မန္တလေးနှင့်အနီးတစ်ဝိုက်ဒေသများတွင် Edu Travel များ ပြုလုပ်သွားရန် စီစဉ်နေ

55

 

မန္တလေး၊ ဇန်နဝါရီ
မန္တလေးမြို့နှင့်အနီးတဝိုက်ဒေသများတွင် နေ့ချင်းပြန်သွားရောက်လည်ပတ်မည့်ခရီးစဉ်များ အကောင်အ ထည်ဖော်ရာ၌ ခရီးမသွားတတ် သူများကို ခရီးသွားတတ်စေရန် သင်ကြားပေးသွားမည့် Edu Travel အစီအစဉ်ကို အကောင်အထည်ဖော်သွားရန် စီစဉ်နေကြောင်း မန္တလေး ဧည့်လမ်းညွှန်အသင်းမှ သိရသည်။
“ခရီးသွားတွေကို ခရီးမ သွားတတ်လို့ သွားတတ်အောင် နိကခအေန လုပ်မယ့်သဘောပါ၊ အဲ ဒါကို ဈေးနှုန်းသက်သက်သာသာနဲ့ လုပ်မယ်၊ အများကြီးသက်သာ အောင်လုပ်မယ်၊ သက်သာအောင် ဘယ်လိုနည်းနဲ့ လုပ်မလဲဆိုရင် ကျွန်တော်တို့အသင်းက တခြား အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တော့ ဈေးလျှော့ခိုင်းရမှာပေါ့၊ အဲဒီ လိုမျိုးလုပ်ဖို့ ကျွန်တော်တို့မန္တလေး ဧည့်လမ်းညွှန်အသင်းက စီမံချက် ဆွဲထားတာရှိပါတယ်”ဟု အဆိုပါ အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း Edu Travel ခရီးစဉ်များ အကောင်အထည်ဖော်ရာတွင် ဌာနဆိုင်ရာများ၏ ပူးပေါင်းခွင့်ပြု ချက်လိုအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ပလူမည်သူ မဆို လိုက်ပါလိုသူများကို ဈေးနှုန်း သက်သာသော နှုန်းထားတစ်ခုသတ်မှတ်၍ မန္တလေးဧည့်လမ်းညွှန်အသင်းမှ ဦးဆောင်စီစဉ်ပေး သွားမည်ဖြစ်ကာ Covid-19 ဘေး အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်မှု များနှင့်အညီ လုပ်ဆောင်သွားရန်စီစဉ်ထားကြောင်း အဆိုပါအသင်း မှ ထပ်မံသိရသည်။
“ဥပမာ လင်းပိုင်ခရီးစဉ်သွား ကြည့်တာမျိုး၊ ရွာထဲကိုဝင်မလည်ဘူး၊ မော်တော်နဲ့သွားမယ်၊ သောင် ပြင်ပေါ်မှာ အိပ်မယ်၊ချက်ပြုတ်စားမယ်၊ ပြန်လာမယ်၊ အဲဒီမှာ ဘာပေး မလဲဆိုရင် ဧရာဝတီလင်းပိုင်နဲ့ပတ် သက်တဲ့ Awareness ၊ Travel Awarenessခေါ်တာပေါ့၊အဲဒီလို မျိုးခရီးစဉ်တွေ ဖန်တီးခြင်းအားဖြင့် ခရီးသွားချင်တဲ့သူတွေအနေနဲ့ခရီး လည်းသွားရ၊ ဗဟုသုတလည်းရ မယ်”ဟု မန္တလေးဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ထပ်မံ ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here