မန္တလေးမြို့မှ ရေပန်းစားဆိုင်ကယ် ANISHA Winner 125

2193

 

တရုတ်ဆိုင်ကယ်တွေထဲမှာ အရင်ကစီးနင်းမှုအများဆုံးဖြစ်ခဲ့တဲ့ ရုပ်ဆိုး ဆိုင်ကယ်ရဲ့ပုံပြောင်းအဖြစ် ဒီနှစ်ထဲမှာ ဝင်ရောက်လာတာကတော့ Winner 125 ဆိုင်ကယ်အမျိုးအစားပဲဖြစ်ပါတယ်။ Winner ဆိုင်ကယ် အမျိုးအစားဟာ ဆန်းသစ်တဲ့ ဒီဇိုင်း၊ အရောင်အသွေးလှပမှုနဲ့ ၁၂၅ အင်ဂျင်အသုံးပြုထားတာတွေကြောင့် ဒီနှစ်ထဲမှာလူကြိုက်များတဲ့ ဆိုင်ကယ်ဖြစ်လာပါတယ်။

ANISHA တရုတ်ဆိုင်ကယ်ဟာ ဒီနှစ်ထဲမှပြည်တွင်းဈေးကွက်ထဲကိုဝင်ရောက်လာတယ်ဆိုပေမယ့် အင်ဂျင်အဆွဲအရုန်းနဲ့ဒီဇိုင်းလှပမှု ကြောင့် နာမည်ရလာတာတွေ့ရပါတယ်။ အခု ANISHA က ထုတ်လုပ်တဲ့ Winner 125 ဆိုင်ကယ်မှာဆိုလည်း အင်ဂျင်ကို 125 CC အသုံးပြုထား သလို မီးကွိုင်မှာဆိုလည်း လျှပ်စစ်စီးဆင်းမှုပိုကောင်းအောင် ကြေးကွိုင် အစစ်ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။ သတ္တုကွိုင်ကို တစ်ချို့က ဆေးရည်စိမ်ပြီး သုတ်လိမ်းထားကြတာရှိပေမယ့် ANISHA Winner 125 ကတော့ သတ္တုကွိုင်အစစ်ကိုအသုံးပြုထားပြီး အင်ဂျင်စွမ်းဆောင် ရည် အပြည့်ထွက်စေရမယ်လို့ ကုမ္ပဏီဖက်က အာမခံထားပါတယ်။

ကာဗာသားတွေရဲ့ကြံ့ခိုင်မှာဆိုလည်း ANISHA Winner 125 ဆိုင်ကယ်ရဲ့ ကာဗာသားတွေဟာ ဆိုင်ကယ်အလှဆင်စတေကာတွေမှာသုံးတဲ့ရောင်ပြန်ပြေးလေးတွေကို ကာဗာသားမှာ တစ်ခါတည်း ရိုက်နှိပ်ထားတဲ့အတွက် အလှဆင်စတေကာကပ်ထားသလိုမျိုးဘေးပတ်ဝန်းကျင်ကို ထင်ဟပ်စေမှာဖြစ်သလို Accident  ဖြစ်ရင် ကွဲလွယ်မှုနည်းပါး စေဖို့ မာကြောကျစ်လစ်စွာ ထုတ်လုပ်ထားပါတယ်။

အလှဆင်စတေကာကပ်ထားသလို ထင်ဟပ်စေမယ့်ကာဗာမှာ တစ်ခါတည်းရိုက်နှိပ်ထားတဲ့ ရောင်ပြန်ပြေးလေးတွေကိုတော့ ဘေးကာဗာ တွေအပြင် ဆိုင်ကယ်အိတ်ဇောနေရာမှာပါ ကပ်ပေးထားတဲ့အတွက် ဆိုင် ကယ်ရဲ့အလှကို ပိုမိုရုပ်လုံးြွကစေပါတယ်။ ဒိုင်ခွက်မှာဆိုလည်း ကာလာ မီးလေးတွေနဲ့ လှပအောင် တည်ဆောက်ထားသလို ရှေ့မီးကြီးမှာ လည်းနေ့ခင်းအတွက် Slient  မီးကို LED မီးအပြာရောင် အသုံးပြုထားပါ တယ်။ ရှေ့မီးကြီးကတော့ အဝါရောင်ဆိုပေမယ့် မီးလင်းအားကောင်း အောင်လို့ မီးကွိုင်ကို ကြေးကွိုင်အစစ်သုံးထားပါတယ်။ နောက်ထူးခြား ချက်က တရုတ်ဆိုင်ကယ်အများစုဟာ အခုနောက်ပိုင်း ခါးကယ်ရီယာခုံ မပါကြတော့ပေမယ့် အခု ANISHA Winner 125 မှာတော့ ခါးကယ်ရီ ယာခုံပါရှိပြီး ဘရိတ်ကိုလည်းရှေ့ဘီးအတွက် Disc ဘရိတ်နဲ့ နောက်ဘီး အတွက် Drum ဘရိတ် အသုံးပြုပေးထားလို့ ဆိုင်ကယ်အရှိန်နှုန်းကို တိတိကျကျထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။

ANISHA Winner 125 မှာ ထူးချက်ချက်နောက်တစ်ခုက Tool Box ကို ဖင်ထိုင်ခုံအောက်မှာအပြင် ခါးကယ်ရီယာခုံအပေါ်နားမှာပါ ဖုန်းထည့်လို့ရနိုင်မယ့် ွှသသူ သြထ တစ်ခုပါထည့်သွင်းထားသလို  Hight Way သွားတဲ့သူတွေအဆင်ပြေစေဖို့ ဖုန်းအားသွင်းတဲ့ USB ပေါက် လည်းပါရှိပါတယ်။ အရောင်တွေကတော့ အနက်ရောင်၊ ကြက် သွေး ရောင်၊ ငှက်ခါးစိမ်းရောင်တွေနဲ့ ထုတ်လုပ်ထားပြီးအင်ဂျင်ကိုတော့ Warranty  ပေးထားပြီး ဈေးကတော့ ကျပ် ၆၅၀,ဝ၀ဝ ဝန်းကျင်ရှိ ပါတယ်။

 

ကျော်ကျော်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here