မန္တလေးတွင် သကြင်္န်ကာလအတွင်း သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ဘေးတွဲယာဉ်များဖြင့် လည်ပတ်ခွင့်မပြု

881

မန္တလေး၊မတ်

မန္တလေးမြို့တော်တွင် လာမည့်ဧပြီ လ ၁၃ ရက်မှ ၁၇ ရက်အတွင်းကျင်းပမည့် မဟာသကြင်္န်ပွဲတော်ကာလအတွင်း သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ဘေးတွဲယာဉ်များ စီးနင်း၍ရေပက်ခံလည်ပတ်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ သိရသည်။

”သကြင်္န်တွင်းမှာ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲယာဉ်နဲ့ ထော်လာဂျီ စတဲ့အနှေးယာဉ်တွေနဲ့ ရေပက်ခံလည်ခွင့်ပြုမှာ မဟုတ်ပါဘူး၊ အဓိကတော့အဲဒီအနှေးယာဉ်တွေမှာ လုံခြုံမှုအားနည်းပြီး အန္တရာယ်များလို့ပါ”ဟုမန္တလေးတိုင်းဒေသကြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကော် မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်တွင်လက်ရှိ ၌ ၇၈ လမ်း၊ ၇၃ လမ်း၊သိပ္ပံလမ်း၊ ၂၆ လမ်း စသော အဓိကလမ်းမကြီး များတွင် သုံးဘီးဆိုင်ကယ်ဝင်ရောက်မောင်းနှင်ခွင့်ကို ပိတ်ပင်ထားသည့်အလျောက် လာမည့် သကြင်္န်ပွဲတော်ကာလတွင်လည်း ယင်းအနှေးယာဉ်များဖြင့် ရေပက်ခံထွက်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ တွေ့ရှိပါက ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

”သကြင်္န်ပွဲတော်အတွင်းမှာ ကျုံးပတ်လည်နဲ့ လူစည်ကားရာနေရာတွေမှာ ၂၄နာရီလုံခြုံရေးချထားမှာဖြစ်တဲ့အတွက် အဲဒီလို သုံးဘီးနဲ့ ဆိုင်ကယ်ဘေးတွဲယာဉ်တွေ ရေပက်ခံလည်တာတွေ့ရင် ချက်ချင်း သိမ်းဆည်းပြီး အရေးယူမယ်၊ သ ကြင်္န်ပြီးမှ တရားရုံးတင် ဒဏ်ရိုက် အရေးယူပြီးမှ ပြန်ထုတ်ပေးမယ်”ဟု မန္တလေးတိုင်း အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

သုံးဘီးဆိုင်ကယ်သည်တရားဝင်တင်သွင်းမောင်းနှင်ခွင့်ပြုထားသော ယာဉ်ဖြစ်သော်လည်းမြို့ ယာဉ်ကြောကြပ်တည်းမှုအခြေအနေအရ မန္တလေးမြို့တွင်းအဓိကလမ်းမကြီးများ၌ မောင်းနှင်ခွင့်တားမြစ်ထားရာ ဆိုင်ကယ်ဘေးတွဲယာဉ်မှာမူ တရားမဝင်မဟုတ်သည့်အတွက် မည်သည့်လမ်းတွင်မျှမောင်းနှင်ခွင့်မရှိကြောင်း၊ ထို့ပြင်ထော်လာဂျီယာဉ်သည်လည်း အနှေးယာဉ် ဖြစ်၍ ရေပက်ခံလည်ပတ်သူများ အတွက် အန္တရာယ်အလွန်များပြားသည့်အတွက် ယင်းသို့သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ ခွဲမှူးရုံးမှ ထပ်မံသိရသည်။

”ဆိုင်ကယ်တွေလည်းနှစ်ယောက်ထက်ပိုပြီး လူပိုတင်ဆောင်တာတွေ အိတ်ဇောတပ်ဖြုတ်ပြီး မောင်းနှင်တာတွေအိတ်ဇောသံ ဆူညံအောင်မောင်းနှင်တာတွေအရေးယူပါမယ်၊ ယာဉ်မောင်းသူတွေအနေနဲ့ သရုပ်ပျက်မျက်နှာဖုံးနဲ့ ရုပ်ဖျက်မျက်နှာဖုံးတွေတပ်ဆင်မောင်းနှင်ရင်လည်း အရေးယူပါမယ်”ဟု အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးမြို့တော်တွင် မဟာ သကြင်္န်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် ကျုံးအရှေ့ဖက် ၆၆လမ်း(၁၉လမ်းမှ ၂၅ လမ်းအတွင်း)တွင် တောသကြင်္န်ညစျေး၊၂၆ လမ်းမြောက်ဖက် ပေ ၄၅ဝ အထိ နေ့ညစျေးဆိုင်တန်းများ၊ ၁၂ လမ်းမှလမ်း၂ဝကြားတွင် ရေကစား မ@ပ်များနှင့် လမ်းလျှောက်သကြင်္န်ကို ကျုံးတောင်ဖက်ခြမ်း ၂၆ လမ်းတစ်လျှောက်(၆၆ လမ်းမှ ၇၈လမ်းကြား)တွင် နေရာပေးထား၍ နိုင်ငံခြားခရီးသွားလုပ်ငန်းရှင်များအသင်းကို ၂၆လမ်း (၆၆လမ်းနှင့်၆၉ လမ်းကြား)တွင်လည်းကောင်း၊ကျုံးမြောက်ဖက်ခြမ်းတွင် ရေကစားမ@ပ် များကိုလည်းကောင်း၊ကျုံးအနောက်ဖက်ခြမ်းတွင် မိသားစုရေစုပ်စက်များနှင့် ရေကစားမ@ပ် များကိုလည်းကောင်း စသည်ဖြင့်အသီးသီး နေရာသတ်မှတ်ပေးထားကာ မြို့တွင်းရပ်ကွက်များ၊ကန် တော်ကြီးအနီးတဝိုက်နှင့် မနော် ရမ္မံကွင်းတွင် လူငယ်များအတွက် ရေကစားနိုင်ရန် နေရာများကို လည်းကောင်း ခွင့်ပြုပေးသွားမည် ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here