မန္တလေးတွင် ထိုင်း Honda Click ဆိုင်ကယ်များ သုံးလအတွင်း ကျပ်နှစ်သိန်းကျော် စျေးကျ

815

မန္တလေး၊ အောက်တိုဘာ
မန္တလေးမြို့တွင် ၂ဝ၁၉ မိုဒယ် ထိုင်း Honda Click 125 ဆိုင်ကယ် များ စျေးကွက်အတွင်း စတင် ရောက်ရှိချိန်က ကျပ် ၃၃ သိန်း အထိ စျေးပေါက်ခဲ့သော်လည်း ယခု အောက်တိုဘာလ တတိယ ပတ်တွင် ကျပ် ၃,ဝ၇ဝ,ဝဝဝ သာ ရှိတော့သည့်အတွက် ကျပ်နှစ် သိန်းကျော် စျေးကျလာကြောင်း ဆိုင်ကယ်ကုန်သည်များထံမှ သိရ သည်။

‘‘၂ဝ၁၉ မိုဒယ်အသစ်က သြဂုတ်လထဲမှာ စဝင်တယ်၊ စဝင် ဝင်ချင်းတုန်းက ပေါ်ဦးပေါ်ဖျား ဆိုတော့ ထိုင်းဘက်မှာက ကုန် သည်တွေအပြိုင်အဆိုင် လုဝယ်ရ တယ်၊ အဲဒီလိုလုဝယ်ရတဲ့အချိန်မှာ
အပြိုင်အဆိုင် စျေးပေးကြရင်းနဲ့ စျေးတွေက မြောက်ကုန်ရော၊ အခုကျတော့ ပစ္စည်း (ဆိုင်ကယ်)လည်းများလာတော့ စျေးတန်းက ဝယ်စျေးမှာက သက်သာလာတယ်၊ ဝယ်စျေးမှာ သက်သာလာတော့ ရောင်းစျေးမှာလည်း တဖြည်း ဖြည်း ကျသွားတယ်’’ဟု ထိုင်း ဆိုင်ကယ်မျိုးစုံ တင်သွင်းရောင်းချ နေသည့် မန္တလေးမြို့ ‘Ever OK ကုမ္ပဏီ’မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ကိုဥက္ကာဇွဲလွင်က ပြောကြားသည်။

မန္တလေးမြို့တွင် သြဂုတ်လ ဆန်းပိုင်းက ထိုင်း Honda Click 125 မှာ ကျပ် ၃၃ သိန်းခန့် စျေး ပေါက်နေရာမှ ယခု ကျပ် ၃,ဝ၇ဝ,ဝဝဝ သို့ လျော့ကျလာသည့် အပြင် Honda Click 150 မှာ လည်း ယခင် ကျပ် ၃၉ သိန်းအထိ စျေးပေါက်ခဲ့ရာမှ ယခု ကျပ် ၃,၅၅ဝ,ဝဝဝ အထိ လျော့ကျလာ ကြောင်း၊ ထိုသို့လျော့ ကျသွားသည့် အတွက် Customer များအတွက် ကောင်းမွန်စေသော်လည်း စက် တင်ဘာလကတည်းက ဆိုင်ကယ် ဆယ်ချီ ဝယ်လှောင်ထားသော ကုန်သည်အချို့မှာ လတ်တလော အထိနာနေကြောင်း မန္တလေးမြို့ ဆိုင်ကယ်ကုမ္ပဏီများမှ သိရသည်။

အောက်တိုဘာလ တတိယ ပတ်တွင်မူ ထိုင်းနိုင်ငံထုတ် ၂ဝ၁၉ မိုဒယ် Honda Scoopyi ဒလက် မှာ ကျပ် ၂၉ သိန်း စျေးပေါက်နေ ပြီး Scoopy i စပုတ်မှာ ကျပ် ၂,၈၅ဝ,ဝဝဝ စျေးပေါက်နေသည်။
ကျော်ကျော်အောင်
(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here