မန္တလေးတွင် ဘေးတွဲဆိုင်ကယ်များ စတင်အရေးယူ

328

မန္တလေး၊ မတ် ၃
မန္တလေးမြို့တွင် ဆိုင်ကယ် ဘေးတွဲ(ခေါ်) ဆိုက်တွဲဆိုင်ကယ်များ သည် အန္တရာယ် များပြားလှ သည့်အပြင် ဥပဒေအရလည်း မော် တော်ဆိုင်ကယ်တွင် ဘေးတွဲတပ် ဆင်ခွင့်မရှိသည့်အတွက် မတ် ၁ ရက်မှစ၍ စတင်အရေးယူနေပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ သိရသည်။

“ဘေးတွဲ တွဲထားတဲ့ ဆိုင် ကယ်က လိုင်စင်မဲ့ဆိုရင် ပို့ကုန်/ သွင်းကုန်ဥပဒေအရ အမှုဖွင့် အရေး ယူသွားမယ်၊ ဘေးတွဲတွဲ ထားတာ လည်း ဥပဒေအရ ဆိုင်ကယ်မှာ ဘေးတွဲ တပ်ဆင်ခွင့်မရှိတဲ့အတွက် အရေးယူသွားမယ်” ဟု အဆိုပါ ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေ ၂၄ တွင် ဗဟိုမှတ်ပုံ တင်အဖွဲ့မှ ထုတ်ပြန်ထားသောညွန် ကြားချက်များအရ မညီညွတ်သော မော်တော်ယာဉ်ကို ပြည်သူနှင့်ဆိုင် သောနေရာများ၌ မည်သူမျှ အ သုံးမပြုရ၊ သို့မဟုတ် အသုံးမပြု စေရဟု ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် မော်တော်ဆိုင်ကယ်တွင် ဘေးတွဲတပ်၍ စီးနင်းပါက ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေ ပုဒ်မ-၆၅ အရ ငွေကျပ် သုံးသောင်းထက် မပိုသော ဒဏ်ငွေ ချမှတ်ခြင်း ခံရ မည်ဖြစ်သည်။

“သံချောင်း အရှည်ကြီးတွေ သစ်သားချောင်း အရှည်ကြီးတွေကို ဆိုက်တွဲနဲ့သယ်တာကျ အန္တရာယ် သိပ်များလွန်းတယ်၊ ပြီးရင် အဲဒီ ဆိုက်တွဲတွေက အမြန်မောင်းကြ သေးတာ၊ တချို့ ဆိုက်တွဲတွေဆို အိပ်ဇောသံ ဆူဆူညံညံကြီးနဲ့ တဗျင်းဗျင်းမောင်းနေကြတာ ပတ် ဝန်းကျင်အတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် အခုလိုအရေး ယူတာကောင်းတယ်၊ အရေးယူမှု စတာတောင် နောက်ကျနေသေး”ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ ဆိုက်တွဲယာဉ်များ မောင်းနှင်သူများအပြင် ဆိုက်တွဲ ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများသည်လည်း မော်တော် ယာဉ်ဥပဒေနှင့် မညီညွတ်သည့်အ တွက် ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေ ပုဒ်မ-၅၈(ခ)အရ သုံးလထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် သိန်း ငါးဆယ်ထက် မပိုသော ဒဏ်ငွေ ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ကြေညာ ချက် ထုတ်ပြန်ထားသည်။
ကျော်ကျော်အောင်
(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here