မန္တလေးစည်ပင်မှ သုံးဘီးဆိုင်ကယ်ယာဉ်မောင်းအမျိုးသမီးများ ခန့်အပ်မည်

533
????????????????????????????????????

မန္တလေး၊ ဖေဖော်ဝါရီ
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက မန္တလေးမြို့တော် သန့်ရှင်းရေးအတွက် အမှိုက်သိမ်း ဆည်းမှုများ ဆောင်ရွက်ရာတွင် အမျိုးသား သုံးဘီးယာဉ်မောင်းများ ရှားပါးလာမှုကြောင့် အမျိုးသမီးသုံး ဘီးယာဉ်မောင်းများပါ မကြာမီ စတင်ခန့်အပ်သွားမည်ဖြစ်ကြောင်းစက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ သိရသည်။

“လက်ရှိမှာ မန္တလေးမြို့ ခြောက်မြို့နယ်အတွင်း အမှိုက် သိမ်း သုံးဘီးဆိုင်ကယ်ယာဉ်မောင်း က ၁၆ဝ ကျော်ရှိတယ်၊ တကယ် တမ်းရှိတဲ့အစီးရေနဲ့ယှဉ်ရင် ယာဉ် မောင်းလိုအပ်ချက်က အမြဲဖြစ်နေ တယ်၊ သုံးဘီးမောင်းတတ်တဲ့သူက ကြာလာရင် ကားမောင်းသင်ရင်းနဲ့ တတ်ကျွမ်းလာတော့ ကားမောင်း တဲ့ဆီ ယာဉ်မောင်းလျှောက်လာ ကြတယ်၊ အဲဒီမှာသုံးဘီးအမှိုက် သိမ်းယာဉ်တွေအတွက် ယာဉ်မောင်း က လျော့လျော့သွားတာပေါ့၊ အမျိုးသား သုံးဘီးယာဉ်မောင်းက အမြဲ လိုအပ်ချက်ဖြစ်နေတော့ အမျိုး သမီးတွေလည်း ယာဉ်မောင်းလုပ် ချင်တယ်ဆိုပြီး လာပြောကြတာ တွေရှိတော့ အကြံဉာဏ်ရပြီး အ မျိုးသမီး သုံးဘီးယာဉ်မောင်းတွေ ခန့်အပ်ဖို့ စီစဉ်ဖြစ်တာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ စက်ရုံနှင့် မော်တော် ယာဉ်ဌာနမှ ကော်မတီဝင် ဦးကျော် ဇေယျက ပြောကြားသည်။

လက်ရှိတွင် မန္တလေးမြို့တော် အတွက် အမှိုက်သိမ်းသုံးဘီးဆိုင် ကယ် ၁၆ဝ ကျော်ရှိပြီး မကြာမီ သုံးဘီးအမှိုက်သိမ်းယာဉ် အသစ် ၃၁ စီး၊ သံရည်ကျိုအပ်မည့် သုံး ဘီးအမှိုက်သိမ်းယာဉ်များထဲမှ ပြန် လည်ပြုပြင်၍ အသုံးပြုမည့် သုံး ဘီးယာဉ် အစီးသုံးဆယ် စုစုပေါင်း ၆၁ စီး ထပ်တိုးမည်ဖြစ်ကာ တိုး ချဲ့မည့် သုံးဘီးယာဉ်များအတွက် ယာဉ်မောင်းများ လိုအပ်နေကြောင်း၊ ထို့ကြောင့် သုံးဘီးအမှိုက်သိမ်း ယာဉ်အသစ်များအတွက် အမျိုး သားနှင့် အမျိုးသမီးယာဉ်မောင်း များပါ ခေါ်ယူခဲ့ရာတွင် အမျိုးသမီး ယာဉ်မောင်းအတွက် လျှောက် ထားသူ ပိုမိုများပြားခဲ့ပြီး ဆန်ခါတင် ၂၄ ဦးထဲမှ ၁၉ ဦးအား မန္တလေး မြို့တော် စည်ပင်သာယာရေးကော် မတီတွင် ယာယီဝန်ထမ်းအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ ထပ်မံသိရ သည်။

“အစကတော့ သုံးဘီးဆိုင် ကယ်အစီးသုံးဆယ်အတွက် အမျိုး သားယာဉ်မောင်း ၁၅ ဦး၊ အမျိုး သမီးယာဉ်မောင်း ၁၅ ဦး ခန့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့၊ တကယ် တမ်းလာလျှောက်တော့ အမျိုးသမီး ကပိုများနေတယ်၊ အမျိုးသားက လျှောက်တဲ့သူကိုနည်းနေတာ၊ ဒါနဲ့ အမျိုးသမီးလာလျှောက်တဲ့ နောက် ဆုံးဆန်ခါတင် ၂၄ ဦးထဲကမှ ၁၉ ဦးကို ရွေးချယ်လိုက်တယ်၊ အမျိုး သားယာဉ်မောင်းက လျှောက်ထား သူနည်းတဲ့အတွက် အမျိုးသမီး ယာဉ်မောင်းကို ပိုခန့်လိုက်ရတာ ပေါ့၊ ခန့်အပ်တဲ့ ၁၉ ယောက်အ တွက်လည်း လာမယ့်မတ်လဆန်း မှာ အခမ်းအနားနဲ့ ခန့်အပ်ပွဲလုပ်ပေး သွားမယ်”ဟု အဆိုပါဌာနမှ ကော်မတီဝင် ဦးကျော်ဇေယျက ထပ်မံ ဆိုသည်။

ခန့်အပ်မည့် အမျိုးသမီးသုံးဘီးယာဉ်မောင်းများသည် တစ်နေ့ လျှင် ယာဉ်မောင်းခအဖြစ် ၄,၈ဝဝ ကျပ်နှင့် အညစ်အကြေးကိုင်တွယ်ခ ကျပ်ရှစ်ရာစုစုပေါင်း ၅,၆ဝဝ ကျပ် ရရှိမည်ဖြစ်ပြီး မန္တလေးမြို့တော် ရပ်ကွက်များအတွင်း လမ်းကျဉ်း သည့်နေရာများအတွင်း စွန့်ပစ်အမှိုက်များ လိုက်လံသိမ်းဆည်းရမည် ဖြစ်သည်။
ကျော်ကျော်ေအာင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here