက်ကတော့ အင်ဂျင်ဝိုင်ကို ၁ ဒသမ ၂ လီတာထည့်ပြီး အသုံးပြုရမှာပါ။ အင်ဂျင်သက်တမ်းကြာရှည်ခံဖို့ အခုနှစ်ပိုင်းတွေမှာ ထုတ်လုပ်ထားတဲ့ ဂရိတ်မြင့် SLဒါမှမဟုတ် SN အင်ဂျင်ဝိုင်တွေကို အသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။

အင်ဂျင်က ကာပရိုက်တာ Type  ဖြစ်ပြီး ၁၃ လီတာဆံ့ ဆီတိုင်ကီပါရှိသလို စက်သုံးဆီ တစ်လီတာကို ၂၈ မိုင်အထိ အသုံးပြုနိုင် တယ်လို့ သိရပါတယ်။ ဆီအမျိုးအစားမရွေး အသုံးပြုနိုင်ပေမဲ့ Octane 92 ၊ 95 ဆီကို အသုံးပြုသင့်တယ်လို့ သိရပါတယ်။

Pulsar 200 NS ဆိုင်ကယ်ရဲ့ ၂ဝ၁၇ မိုဒယ်မှာ ဆိုင်ကယ်ကိုပိုပြီးရုပ်ထွက်လှစေတဲ့  စတစ်ကာဒီဇိုင်းတွေ ပြောင်းလဲထုတ်လုပ်ထား ပြီး အရောင်တွေက ခဲနက်၊ ခဲဖြူ၊ ခဲနီ သုံးရောင်ထွက်ရှိပါတယ်။ လက်ရှိမှာ ခဲနက်နဲ့ ခဲဖြူက လူကြိုက်ပိုများတယ်လို့ သိရပါတယ်။

၂ဝ၁၇ မိုဒယ် Pulsar 200 NS ဆိုင်ကယ်ရဲ့ စျေးနှုန်းကတော့ ကျပ် ၂၄ သိန်း ငါးသောင်း ဝန်းကျင်ရှိပြီး အင်ဂျင်၊ ဖရိမ် အာမခံ ၂ နှစ်၊ သို့မဟုတ် ကီလိုမီတာနှစ်သောင်း အာမခံ ပါရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here