မန္တလေးမြို့တွင် လမ်းလျှောက်သကြင်္န်ကြောင့် ယခုနှစ်သကြင်္န်ကာလ၌  ယာဉ်မတော်တဆမှု လျော့နည်း

773

မန္တလေး၊ ဧပြီ

မန္တလေးမြို့တွင် လမ်းလျှောက်  သကြင်္န်ပြုလုပ်လိုက်သဖြင့် ယခုနှစ် သကြင်္န်ကာလ၌ ယာဉ်မတော်တဆမှု လျော့နည်းသွားကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ်(၁၄)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ တာဝန်ရှိ ယာဉ်ထိန်းအရာရှိတစ်ဦးက ပြောသည်။

”သကြင်္န်အတွင်း ယာဉ်တိုက်မှု တော်တော်လေးနည်းပါတယ်၊ လမ်းလျှောက်သကြင်္န် လုပ်လိုက်တာကြောင့်လည်း ပါသလို ယာဉ် အသုံးပြုသူတွေကလည်း သကြင်္န်အတွင်းမှာ စည်းကမ်းရှိလာတာကြောင့်လည်း ပါပါတယ်”ဟု ၎င်း က ဆိုသည်။

၂ဝ၁၈ ခုနှစ် သကြင်္န်ကာလအတွင်း မန္တလေးမြို့၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ လေးဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံး၏ သကြင်္န်ကာလ ယာဉ်တိုက်မှုစာရင်းများအရ သိရသည်။

မန္တလေးတိုင်း တစ်တိုင်းလုံး တွင် သကြင်္န်ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ယာဉ်တိုက်မှု ၄၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၁ ဦးရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ် အများစုမှာ သကြင်္န်ကာလအတွင်း၌ ဖြစ်ပွားသော်လည်း သကြင်္န်နှင့် ပတ်သက်သည့် ယာဉ်တိုက်မှုဖြစ်စဉ် နည်းပါးပြီး မန္တလေးတိုင်း တစ်တိုင်းလုံး၌ သကြင်္န်နှင့်ပတ်သက်သည့် ယာဉ်တိုက်မှုအနေဖြင့်မူ သုံးမှုသာ ဖြစ်ပွားကာ သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရရှိသူဦးရေနှစ်ဆယ်ရှိခဲ့ကြောင်း ယာဉ်ထိန်းရုံးစာရင်းများအရ သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း အများစုမှာ ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ၃၄ မှုတွင် မော်တော်ယာဉ် နှင့် ဆိုင်ကယ်တိုက်မှု ၁၂ မှုနှင့် မော်တော်ယာဉ်ကြောင့်ဖြစ်ပွားမှု သုံး မှုရှိကာ သေဆုံးသူအများဆုံးမှာ ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုကြောင့် အများဆုံးဖြစ်ကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here