မတ်လမှစ၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်ခများကို ယာဉ်တစ်စီးချင်း၏ နှုန်းထားအပေါ်တွင် ကောက်ခံမည်

583

ရန်ကုန်၊ ဖေဖော်ဝါရီ
လာမည့်လမှစ၍ သယ်ယူပို့ဆောင် ရေးလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်ခများကို ယာဉ်တစ်စီးချင်း၏ နှုန်းထားအပေါ်တွင် ကောက်ခံမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ သိရ သည်။

သယ်ယူပို့ဆောင်ရေးလုပ် ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် ယာဉ်များကို ၂ဝ၁၆ ခုနှစ် ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများဥပဒေနှင့် ၂ဝ၁၈ ခုနစ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများအရ ပြည်တွင်းကုန်းလမ်းလုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင် Domestic Operator လိုင်စင် ထုတ်ပေးရာတွင် မှတ်ပုံတင်ကားများကို ယာဉ်တစ်စီးချင်းနှင့် ယာဉ်အရေအတွက် အုပ်စုလိုက်အပေါ်အခြေခံ၍ ကောက် ခံခဲ့သည်။ သို့သော် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုန်းလမ်းသယ် ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင် ရာ နည်းဥပဒေများ ပြင်ဆင်ချက်အရ ယာဉ်တစ်စီးချင်းနှုန်းထားအ ပေါ်တွင် အခြေခံပြီး ပြောင်းလဲ ကောက်ခံမည်ဖြစ်သည်။

“လာမယ့် မတ် ၃ ရက်ကစ ပြီး ယာဉ်တစ်စီးချင်းအပေါ်မှာပဲ အခြေခံပြီး မှတ်ပုံတင်ခကို ကောက် ခံမှာ ဖြစ်ပါတယ်၊ ပြောင်းလဲကောက်ခံမယ့် ပုံစံအသစ်ကြောင့် ယာဉ်ပိုင်ရှင်တွေလည်း အဆင်ပြေသလို ဌာ နအနေနဲ့လည်း အခွန်ဘဏာငွေ ပိုပြီး ရရှိလာမှာ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန လုပ်ငန်းလိုင်စင်နှင့်သယ် ယူပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တစ်စီးချင်းအပေါ် အ ခြေခံပြီး ပြည်တွင်းသယ်ယူပို့ဆောင် ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အတွက် မှတ်ပုံတင်ခကောက်ခံခြင်းကို တိုင်းဒေသကြီး၊ ပြည်နယ်ကျော်လွန် ဟူ၍ မတ် ၃ ရက်တွင် စတင်မည် ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရခွင့်ပြုချက်လည်း ရထား ပြီးဖြစ်ကြောင်း သိရသည်။ ပြောင်းလဲကောက်ခံမည့် ယာဉ်တစ်စီးချင်းအ ပေါ်အခြေခံသည့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းအတွက် မှတ်ပုံ တင်ခများမှာ နှစ်တန်၊ သို့မဟုတ် ၁၇ ဦးတင်ယာဉ်ကို ကျပ်ငါးထောင် နှစ်တန်အထက်မှ ကိုးတန်အထိ၊ သို့မဟုတ် လေးဆယ်ဦးတင်ယာဉ် ကို ကျပ်ခုနှစ်ထောင်၊ ကိုးတန်အ ထက်၊ သို့မဟုတ် ၄၁ ဦးအထက် တင်ယာဉ်ကို ကျပ်တစ်သောင်း ကောက်ခံမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးတစ်ထောင်ကျပ်၊ လုပ်ငန်း လုပ်ကိုင်ခွင့် အသိအမှတ်ပြုလက်မှတ် နှစ်ထောင်ကျပ်၊ အပိုင်း(၁)နှစ်ထောင်ကျပ်၊ အပိုင်း(၂)တစ် ထောင်ကျပ်၊ တြိဂံ တစ်ထောင်ကျပ်စီ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here