မန္တလေးတောင်တက်လမ်းကို နိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင်မှုပြုလုပ်နေ

136

 

မန္တလေး၊ မတ် ၁၈
မန္တလေးမြို့၏ ယဉ်ကျေးမှုအမွေ အနှစ်တစ်ခုဖြစ်သော မန္တလေး တောင်တော် တောင်တက်လမ်းကို လမ်းချဲ့၍ နိုင်လွန်ကတ္တရာခင်းကျင်း ကာ အဆင့်မြှင့်တင်မှုများပြုလုပ်နေသည့်အတွက် ဘုရားဖူးယာဉ်များ အားလုံး တောင်အဆင်းလမ်းကိုသာ အတက်၊ အဆင်းနှစ်မျိုးသွားလာခွင့် ယာယီပေးထားကြောင်း သိရသည်။

“မန္တလေးတောင်တော်တက် လမ်းက လက်ရှိမှာ တချို့နေရာတွေ လမ်းတွေမကောင်းတော့ဘူး၊ တချို့ နေရာ လမ်းလည်းတအားကျဉ်းနေ တဲ့အတွက် လမ်းချဲ့တာတွေလုပ် မယ်၊ ပြီးရင်နိုင်လွန်ကတ္တရာခင်းမယ်၊ တောင်တက်လမ်းတစ်လျှောက်လုံး အဆင့်မြှင့်တင်မှာ ဖြစ်တဲ့အတွက် လအနည်းငယ်တော့ အချိန်ကြာမယ်၊အချိန်ယူရမယ်၊ ဒါကြောင့် ဒီကြား ကာလမှာတော့ ဘုရားဖူးယာဉ်တွေ အားလုံးတောင်အဆင်းလမ်းကနေပဲ အတက်၊ အဆင်းသွားလာခွင့် ပေး ထားတယ်”ဟု မန္တလေးတောင် တော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးတောင်တော် တောင် တက်လမ်းကို နိုင်လွန်ကတ္တရာခင်း ကျင်း၍ အဆင့်မြှင့်တင်မှုအား ပြည် သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်း ဦးစီးဌာန၏ အကူအညီဖြင့် လုပ် ဆောင်ခြင်းဖြစ်ပြီး တစ်စတုရန်းပေ လျှင် ငွေကျပ်နှစ်ထောင် ကျသင့်မည် ဖြစ်ကာ လုပ်ငန်းအစအဆုံး ငွေကျပ် ၄၂၉ ဒသမ ဝ၂ သန်းခန့် ကျသင့် မည်ဖြစ်ကြောင်း မန္တလေးတောင် တော်ဂေါပကအဖွဲ့မှ ထပ်မံသိရ သည်။

“လမ်းခင်းခြင်းမှာ ဒါနပါရမီ ဖြည့်ချင်တဲ့ ကုသိုလ်ရှင်တွေအနေ နဲ့လည်း ရိုးမဘဏ်မှာဖွင့်လှစ်ထား တဲ့ ငွေစာရင်းမှာပဲဖြစ်ဖြစ်၊ တယ် လီဖုန်းနံပါတ် ဝ၉-၂ဝ၁၂၄ဝ၂ ၊ ဝ၉-၄၄၁ဝ၃၃၄ဝ၅ တို့ဆီပဲ ဖြစ်ဖြစ် ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်၊ နီးတဲ့ သူတွေကတော့ ဂေါပကရုံး တိုက် ရိုက်လာလှူလို့လည်း ရပါ တယ်”ဟု အဆိုပါဂေါကပအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးတောင်တော် တောင် တက်လမ်းအရှည်မှာ ၃,၃၆၅ စတု ရန်းမီတာရှိပြီး အဆင်းလမ်းအရှည် မှာ ၃,၃၇၅ စတုရန်းမီတာရှိကာ လတ်တလော တောင်တက်လမ်းအဆင့်မြှင့်တင်ဆဲကာလတွင် အဆင်း လမ်းတစ်လမ်းတည်းသာ အသုံး ပြုရသဖြင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး လုံခြုံရေးဝန်ထမ်းများ ချ၍ လမ်းရှင်းလင်းရေးလုပ်ငန်းများပါ လုပ်ဆောင်ပေးနေကြောင်း သိရ သည်။
ကျော်ကျော်ေအာင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here