မန္တလေးမြို့တွင်  ယာဉ်စည်းကမ်းထိန်းသိမ်းနိုင်ရေးအတွက် အင်တာနက်အခြေခံသည့်နည်းပညာများ  တပ်ဆင်အသုံးပြုမည်

669

မန္တလေး၊ ဧပြီ

မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းနိုင်ရေးအတွက် အင်တာနက်ကိုအခြေခံသည့် နည်းပညာများ တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

၂ နှစ်တာကာလ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ၌ မြို့တော်ဝန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ မန္တလေးမြို့တွင် အဆင့်မြင့် ကွန်ပျူတာစနစ်သုံး SCATS (Sydney Coordinate Adaptive Traffic System) များ တပ်ဆင်ခဲ့ပြီး အဆိုပါစနစ်မှာ လမ်းဆုံတစ်ခုတွင်ရှိသော ယာဉ်လမ်းကြောင်းများအရ သွားလာရသည့် ယာဉ်အစီးရေပမာဏပေါ်မူတည်၍ ကွန်ပျူတာစနစ်မှ အလိုအလျောက်ထိန်းညှိဆောင်ရွက်ပေးသည့်စနစ်ဖြစ်ရာ မီးပွိုင့်စောင့်ဆိုင်းရမှု လျော့နည်းစေခြင်း၊ ယာဉ် မတော်တဆမှု လျော့နည်းစေခြင်း၊ အချိန်တိုအတွင်း ယာဉ်အစီးရေများစွာ ဖြတ်သန်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကြိုးမရှိသည့် မြို့နယ်များတွင် လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် ရိုးရိုး LED မီးပွိုင့်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

စည်ပင်သာယာရေး ကော်မတီပိုင် မန္တလေးမြို့တွင်း ခြောက်မြို့ နယ်အတွင်း ၂ဝ၁၆-၂ဝ၁၇ ဘ@ာ နှစ်၌ ရိုးရိုးမီးပွိုင့် ၄၇ ခု၊ SCATS စနစ်သုံး မီးပွိုင့် ၂၁ ခု၊ ၂ဝ၁၇-၂ဝ၁၈ ဘ@ာနှစ်၌ ရိုးရိုးမီးပွိုင့် ငါး ခု၊ SCATS မီးပွိုင့် ၁၁ ခု စုစုပေါင်း ရိုးရိုးမီးပွိုင့် ၅၂ ခုနှင့် SCATS မီးပွိုင့် ၃၂ ခု တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် SCATS စနစ်သုံး မီး ပွိုင့်များ၌ စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များအား မှတ်တမ်းတင်နိုင်ရေးအတွက် Hik Version ကင်မရာပေါင်း ၁၁၇ လုံး တပ်ဆင်ထားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ လမ်းအသုံးပြုသူအားလုံး အန္တရာယ်ကင်းရှင်းရေး ကင်မရာမှတစ်ဆင့် စောင့်ကြည့်နေခြင်းဖြင့် လမ်းဆုံမီးပွိုင့်များတွင် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသော အခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                                                                            ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here