မန္တလေးတွင် Brand New ထိုင်း Honda ဆိုင်ကယ်ရောင်းသည့်ဆိုင် နည်းလာ

1178

မန္တလေး၊ ဒီဇင်ဘာ ၂၄
မန္တလေးမြို့တွင် ထိုင်း Honda ဆိုင်ကယ် ရောင်းချသည့်ဆိုင်များ စွာရှိသော်လည်း အမှန်တကယ် Brand New စစ်စစ်(ကီလို ဝ)ဖြင့် ရောင်းချသည့် ဆိုင်အရေအတွက် နည်းပါးလာကြောင်း ဆိုင်ကယ် စျေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။

‘‘မန္တလေးမှာ ထိုင်းဆိုင်ကယ် ရောင်းချတဲ့ဆိုင်တွေတော့ များလာ တယ်၊ ဒါပေမဲ့ ကီလို Zero နဲ့ Brand New စစ်စစ်ရောင်းတဲ့ဆိုင် တွေတော့ နည်းလာတယ်၊ Brand New က အပြိုင်အဆိုင်များတော့ အမြတ် သိပ်မကျန်ဘူး၊ ဒီတော့ အများစုက ထိုင်းဘက်မှာရက်ပိုင်းအနည်းငယ်လေး စီးထားပြီး မြန်မာနိုင်ငံကို တင်သွင်းလာတဲ့ Brand New နီးပါးကောင်းတဲ့ ဆိုင်ကယ်တွေကိုပဲ အားထားရောင်းကြတော့တာ၊ အဲဒီဘီးကိုတော့ ဆိုင်ကယ်စျေးကွက်မှာ အင်စတော်မာ ဘီး လို့ ခေါ်တယ်၊ အဲဒီဘီးက Brand New ထက်စာရင် အမြတ်ပို ကျန် တော့ အများစုက Brand New ဘီး ကို ရောင်းရတာ စိတ်ဝင်စားမှုနည်း လာကြတယ်၊ အင်စတော်မာဘီးကိုပဲ ပိုရောင်းလာကြတယ်’’ဟု မန္တလေး မြို့ခံဆိုင်ကယ် စျေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

အရောင်းစျေးကွက်ထဲတွင် ဝယ်ယူသူအများစုသည် Brand New ရရှိလိုသည်ထက် ကျပ်နှစ် သိန်းခန့် သက်သာသော အင်စ တော်မာဘီးကိုသာ ပိုမိုရွေးချယ်လာ ကြပြီး Warranty ကိုလည်း Brand New ဆိုင်ကယ်များ နည်းတူ အင်ဂျင်တစ်နှစ် အာမခံပေး၍ ရောင်း ချကြလေ့ရှိကြောင်း ဆိုင်ကယ် စျေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။

‘‘အင်စတော်မာဘီးက ထိုင်းဘက်မှာ အနည်းငယ်တော့ စီးခဲ့ပြီး သားဖြစ်တဲ့အတွက် ကီလိုအနည်း ငယ်တော့ ပါတာပေါ့၊ ကီလိုအနည်းငယ်ပါပေမဲ့ အသစ်နီးပါးအတိုင်း ကောင်းမွန်နေတာအပြင် စျေးသက်သာလို့ အများစုက အင်စတော် မာဘီးကိုပဲ ဝယ်ကြတယ်၊ မန္တလေး မှာတော့ အင်စတော်မာဘီးက စျေးကွက်ဝေစု များလာတာရော၊ ဆိုင်ကယ် ရောင်းချတဲ့သူတွေအနေနဲ့ အင်စတော်မာဘီးကမှ အမြတ်ပိုကျန်တော့ အများစု အင်စတော်မာဘီးကိုပဲ ဦးစားပေးရောင်း လာကြတယ်’’ ဟု မန္တလေးမြို့ခံ ဆိုင်ကယ်စျေးကွက် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
ကျော်ကျော်အောင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here