မတ်လနောက်ဆုံးပတ်တွင် 6P/2900 ကျော်ရောက်ရှိနေပြီး 7P လေးလုံးအပူးနံပါတ်အလှထဲမှ နှစ်ခုသာ ရောင်းချရန်ကျန်ရှိ

430

ရန်ကုန်၊ မတ်

မတ်လနောက်ဆုံးပတ်တွင် 6P/2900 ကျော်ရောက်ရှိနေပြီး 7P လေးလုံးအပူးနံပါတ်အလှထဲမှ နှစ်ခုသာ ရောင်းချရန်ကျန်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

6P လေးလုံးပူးနံပါတ်များ ကို စတင်ထုတ်ပေးနေစဉ်အတွင်း 6P လေးလုံးအပူးနံပါတ်အားလုံး ရောင်းချထားသလို 7P လေးလုံး အပူးနံပါတ် ၇ ခုထိလည်း ကြိုတင်ရောင်းချထားကြောင်းသိရသည်။ 7Pလေးလုံးအပူးနံပါတ်များဖြစ်သည့် 7P/1111 ကို ကျပ်သိန်းလေးဆယ်၊ 7P/2222 ကို ကျပ်သိန်းသုံးဆယ်၊ 7P/5555 ကို ကျပ် ၁၁၆ သိန်း၊ 7P/6666 ကို ကျပ် ၅၆ သိန်း၊ 7P/7777 ကို ကျပ် ၁၄၆ သိန်း၊ 7P/8888 ကို ကျပ် သိန်း ၁ဝဝ၊ 7P/9999 ကို ကျပ် ၁ဝ၂ သိန်းဖြင့် ရောင်းချထားပြီး 9P/2222 နှင့် 9P/5555 တို့ကိုလည်း ကျပ် ၅၂ သိန်းဖြင့် ကြိုတင်ရောင်းချထားကြောင်း သိရသည်။

တစ်ပတ်အတွင်းယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ်များရောင်းချမှုစာရင်းများအရ 6P/1881 ၊ 6P/1222 ၊ 6P/1698 ၊ 6P/1411 ၊ 6P/1551 ၊ 6P/1314 ၊ 6P/1616 ၊ 6P/2277 ၊ 6P/2226 ၊ 6P/1588 ၊ 6P/1788 ၊ 6P/2700 ၊ 6P/2465 ၊ 6P/2525 ၊ 6P/2662 ၊ 6P/2500 ၊ 6P/2929 ၊ 6P/3344 ၊ 6P/2992 ၊ 6P/2529 ၊ 6P/2626 ၊ 6P/2225 နံပါတ်များကို ကျပ် ၅ သိန်းစီ၊ 6P/2255 ၊ 6P/2555 ၊ 6P/3348 ၊ 6P/2347 ၊ 6P/3339 ၊ 6P/2772 ၊ 6P/3366 ၊ 6P/3111 ၊ 6P/3663 ၊ 6P/3337 ၊ 6P/2999 ၊ 6P/2777 ၊ 6P/3399 ၊ 6P/3788 ၊ 6P/3777 နံပါတ်များကို ကျပ် ၆ သိန်းစီ၊ 6P/3993 ၊ 6P/4545 ၊ 6P/4777 ကို ကျပ် ၇ သိန်းစီ၊ 6P/5000 ကို ကျပ် ၈ သိန်း၊ 6P/6116 ၊ 6P/5777 ၊ 6P/5949 ၊ 6P/7227 ၊ 6P/6565 နံပါတ်များ ကို ကျပ် ၉ သိန်းစီ၊ 6P/6366 ၊ 6P/8686 နံပါတ်များကို ၁၁ သိန်း စီ၊ 6P/8886 ၊ 6P/8668 ၊ 6P/8811 ၊ 6P/9777 ၊ 6P/9909 နံ ပါတ်များကို ကျပ် ၁၂ သိန်း၊ 7P/4567 ကို ကျပ် ၁၆ သိန်းနှင့် 6P/8889 ကို ကျပ်သိန်း ၃ဝ ဖြင့် ရောင်းချထားကြောင်း သိရသည်။

ထောက်ကြန့်ကနဦးမှတ်ပုံတင်ဌာနမှတ်ပုံနံပါတ်ထုတ်ပေးမှုအရ မတ် ၂၆ ရက်တွင် 6P/2923 နှင့် HH/3683 သို့ ရောက်ရှိနေပြီး အဆိုပါနေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာ လျှင် ၁၃၃၇ ကျပ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here