မန္တလေးတွင်  ပြိုင်ကားများနှင့်  ယာယီနံပါတ်တပ်ဆင်ထားသော  ကားများအား   စီမံချက်ဖြင့်   စတင်ဖမ်းဆီး

966

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ပြိုင် ကားတစ်စီးနှင့် ပြိုင်ကားပုံစံ ဆင် ထားသည့် ယာဉ်နှစ်စီးမှ တိုက်မိ၍ လူနှစ်ဦး သေဆုံးသည့် ဖြစ်စဉ်များ ဖြစ်ပွားပြီးမကြာမီ သြဂုတ်လဆန်း ပိုင်းမှစ၍ ပြိုင်ကားများနှင့် ယာယီ နံပါတ်တပ်ဆင်ထားသော ကားများ ကို စီမံချက်ဖြင့် စတင်ဖမ်းဆီးလျက် ရှိကြောင်း မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး မှ သိရသည်။

 

”မြန်မာနိုင်ငံမှာ ပြိုင်ကားဆို ပြီး သီးသန့်တင်သွင်းခွင့်ပေးထားတဲ့ ကား မရှိသေးဘူး၊ အခုစီးနေကြ တာတွေက ပြိုင်ကားသဏ္ဌာန်တူ အောင် စက်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ပြင်ဆင်ထားတဲ့ကားတွေ၊ အဲဒီကားတွေကို သြဂုတ် ၁ ရက် ကစပြီး စီမံချက်နဲ့ စဖမ်းနေတယ်၊ ပြိုင်ကားတွေဖမ်းရင်းနဲ့ ယာယီနံ ပါတ်တပ်ဆင်ထားတဲ့ ကားတွေပါ စီမံချက်နဲ့ စဖမ်းနေပါတယ်”ဟု   ‘မန္တလေးတိုင်း အမှတ်(၁၄) ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး’မှ ဒုရဲမှူး  လှမြင့်က ပြောကြားသည်။

 

ယင်းသို့ ပြိုင်ကားများကို စီမံ ချက်ဖြင့် ဖမ်းဆီးနေခြင်းနှင့်အတူယာယီနံပါတ် ကားများမှာလည်း အမှန်တကယ်တွင် တရားဝင်နံပါတ် မကျမီ ကညနမှ မိမိအိမ်နှင့် ကညန ရုံးသို့ လိုင်စင်ကိစ္စများ ဆောင်ရွက်ရာ ၌ သွားလာခွင့်ရရှိစေရန် ကနဦး ထုတ်ပေးထားသော နံပါတ်ဖြစ်၍ ယင်းသို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။

 

”ယာယီနံပါတ်ဆိုပြီး ကိုယ် တပ်ချင်တဲ့နံပါတ် တပ်လို့မရဘူး၊ ကညနက သူတို့သတ်မှတ်ချက်နဲ့ ထုတ်ပေးထားတဲ့ စတိနံပါတ်ကိုပဲ တပ်ဆင်ခွင့်ရှိတာ၊ အခုဟာက တချို့ အင်ဂျင်နံပါတ်တွေ အကုန် ရေးပြီးကိုယ့်ဘာသာကိုယ် တပ်နေကြ တယ်၊ ပြီးတော့ စတိနံပါတ်ဆိုတာ က တရားဝင်လိုင်စင်မကျခင် အိမ်နဲ့ ကညနရုံး သွားလာတဲ့နေရာမှာ အဆင်ပြေအောင်လို့ ယာယီထုတ် ပေးထားတဲ့သဘောပေါ့၊ ကညနရုံး နဲ့ အိမ်နဲ့ သွားတာလာတာက လွဲ ပြီး တခြားနေရာတွေမှာ မောင်းနှင် ခွင့်မရှိဘူး၊ စတိနံပါတ်ရဲ့ သဘော က တရားဝင်လိုင်စင်မကျခင် သုံး လအတွင်း ခဏမောင်းခွင့်ရအောင် ယာယီထုတ်ပေးထားတယ်၊ တရား ဝင်လိုင်စင်ကို သုံးလအတွင်း အပြီး ဆောင်ရွက်ရမယ်ပေါ့၊ အခုဟာက ယာယီနံပါတ်တပ်ပြီး သုံးလကျော် လည်း ကညနရုံးနဲ့ အိမ်နဲ့တင် မ ဟုတ်တော့ဘူး နေရာအနှံ့မောင်းနေ ကြတော့တာ၊ အဲဒါကြောင့်မို့လို့ ပြိုင်ကားတွေရော၊ ယာယီနံပါတ် တွေရော စီမံချက်နဲ့ ဖမ်းနေတယ်၊ ဒါပေမဲ့ ကညနရုံးကို အမှန်တကယ် သွားတဲ့ ယာယီနံပါတ်နဲ့ကားတွေ ဆိုရင်တော့ စစ်ဆေးလို့ မှန်ကန်ရင် သွားခွင့်ပေးပါတယ်”ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းရဲ အရာရှိတစ်ဦးက ထပ်မံဆိုသည်။

 

မန္တလေးမြို့တွင် ပြိုင်ကားများ နှင့် ယာယီနံပါတ်တပ်ဆင်ထား သော ကားများကို ဇူလိုင် ၃၁ ရက် မှ သြဂုတ် ၇ ရက်အထိစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ ပြိုင်ကား လေးစီး၊ ယာယီနံပါတ် အစီးငါးဆယ်၊ လိုင် စင်မဲ့ကားနှစ်စီးတို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း အဆိုပါရုံး၏မှတ်တမ်းများ အရ သိရသည်။

 

”ပြိုင်ကားတွေရော၊ ယာယီ နံပါတ်တွေရော မတော်လို့ယာဉ်မ တော်တဆဖြစ်ခဲ့ရင် တချို့ပြိုင်ကား တွေက Without တွေ၊ ယာယီ နံပါတ်ကလည်း အမြန်မှတ်ဖို့မလွယ် တော့ ထွက်ပြေးဖို့ အခွင့်အလမ်း သာတယ်လေ၊ အခုလိုအရေးယူပေး တော့ ပြည်သူလူထုစိတ်ချမ်းသာ သလို အမြန် မမောင်းရဲကြတော့ ဘူးပေါ့”ဟု အောင်မြေသာစံမြို့နယ် တွင်နေထိုင်သူ မန္တလေး မြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက သုံးသပ် ပြောဆိုသည်။

 

အဆိုပါယာဉ်များ အပါအဝင် အများပြည်သူ သွားလာအသုံးပြု သည့်လမ်းများပေါ်တွင် သတ်မှတ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာခြင်းမရှိဘဲ စည်းကမ်းမဲ့ သွားလာနေသည့် ယာဉ်များကို လည်း  စီမံချက်ကာလအတွင်း  အထူးကြပ်မတ် စစ်ဆေးအရေး ယူသွားမည်ဖြစ်ကြောင်းသိရသည်။

 

ထို့အတူ မော်တော်ယာဉ်လိုင် စင်ပြုလုပ်ရာတွင် ကညနမှ သတ် မှတ်ထားသည့်ဥပဒေကို ကျော်လွန် ပြီး ပြန်လည်ပြုပြင်ထားသည့်  ယာဉ်များ၊ ပြိုင်ကားပုံစံဖန်တီးထား သော ပါဝါအိပ်ဇောတပ်ယာဉ်များ စသည့် ယာဉ်များကို စစ်ဆေးအ ရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။

 

ကျော်ကျော်အောင်(ကလေးမြို့)၊ ပြည်ဘုန်းမောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here