မန္တလေးတွင် ထိုင်းနိုင်ငံထုတ်ဆိုင်ကယ် ဝယ်ယူစီးနင်းသူအချို့ တစ်စီးလုံး စတစ်ကာအကြည်ကပ်မှု များပြားလာ

402

မန္တလေး၊ အောက်တိုဘာ
မန္တလေးမြို့တွင် ထိုင်းနိုင်ငံထုတ် Brand New Honda Click ၊ Scoopy i ဆိုင်ကယ်ဝယ်ယူစီးနင်း သူအချို့ ကာလာစုံ Modified လုပ်ခြင်းထက် တစ်စီးလုံး စတစ် ကာ အကြည်ကပ်၍ စီးနင်းမှု ပို များလာကြောင်း ဆိုင်ကယ်အရောင်း ပြခန်းများမှ စုံစမ်းသိရသည်။

‘‘မန္တလေးမှာ အရင်ကတော့ တချို့ Modified လုပ်ရတာ ဝါသနာပါတဲ့သူတွေက ခေတ်နဲ့ လိုက်လျောညီစွာ ကာလာစုံ Modifiedလုပ်ကြတယ်၊ အခု ကျတော့ထိုင်း Honda Click ၊ Scoopy i Brand New ဝယ်စီး တဲ့အချိန်မှာ သူ့ Original အလှ အပကိုလည်း မပပျောက်စေချင် တာကြောင့် စတစ်ကာကပ်ရင် ကာလာစတစ်ကာတွေထက် စတစ် ကာအကြည်ကို ပိုကပ်လာကြ တယ်၊ အဓိက ကတော့ စတစ် ကာအကြည်ဖြစ်တဲ့အတွက် ဆိုင် ကယ် Original အရောင်ပေါ်မှာ လွမ်းမိုးမှုမရှိတဲ့အပြင် ဆိုင်ကယ် အပွန်းအပဲ့ဒဏ် ကာကွယ်ပေးတာ ပေါ့’’ဟု မန္တလေးမြို့ခံ ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။

ဆိုင်ကယ်စတစ်ကာအကြည် ကို တရုတ်၊ အိန္ဒိယဆိုင်ကယ် များထက် ထိုင်းနိုင်ငံထုတ် Brand New ဝယ်စီးကာစသူများသာ ကပ် လေ့ရှိပြီး အများစုမှာ ဆိုင်ကယ် တိမ်းမှောက်မှု၊ သို့မဟုတ် ဆိုင် ကယ်တစ်စီးနှင့် တစ်စီး ပွတ်တိုက်မှု စသော မတော်တဆဖြစ်ရပ်များ၌ ကာဗာများပွန်းပဲ့မှုဒဏ်မှ ကာကွယ် ရန် ကပ်ကြခြင်းဖြစ်ကြောင်း၊ ထိုသို့ စတစ်ကာအကြည်ကပ်မှုကို ယခင် က ဆိုင်ကယ်အလှဆင်ဆိုင်များ တွင်သာ ရရှိခဲ့သော်လည်း ယခု အခါ ဆိုင်ကယ် အရောင်းပြခန်းများ ကပါ Customer Service အနေ ဖြင့် ထပ်တိုးဝန်ဆောင်မှုပေးလာ ကြပြီး တစ်စီးလုံးကပ်ပါက ကျပ် ၃၅,ဝဝဝ ယူကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

‘‘စတစ်ကာအကြည်က အရင် တုန်းက ကပ်ရကောင်းမှန်းလည်း မသိခဲ့ကြဘူး၊ အခုကျတော့ ခေတ် နဲ့အလိုက် စတစ်ကာအကြည် တွေပေါ်လာတဲ့အချိန်မှာ ကာဗာ ပွန်းပဲ့မှုဒဏ်လည်း ကာကွယ်တော့ စိတ်ဝင်စားလာကြတယ်၊ ကျွန်တော် တို့ဆိုင်မှာဆို ဆိုင်ကယ်ရောင်း ရင်းနဲ့ ဒီဝန်ဆောင်မှုလေးပါရတယ် နော်ဆိုပြီး ပြောပြပေးတော့ အား လုံးက စိတ်ဝင်တစားနဲ့ တစ်ခါ တည်း ကပ်သွားကြတယ်၊ စတစ် ကာအကြည်မှာလည်း အပါးနဲ့ အထူ နှစ်မျိုးရှိတဲ့အထဲမှာ အထူက ပိုကောင်းတော့ ကျွန်တော့်ဆိုင် မှာတော့ အထူကိုပဲ သုံးဖြစ်တယ်၊ ကျွန်တော်တို့ဆီက ဝယ်သွားတဲ့ ဆိုင်ကယ်တွေမှာ သုံးပုံတစ်ပုံ လောက်က စတစ်ကာအကြည် ကပ်သွားလေ့ရှိတယ်’’ဟု မန္တလေး မြို့ ‘Auto 38 ဆိုင်ကယ်အရောင်း ပြခန်း’မှ Managing Director ကိုအောင်ရီစိုးက ဆိုသည်။

မန္တလေးမြို့တွင် ဆိုင်ကယ် စတစ်ကာအကြည် ကပ်သူများ ပိုများလာသကဲ့သို့ သီတင်းကျွတ်၊ တန်ဆောင်မုန်း စသည့် ပွဲတော် များ ရှိနေသည့်အတွက် LED မီး များဖြင့် ဆိုင်ကယ် အလှဆင်သူ များလည်း ရှိကြသည်။
ကျော်ေကျာ်ေအာင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here