မန္တလေးတွင် ယာဉ်တိုက်မှုဖြစ်စဉ်အားလုံး၏ လူသေဆုံးမှု သုံးပုံတစ်ပုံခန့်မှာ ဆိုင်ကယ်နှင့် ကား အရှိန်လွန်တိုက်မိ၍ဖြစ်

622

 

မြန်မာနိုင်ငံတွင် ယာဉ်အစီးရေ ဒုတိယ အများဆုံးနှင့် ဆိုင်ကယ် အစီးရေ အများဆုံးဖြစ်သော မန္တ လေးမြို့၌ ဆိုင်ကယ်အရှိန်ပြင်း မောင်းရာမှတစ်ဆင့် ဆိုင်ကယ်နှင့် ကားတိုက်၍ လူသေဆုံးမှုမှာ ယာဉ် တိုက်မှုဖြစ်စဉ်အားလုံးတွင် သုံးပုံ တစ်ပုံခန့်ပါဝင်နေကြောင်း မန္တလေး တိုင်း အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒု တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

”မန္တလေးမှာက ဆိုင်ကယ်နဲ့ အဓိက သွားကြ လာကြတယ်၊ အရှိန်ပြင်းမောင်းကြတာ များတော့ ယာဉ်တိုက်မှုဖြစ်လိုက်ရင် အရှိန် ပြင်းရင် ပြင်းသလို လူသေတာ၊ ဒဏ်ရာရတာက အတော်လေးများ တယ်၊ ဆိုင်ကယ်ချင်းတိုက်တာက သေတဲ့သူမရှိဘူး မဟုတ်ဘူး ရှိ တယ်၊ ဒါပေမဲ့နည်းတယ်၊ အဓိက ဆိုင်ကယ်နဲ့ ကား တိုက်လိုက်ရင် သေတဲ့သူက ယာဉ်တိုက်မှုဖြစ်စဉ် အားလုံးရဲ့ သုံးပုံတစ်ပုံရှိတယ်၊ အဲ ဒီမှာ မျက်နှာချင်းဆိုင် တိုက်တာ လည်းရှိသလို လမ်းအဖြတ်အကူး တွေမှာ အရှိန်ပြင်းတိုက်တာတွေ လည်းရှိတယ်”ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင်တွင် ယခုနှစ် ဇန်နဝါရီလမှ ပြီးခဲ့သည့် စက်တင် ဘာလအထိ ယာဉ်တိုက်မှု ၂၅၄ မှုအနက် ဒဏ်ရာရရှိသူ ၂၆၅ ဦး၊ သေဆုံးသူ ၁၄၃ ဦးရှိခဲ့ပြီး ယခင် နှစ်ထက် သေဆုံးသူများလာကြောင်း နှင့် ယာဉ်တိုက်မှု ဖြစ်စဉ်များ၏ သုံးပုံ နှစ်ပုံခန့်မှာ ဆိုင်ကယ်ပါဝင် သောအမှုများဖြစ်ကာ ဆိုင်ကယ် နှင့် ကားတိုက်မှုကြောင့် သေဆုံးသူ မှာ ပိုမိုများပြားကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

”ဆိုင်ကယ်ကနေ စက်ဘီး တိုက်တာ၊ လမ်းလျှောက်နေတဲ့လူ တိုက်မိတာ၊ တခြားအရာဝတ္ထုတွေ ကို ဝင်တိုက်ရင်းနဲ့ သေတဲ့သူကနည်း တယ်၊ အဖြစ်များတာကတော့ ဆိုင်ကယ်ချင်းတိုက်တာနဲ့ ဆိုင်ကယ် နဲ့ ကားတိုက်မှုက လူသေတာအများ ဆုံးပဲ၊ ဘာကြောင့်လဲဆိုရင် နှစ်ဖက် စလုံးက အရှိန်နဲ့မောင်းကြရင်း ဖြစ် တာဆိုတော့ မသေရင်တောင် ဒဏ်ရာရတာ များတယ်”ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ မှူးရုံးမှ ရဲအရာရှိတစ်ဦးကဆိုသည်။

မန္တလေးမြို့သည် ဆိုင်ကယ် ကို အဓိကထားအသုံးပြု၍ သွား လာသည့်မြို့ဖြစ်သည့်အပြင် လုပ် ငန်းကိစ္စများနှင့် ကိုယ်စီသွားလာနေ ကြသဖြင့် အရှိန်ပြင်းမောင်းနှင်သူ မှာ ၉၀ ရာခိုင်နှုန်းခန့်ဖြစ်နေသည့် အတွက် မြို့တွင်းသတ်မှတ်ချက် ကီလိုနှုန်းထားအတိုင်း သတိဖြင့် မောင်းနှင်ကြရန် လိုအပ်ကြောင်း အဆိုပါရုံးရှိ တာဝန်ရှိသူများက အကြုံပြုသည်။

”မနေ့ညကလည်း ၇၁ လမ်းနဲ့ လမ်း ၃၀ ထောင့်နားမှာ Light Truck ကားက မီးနီပြနေလို့ရပ်ထား တာကို နောက်ကနေ မောင်းလာတဲ့ ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဖြစ် ပြီး ဝင်တိုက်မိရော၊ လူကတော့ ဘာမှသိပ်မဖြစ်ပေမဲ့ ဆိုင်ကယ် ကတော့ ရှေ့ပိုင်းကျိုးကြေကုန် တယ်၊ မန္တလေးက ဒီနှစ်ထဲ ဆိုင်ကယ်တွေ များလွန်းပြီး ယာဉ် ကြောကျပ်တာက အတော်လေးဆိုး လာတော့ ယာဉ်တိုက်မှုတွေလည်း မကြာခဏဖြစ်တယ်၊ ပုံမှန်အရှိန် နှုန်းလောက်နဲ့ပဲ သတိထားပြီး မောင်းရင် ပြဿနာမရှိပါဘူး၊ အခု ဟာက ပရမ်းပတာမောင်းတာတွေ များနေတယ်၊ ဌာနဆိုင်ရာတွေဘက် ကလည်း ပညာပေးမှုတွေ များများ လုပ်စေချင်တယ်”ဟု မန္တလေးမြို့ခံ ကိုနိုင်ဝင်းထွန်းက ၎င်းအမြင်ကို  ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here