မန္တလေးတွင် ယာယီနံပါတ်ဖြင့် Taxi ပြေးဆွဲနေသော သုံးဘီးဆိုင်ကယ်များအား ရှောင်တခင်ဖမ်းဆီး

1854

မန္တလေး၊ ဇူလိုင် ၃၁
မန္တလေးမြို့တွင် ယာယီနံပါတ်ဖြင့် Taxi ပြေးဆွဲနေသော ခရီးသည် တင် သုံးဘီးဆိုင်ကယ်များအား ဇူလိုင်လ စတုတ္ဃပတ်အတွင်း ရှောင်တခင်ဖမ်းဆီး၍ အရေးယူမှုများ ပြု လုပ်ခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးနှင့် သုံးဘီး Taxi ပြေးဆွဲနေသူများထံမှ သိရ သည်။
‘‘ယာယီနံပါတ်နဲ့ ပြေးဆွဲနေ တဲ့ သုံးဘီးဆိုင်ကယ် Taxi တွေ အစီးရေတော်တော်များများ ဖမ်းခံရတယ်၊ ကျွန်တော်က မြို့ထဲသိပ် မပြေးလို့ အဖမ်းမခံရဘူး၊ ဒဏ်ငွေ ကလည်း တရားရုံးမှာ ဆောင်ရတာ များတယ်လို့ ကြားတယ်၊ ဒဏ်ကြေး ကိုတော့ တချို့က သုံးဘီးကုမ္ပဏီ ကစိုက်ပြီး ဆောင်ပေးကြတယ်၊ တချို့ က ကိုယ့်စရိတ်နဲ့ကိုယ် ဆောင်ကြရ တယ်’’ဟု သုံးဘီးဆိုင်ကယ် Taxi ပြေးဆွဲနေသူ မန္တလေးမြို့ခံ ဦး ညီညီနိုင်က ပြောသည်။
မန္တလေးမြို့တွင် ယခုနှစ် မတ်လပိုင်းမှစ၍ Bajaj RE ၊ Matador စသော ခရီးသည်တင်သုံးဘီး ဆိုင်ကယ်များကို အသုံးပြု၍ Taxi ပြေးဆွဲမှု တွင်ကျယ်လာပြီး နောက်ပိုင်း ယာယီနံပါတ်ဖြင့် ပြေးဆွဲ လျက်ရှိသော သုံးဘီးများကို ဖမ်းဆီးမှုမှာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း၊ ယင်းသုံးဘီးဆိုင်ကယ် များကို ဝယ်ယူစဉ်ကတည်းက တရားဝင်လိုင်စင် မကျသေးသဖြင့် ယာယီနံပါတ်ဖြင့် ပြေးဆွဲနေကြခြင်း ဖြစ်ကာ ကုမ္ပဏီက စီးခွင့်ရသည်ဟု ပြောထားသည့်အတွက် မြို့တွင်း၌ သွားလာ မောင်းနှင်ကြခြင်း ဖြစ် ကြောင်း မန္တလေးမြို့ခံ သုံးဘီး ဆိုင်ကယ် Taxi ပိုင်ရှင်များက ပြောသည်။
‘‘သုံးဘီး စဝယ်ကတည်းက လိုင်စင်မကျသေးခင် ကြားကာလ ကိုတော့ ယာယီနံပါတ်နဲ့ ပြေးဆွဲရ မယ်လို့ ကုမ္ပဏီကပြောတယ်၊ ဒါနဲ့ ယာယီနံပါတ်နဲ့ပဲ ပြေးဆွဲနေတယ်၊ အခုတော့ ဖမ်းခံရတယ်၊ ကျွန် တော်တို့ကိုတော့ ကုမ္ပဏီက ဒဏ် ကြေး ဆောင်ပေးတယ်၊ အသိမိတ် ဆွေတွေထဲက တချို့သုံးဘီးသမား တွေကတော့ ကုမ္ပဏီက မဆောင်ပေးလို့ ကိုယ့်စရိတ်နဲ့ ကိုယ်ဆောင် ရတယ်၊ ဒဏ်ကြေးက တစ်စီးကို ငါးသောင်း ဆောင်ကြရတယ်’’ဟု သုံးဘီးဆိုင်ကယ် Taxi ပြေးဆွဲ နေသူ မန္တလေးမြို့ခံတစ်ဦးက ဆို သည်။
သုံးဘီးဆိုင်ကယ် သာမက မည်သည့်ယာဉ်မဆို ယာယီနံပါတ် ကားများသည် အမှန်တကယ်တွင် တရားဝင်နံပါတ်မကျမီ ကညနမှ မိမိအိမ်နှင့် ကညနရုံးသို့ လိုင်စင် ကိစ္စများ ဆောင်ရွက်ရာ၌ သွားလာ ခွင့်ရရှိစေရန် ကနဦး ထုတ်ပေးထား သော နံပါတ်ဖြစ်ခြင်းကြောင့် လမ်းမ များပေါ်တွင် မောင်းနှင် သွားလာ ခွင့်မရှိကြောင်း၊ ယခုအခါ အမှတ်(၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ညွန် ကြားသဖြင့် ယင်းသို့ ရှောင်တခင် ဖမ်းဆီးရခြင်းဖြစ်ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
‘‘တကယ်တော့ ယာယီနံ ပါတ်ဆိုတာ ကိုယ်တပ်ချင်တဲ့ နံပါတ် တပ်လို့မရဘူး၊ ကညနက သူတို့ သတ်မှတ်ချက်နဲ့ ထုတ်ပေး ထားတဲ့ စတိနံပါတ်ကိုပဲ တပ်ဆင် ခွင့်ရှိတာ၊ အခုဟာက တချို့က အင်ဂျင်နံပါတ်တွေအကုန်ရေးပြီး ကိုယ့်ဘာသာကိုယ် တပ်နေကြတယ်၊ ပြီးတော့ စတိနံပါတ် ဆိုတာက တရားဝင် လိုင်စင်မကျခင် သုံးလ အတွင်း ကညနရုံးနဲ့ အိမ်နဲ့ကို ခဏမောင်းခွင့်ရအောင် ယာယီ ထုတ်ပေးထားတာပါ၊ တရားဝင် လိုင်စင်ကို သုံးလအတွင်းအပြီး ဆောင်ရွက်ရမှာပါ၊ အခုက ယာယီ နံပါတ်တပ်ပြီး သုံးလကျော်လည်း ကညနရုံးနဲ့ အိမ်နဲ့တင် မဟုတ် တော့ဘူး၊ ခရီးသည်တွေ တင်ပြီး နေရာအနှံ့ မောင်းနေကြတော့ ဥပ ဒေနဲ့မကိုက်ညီလို့ အရေးယူရတာ ပါ၊ အရေးယူတဲ့ အစီးရေကတော့ တော်တော်များတယ်’’ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြောဆိုသည်။
ယာယီနံပါတ် တပ်ဆင်ပြေး ဆွဲမှုကြောင့် မော်တော်ယာဉ်တရား ရုံးသို့ ဒဏ်ကြေးဆောင်ပေးလိုက်ရသည်မှာ Bajaj RE သုံးဘီးဆိုင် ကယ်များ တင်သွင်းလျက်ရှိသော Power Moto ကုမ္ပဏီတစ်ခုတည်း Customer ၁၈ ဦး ရှိခဲ့ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူများထံမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here