Jumping ဘီးတစ်စီးလို အသုံးပြုနိုင်သလို Show စီးချင်တယ်ဆိုရင်လည်း လှပပြီး အရည်အသွေးမြင့်မှုကြောင့် Show အနေနဲ့လည်း စီးနိုင်တဲ့ အီတလီနိုင်ငံထုတ် Benelli TNT 150 ဆိုင်ကယ်ဟာ လက်ရှိ ဆိုင်ကယ်ချစ်သူ လူငယ်တွေကြားမှာ ရေပန်းစားဆိုင်ကယ်တစ်စီးအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။
Jumping ဘီး သီးသန့်မဟုတ်ပေမဲ့လည်း Jumping ဘီးတစ်စီးလို အကြမ်းခံပြီး သုံးနိုင်အောင် ဖောက်ပြောင်းပြန် တပ်ဆင်ထားသလို ဆိုင်ကယ် ကစားတဲ့အခါမှာလည်း ငြိမ့်ညောင်းမှုရှိစေဖို့ ခါးဖောက် အသုံးပြုပေးထားပါတယ်။ ဆိုင်ကယ်ကိုယ်ထည်ကို သံသားတွေနဲ့ တည်ဆောက်ထားတာကြောင့် ဆိုင်ကယ်ကိုယ်ထည်လေးပေမဲ့ ဟိုင်းဝေးခရီးတွေသွားတဲ့အခါ တုန်ခါမှုမရှိဘဲ ငြိမ့်ငြိမ့်ညောင်းညောင်း စီးနိုင်မှာပါ။
အင်ဂျင်အနေနဲ့ကတော့ Liquid-Cooled Vertical Single ဖြစ်ပြီး Four Stroke/Four Valve SOHC အင်ဂျင်၊ 2 Spark Plug အမျိုးအစားဖြစ်ပါတယ်။ အမြင့်ဆုံးစွမ်းအင်ထုတ်လွှတ်မှုအနေနဲ့ 13.5 N.m/7000r/min အထိ အသုံးပြုနိုင်ပါတယ်။ ကလပ်ဘီးအမျိုးအစားဖြစ်ပေမဲ့ ကာပရိုက်တာ Type ဖြစ်လို့ ဆီစားသက်သာပြီး ဆီတိုင်ကီထဲမှာ ဆီ ၁၃ ဒသမ ၅ လီတာဝန်းကျင် သိုလှောင်နိုင်ပါတယ်။
ဆိုင်ကယ်အသုံးပြုသူတွေအနေနဲ့ ဆီထည့်သွင်း အသုံးပြုတဲ့အခါ Octane 92 ၊ 95 စတဲ့ ဆီတစ်မျိုးမျိုးကိုသာ အသုံးပြုသင့်တယ်လို့လည်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ အင်ဂျင်ပိုင်း အရည်အသွေး ကောင်းမွန်တဲ့အပြင် ဒီဇိုင်းပိုင်းမှာလည်း လှပဆွဲဆောင်မှုရှိပြီး လက်ရှိ လူငယ်အများစုအကြိုက်တွေ့တဲ့ KTM ဆိုင်ကယ်နဲ့ ဒီဇိုင်းတူတာကလည်း Benelli TNT 150 ဆိုင်ကယ်ကို လူငယ်အများစု ကြိုက်နှစ်သက်ရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။
ဆိုင်ကယ်ခေါင်းပိုင်းမှာ LED မီးကွေးတွေ အသုံးပြုထားတာက Benelli TNT ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး အိပ်ဇောသံလှတာကလည်း ဆိုင်ကယ်ချစ်သူ လူငယ်တွေကို အကြိုက်တွေ့စေတဲ့အချက်ဖြစ်ပါတယ်။ စလစ်ဖြစ်မှု ကင်းဝေးအောင် ရှေ့/နောက် Disc ဘရိတ်အသုံးပြုထားပြီး Tubeless တာယာကြီးတွေ အသုံးပြုထားတာဟာလည်း ဒီဆိုင်ကယ်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။
အင်ဂျင်အပူချိန်၊ အရှိန်နှုန်း စတာတွေ သိနိုင်တဲ့ ဒစ်ဂျစ်တယ် ဒိုင်ခွက်ပါရှိပြီး ဆိုင်ကယ်တစ်စီးလုံးအနေနဲ့ ဆွဲဆောင်မှုရှိအောင် အသေးစိတ် တည်ဆောက်ထားသောကြောင့် လူငယ်တွေ အကြိုက်တွေ့တဲ့ဒီဇိုင်းအနေနဲ့ ရပ်တည်လျက်ရှိတယ်လို့ Benelli ဆိုင်ကယ်တွေကို မန္တလေးမြို့ ဆိုင်ကယ်စျေးကွက်အတွင်း တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့ တင်သွင်းနေတဲ့ KST Myanmar Co.,ltd က ဆိုထားပါတယ်။
အရောင်တွေအနေနဲ့ နီနက်၊ အနက်၊ ဖြူနီ အပြင် Special Edition အနေနဲ့ နက်စိမ်းရောင်ကိုလည်း ထုတ်လုပ်ထားပြီး ဆိုင်ကယ်အရောင်တွေ အားလုံးက လူငယ်ကြိုက် အရောင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ အီတလီနိုင်ငံထုတ် Benelli TNT 150 ဆိုင်ကယ်ရဲ့ စျေးနှုန်းကတော့ ကျပ် ၁,၈၉ဝ,ဝဝဝ ဝန်းကျင်ဖြစ်ပြီး လိုင်စင်အပါအဝင် အင်ဂျင် အာမခံ တစ်နှစ်၊ ဒါမှမဟုတ် ကီလိုတစ်သောင်း အာမခံပါရှိပါတယ်။