မန္တလေးတွင် ဆိုင်ကယ်အရောင်းပြခန်းများ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း လာရောက်ဝယ်ယူသူ အလွန်နည်းပါးနေ

149

 

မန္တလေး၊ ဇွန် ၁၆
Covid-19 ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် မန္တလေးမြို့ရှိ ဆိုင် ကယ်အရောင်းပြခန်းများ ယာယီ ပိတ်ထားခဲ့ရပြီးနောက်ပိုင်း ယခုအခါ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သော်လည်း လာ ရောက်ဝယ်ယူသူ အလွန်နည်းပါး နေကြောင်း မန္တလေးမြို့ ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ကိုင်နေသူများ ထံမှ သိရသည်။

“ဆိုင်တွေ ပြန်ဖွင့်နေပြီဆိုပေ မဲ့ အရောင်းပါးနေသေးတယ်၊ ဒီအချိန်ကငွေလည်း ကျပ်ကြတော့ အနည်းငယ်လောက်ပဲ ရောင်းရတယ်၊ ကျောင်းဖွင့်ချိန်လည်း ဖြစ်တော့ တချို့ မဖြစ်မနေဆိုင်ကယ်လို အပ်နေတဲ့သူလောက်ပဲ လာဝယ်ကြတာ”ဟု မန္တလေးမြို့ ‘Ever OK ကုမ္ပဏီ’မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဥက္ကာဇွဲလွင်က ပြောသည်။

ယခင်က တရုတ်၊ အိန္ဒိယ၊ ထိုင်း စသော ဆိုင်ကယ်များ လက် ငင်းစနစ်ဖြင့် အရောင်းအေးခဲ့သော် လည်း အရစ်ကျစနစ်၊ သို့မဟုတ် ဘီးအဟောင်း၊ အသစ်လဲစနစ်ဖြင့် အရောင်းသွက်ခဲ့သော်လည်း Covid-19 ရောဂါကြောင့် ပိတ်ထား ရပြီးနောက်ပိုင်း ယခု ပြန်လည် ဖွင့်လှစ်ချိန်တွင် အရောင်းအေး စက်သွားကြောင်း၊ ယခုဇွန်လ တတိယပတ်၌လည်း ဆိုင်ကယ်အ ဝယ်ရှိသော်လည်း အရစ်ကျစနစ် ဖြင့် ရောင်းချမှုအများစုရပ်နားထား ဆဲဖြစ်သဖြင့် လက်ငင်းစနစ်သာ ဝယ်ယူမှုရှိကြောင်း မန္တလေးမြို့ ဆိုင်ကယ် အရောင်းပြခန်းများမှ သိရသည်။

မန္တလေးမြို့တွင် ဆိုင်ကယ် အရောင်းပြခန်းပေါင်း တစ်ရာ ကျော်ရှိပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံအစုံမှ တင်သွင်းသော ဆိုင်ကယ်အမျိုး အစားအစုံကို လက်ငင်း၊ အရစ်ကျ၊ အလဲအထပ်၊ အတိုးပါ၊ အတိုးမဲ့ စသည့်ဝန်ဆောင်မှုမျိုးစုံဖြင့် အပြိုင် အဆိုင်ရောင်းချလျက်ရှိကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here