မန္တလေးတိုင်းတွင် စည်းကမ်းပျက်ဆိုင်ကယ် ယခင်နှစ်ထက် ၁၃,၈ဝဝ ကျော် တိုးမြှင့်အရေးယူခဲ့ရ

67

မန္တလေး၊ ဇန်နဝါရီ ၁၄
ခရိုင်ခုနစ်ခု၊ မြို့နယ်ပေါင်း ၂၈ မြို့ နယ်ဖြင့် စုစည်းထားသော မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်အတွင်း စည်းကမ်း ဖောက်ဖျက်သော ဆိုင်ကယ်များကို အရေးယူခဲ့ရာ ယခင် ၂ဝ၁၈ ခုနှစ် ထက် အစီးရေ ၁၃,၈ဝဝကျော် တိုးမြှင့် အရေးယူခဲ့ရကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

‘‘ဆိုင်ကယ်စီးရေ များလာသလို စည်းကမ်းပျက် ဆိုင်ကယ်တွေလည်း ပိုများလာပါတယ်၊ စည်း ကမ်းရှိတဲ့ ဆိုင်ကယ်တွေများလာအောင်လို့ နေ့စဉ်နဲ့အမျှ မြို့နယ်အလိုက် တာဝန်ခွဲပြီး ရှောင်တခင် စစ်ဆေးဖြစ်ပါတယ်၊ စည်းကမ်းဖောက်ဖျက်တဲ့ ဆိုင်ကယ်များနေတဲ့အတွက် အရေးယူရတဲ့ဆိုင်ကယ်စီးရေလည်း များလာပါတယ်’’ဟု အ ဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ဆိုင်ကယ်ဦးထုပ် မဆောင်း ခြင်း၊ ဆိုင်ကယ်မောင်းလိုင်စင်မရှိ ခြင်း၊ ဆိုင်ကယ်လိုင်စင် မရှိခြင်း စသော စည်းကမ်းဖောက်ဖျက်မှုများကို ၂ဝ၁၅ ခုနှစ် မော်တော် ယာဉ်ဥပဒေဖြင့် အရေးယူလျက်ရှိကြောင်း၊ ထိုသို့ အရေးယူရာတွင် ယာဉ်ထိန်းရဲ၊ နယ်မြေခံရဲတို့ ပူး ပေါင်း၍ ရှောင်တခင် စစ်ဆေးဖြစ်ကာ စည်းကမ်းဖောက်ဖျက်မှုတွေ့ ရှိပါက ဆိုင်ကယ်ပိုင်ရှင်၏ ယာဉ်မောင်းလိုင်စင်၊ သို့မဟုတ် ဆိုင်ကယ်လိုင်စင်တစ်ခုခုကို သိမ်းဆည်း ၍ မော်တော်ယာဉ် တရားရုံးသို့ တရားစွဲဆို တင်ပို့ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

မန္တလေးတိုင်းအတွင်း စည်းကမ်းပျက် ဆိုင်ကယ်များအား အရေးယူရာတွင် ခရိုင် ခုနစ်ခရိုင်အနက် မန္တလေးခရိုင်နှင့် ကျောက်ဆည်ခရိုင်မှာ အများဆုံးဖြစ်ပြီး ၂ဝ၁၉ ခုနှစ် တစ်နှစ်အတွင်း စည်း ကမ်းပျက်ဆိုင်ကယ်ပေါင်း ၂၆,၃၅၉ စီးအရေးယူခဲ့ရပြီး ယခင် ၂ဝ၁၈ ခုနှစ်ကထက် အစီးရေ ၁၃,၈၈ဝ ကို ပိုမိုအရေးယူခဲ့ရခြင်းလည်း ဖြစ်သည်။
ကျော်ကျော်အောင်
(ကလေးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here