ဆိုင်ကယ်ကိုယ်ထည်ကြီးပြီး ဟိုင်းဝေးခရီးအသုံးပြုဖို့အထူးသင့်တော်တာကြောင့် တရုတ်နိုင်ငံ Wuyang Honda ကုမ္ပဏီထုတ် DORIS 125 ဆိုင်ကယ်ဟာ မန္တလေးမြို့ပေါ်နဲ့ နယ်ဒေသတွေမှာပါ ရေပန်းစားတဲ့ဆိုင်ကယ်အဖြစ် ရပ်တည်နေပါတယ်။ HONDA နဲ့ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဖြစ်ပေမယ့် အရည်အသွေးနဲ့ ဒီဇိုင်းပိုင်း အထူးကောင်းမွန်လို့ လူကြိုက်များခြင်း ဖြစ်တယ်လို့သိရပါတယ်။
၂ဝ၁၈ မိုဒယ် DORIS 125 ဆိုင်ကယ်ဟာ တာဘိုပါတာကြောင့် အင်ဂျင်အပူလွန်ကဲမှု သက်သာစေနိုင်ပြီး ကိုယ်ထည်ကိုလဲ တုန်ခါမှုနည်းအောင် တည်ဆောက်ထားလို့ လမ်းကြမ်းနဲ့ တောင်ပေါ်ဒေသတွေမှာပါ သင့်တော်ပါတယ်။ အိတ်ဇောကိုလဲ ဆိုင်ကယ်ကိုယ်ထည်နဲ့ တစ်သားတည်း ဖြစ်အောင်တပ်ဆင်ထားမှုလို့ အသံညက်ညောမှုရှိပြီး တုန်ခါမှုနည်းတဲ့အပြင် အင်ဂျင်ဆွဲအားပိုမိုကောင်းစေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ခေတ်မီလှပတဲ့ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိတယ်လို့ ဒီဆိုင်ကယ်ကို မန္တလေးစျေးကွက်မှာတင်သွင်းဖြန့်ဖြူးပေးတဲ့ Khine Shwe Tae Co.,ltd က ဆိုထားပါတယ်။ အင်ဂျင်ပိုင်းကောင်းမွန်တဲ့အပြင် ဆီစားနှုန်းသက်သာတာကလဲ DORIS 125 ဆိုင်ကယ်ရဲ့အားသာမှုတစ်ခုဖြစ်ပါတယ်။ တစ်ဂါလံကျော်ဆံ့ဆီတိုင်ကီပါရှိပြီး ဆီအသုံးပြုမှုအနေနဲ့ ကတော့အောက်တိန်း ၉၂ ဖြစ်ဖြစ်၊ ၉၅ ဖြစ်ဖြစ် အသုံးပြုမယ်ဆိုရင်တော့ တစ်မျိုးထဲကို စွဲပြီးအသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။
ဆိုင်ကယ်ကိုယ်ထည်ကြီးပြီး စျေးကွက်ထဲမှာ(ခေါင်းကြီးဘီး)လို့ခေါ်ဆိုကြကာ ကာဗာသားနဲ့ သားရေသားတွေကို အကြမ်းခံပြီး ခိုင်ခံ့အောင် တည်ဆောက်ထားတယ်လို့ဆိုပါတယ်။1 Cylinder , 4-Stroke , Air-Cooled , OHC , Fi အင်ဂျင်အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးစွမ်းအင် ( Maximum Power ) အနေနဲ့ 6.0/7000(kw/r/min) ရှိပါတယ်။ ဘရိတ်စနစ်ကတော့ ရှေ့ဘီး ကို Disc ဘရိတ်၊ နောက်ဘီးကို Drum ဘရိတ်အသုံးပြုပေးထားလို့ စလစ်ဖြစ်မှု ကင်းဝေးစေနိုင်ပါတယ်။ တရုတ်ပြည် ပန်ကျုံးမြို့မှာ စက်ရုံရှိ ပြီး Honda ရဲ့ နံပါတ်(၆)အကြီးဆုံးစက်ရုံတစ်ခုလည်းဖြစ်ပြီး အရည်အသွေးပိုင်းကို အထူးကောင်းမွန်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။
အရောင်တွေအနေနဲ့ကတော့ ဆိုင်ကယ်အသုံးပြုသူအများစု ကြိုက်နှစ်သက်တဲ့အရောင်တွေဖြစ်တဲ့ အနီ၊ အနက်၊ နက်နီ ဆိုပြီး သုံးရောင်ထွက်ပါတယ်။ ၂ဝ၁၈ မိုဒယ် Wuyang HONDA ထုတ် DORIS 125 ဆိုင်ကယ်ရဲ့ စျေးနှုန်းက ကျပ် ၁၁ သိန်း နှစ်သောင်းဝန်းကျင်ရှိပြီး အာမခံ တစ်နှစ် ပါရှိပါတယ်။
ပြည်ဘုန်းမောင်