မန္တလေး၊ ဇန်နဝါရီ
မန္တလေးမြို့တွင် ပထမဆုံးဖြစ်သည့် ၂၄ နာရီ ဝန်ဆောင်မှုပေးမည့် ကားဝန်ဆောင်မှုလုပ်ငန်းကို ဇန်နဝါရီ ၁၈ ရက်မှ စတင်နေပြီဖြစ်ကြောင်း ‘ Harvard Auto One-stop Service ကုမ္ပဏီ’ အထွေ ထွေတာဝန်ခံ ကိုအောင်ဟိန်းထက်က ပြောသည်။
”ညသန်းခေါင် လမ်းမှာပျက်နေတာပဲဖြစ်ဖြစ် ဖုန်းဆက်ပြီး အကြောင်းကြားရင် လာယူပေးပါမယ်၊ ကားပျက်တာ ဘယ်နေရာဖြစ်ဖြစ် လာယူပေးပါတယ်၊ ဝန်ဆောင်ခကိုတော့ ခရီးအကွာအဝေးတွက်ပြီး ဆီဖိုးနဲ့ ဝန်ဆောင်ခနည်းနည်းပဲ ကျသင့်မှာပါ”ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ဝန်ဆောင်မှုပေးရာ၌ မြို့တွင်းဖြစ်ပါက ဝန်ဆောင်ခပေးရန်မလိုဘဲ မြို့ပြင်နှင့် ညအချိန်ခေါ် ဆိုမှုများသာ ဝန်ဆောင်ခကျသင့်မည်ဖြစ်ကြောင်း သိရသည်။ မော် တော်ယာဉ်နှင့် ပတ်သက်သည့် အရှေ့ အောက်ပိုင်း မျက်မြင်စစ်ဆေးပေးခြင်း၊ အနောက်အောက်ပိုင်းမျက်မြင် စစ်ဆေးပေးခြင်း၊ ကားအောက်ပိုင်း စစ်စက်ဖြင့် မျက်မြင် စစ်ဆေးပေးခြင်း၊ ဘရိတ်ပိုင်းကို မျက်မြင်စစ်ဆေးပေးခြင်း၊ အလိုင်းမန့်ချိန်ပေးခြင်း၊ ဘရိတ်ဆီ မျက်မြင်စစ်ဆေးပေးခြင်း စသည့် မော်တော်ယာဉ်စစ်ဆေး ပြုပြင်ခြင်းများနှင့် အလှဆင်ခြင်းများကို ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မိုဒယ်မြင့်ကားများအတွက်လည်း G Scan 2 Autel Xtool စသည့် Scanner များဖြင့် တိကျစွာ စစ်ဆေးပြုပြင်နိုင်ကြောင်းနှင့် ဆန်းပြားလှပခေတ်မီသော ကားအလှဆင်ပစ္စည်း အစုံအလင်အပြင် အပိုပစ္စည်းများကိုလည်း ဂျပန်ကား အပါအဝင် Brand New ကားများအတွက်ပါ အစုံအလင်ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကားတစ်စီး အောက်ပိုင်းစနစ်ကို ယေဘုယျစစ်ဆေးပေးခြင်းနှင့် မောင်းနှင်မှုတွင် အဓိကကျသော ဂီယာဘောက်စ်အပိုင်းများ စစ်ဆေးပေးခြင်းတို့မှာ ကျပ်တစ်သောင်း ကျသင့်မည်ဖြစ်ပြီး ကားတစ်စီး လမ်းချော၊ လမ်းကြမ်းမောင်းနှင်နိုင်ရန် ကားအောက်ပိုင်းများ ဖြုတ်၍ စစ်ဆေးရပါက ကျပ်နှစ်သောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
ပရိုမိုးရှင်းကာလ ဖြစ်သည့် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အတွင်း ဖော်ပြပါ ကားစစ်ဆေးမှု သုံးမျိုးစလုံး ပြုလုပ်ပါက ကားရေဆေးခြင်းနှင့်၊ အင်ဂျင်ဝိုင်လဲလှယ်မှု အခမဲ့ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်ဘုန်းမောင်၊ကျော်ကျော်အောင်(ကလေးမြို့)