မန္တလေးတွင် ဒုတိယမြောက် DT Naing Oo ဆိုင်ကယ်အရောင်းပြခန်း ဖွင့်လှစ်

101

 

မန္တ​လေး၊ စက်တင်ဘာ ၁၀

မန္တလေးမြို့တွင် အိန္ဒိယနိုင်ငံထုတ် TVS ဆိုင်ကယ်များ သီးသန့်ရောင်းချပေးမည့် DT Naing Oo ဆိုင်ကယ်ကုမ္ပဏီ၏ ဒုတိယမြောက် အရောင်းပြခန်းကို စက်တင်ဘာ ၉ ရက်က ၅၉ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆိုင်ကယ်တွေရောင်းနေတာတော့ ကြာပြီပေါ့နော်၊ အဲဒီမှာ လက်ရှိ ၇၂ လမ်းနဲ့ ၁၀၇ လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ကယ် Showroom က စက်တင်ဘာ ၉ ရက်ဆို သုံးနှစ်ပြည့်ပြီပေါ့၊ အဲဒီအတွက် သုံးနှစ်ပြည့်အထိမ်းအမှတ်နဲ့ ဒုတိယဆိုင်ကို ၅၉ လမ်းမှာ တိုးချဲ့ဖွင့်လှစ်လိုက်တာ” ဟု မန္တလေးမြို့ DT Naing Oo ဆိုင်ကယ်အရောင်းပြခန်း၏ Managing Director ဖြစ်သူ ဦးနိုင်ဦးက ပြောကြားသည်။

အဆိုပါ Showorom တွင် လတ်တလော၌ အိန္ဒိယနိုင်ငံထုတ် TVS ဆိုင်ကယ် တစ်မျိုးတည်းသာ ရောင်းချပေးသွားဦးမည်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့်ပါ ရရှိနိုင်မည်ဖြစ်ကာ Sales, Service, Spare Parts (3S) ၀န်ဆောင်မှုပေးထားကြောင်း DT Naing Oo ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

အဆိုပါ Showorom ဖွင့်ပွဲအခမ်းအနားသို့ TVS Agrocorp ကုမ္ပဏီမှ တာ၀န်ရှိသူများနှင့် ဆိုင်ကယ်ရောင်း၀ယ်ရေး လုပ်ငန်းရှင်များ၊ အရောင်းကိုယ်စားလှယ်များ၊ ၀ယ်/ရောင်းများ စသည်တို့ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ညွှန်ကြားထားသော Covid-19 ကာလ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့သည်ဟု ဦးနိုင်ဦးက ထပ်မံပြောဆိုသည်။

DT Naing Oo ကုမ္ပဏီသည် TVS Agrocorp ကုမ္ပဏီ၏ Main Dealer တစ်ဦးဖြစ်ပြီး TVS ဆိုင်ကယ်များကို မြို့နယ်ပေါင်း ၃၈ မြို့နယ်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကာ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်သော Lucky One တရုတ်ဆိုင်ကယ်များကိုလည်း မြန်မာနိုင်ငံတစ်၀န်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here