မင်္ဂလာပါခင်ဗျာ

1091

ရန်ကုန်လိုင်စင်ကားဝယ်ယူခွင့် Yangon Vehicle Quota Certificate (YVQC) ပေါ်လစီ ထွက်ပေါ်လာတော့မှာနဲ့အတူ ကားတင်သွင်းခွင့်မူဝါဒတချို့လည်း ပြောင်းလဲဖို့ရှိပါတယ်။ လက်ရှိကားတင်သွင်းခွင့်မူဝါဒမှာ ဖရီးပါမစ်နဲ့ကားတွေကို နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူတိုင်း လွတ်လပ်စွာတင်သွင်းခွင့်ရှိပေမဲ့လည်း နောက်ပိုင်းမှာ နိုင်ငံခြားငွေရလမ်းဖော်ပြပြီး အခွန်ပေးဆောင်ထားတဲ့ သူတွေကိုပဲ တင်သွင်းခွင့်ပေးဖို့ စီစဉ်နေပါတယ်။ နောက်ပြီး YVQC နဲ့ ကားဝယ်ယူခွင့်ပေးရာမှာလည်း တစ်ဦးချင်းတင်သွင်းမှုတွေ မပါဝင်ဘဲ ကားအရောင်းပြခန်းကနေတစ်ဆင့် ဝယ်ယူမယ့်သူတွေကိုပဲ ခွင့်ပြုပေးဖို့ရှိပါတယ်။ နောက်ပြီး YVQC နဲ့ ရန်ကုန်လိုင်စင်ခွင့်ပြုပေးရာမှာလည်း ဒီနှစ်ကုန်အထိ ရန်ကုန်လိပ်စာပြောင်းမယ့် နယ်လိုင်စင်ကားတွေအတွက် ခွဲတမ်းမပါသေးဘူးလို့လည်း သိရပါတယ်။

YVQC စနစ်ကို စတင်ပြီဆိုတာနဲ့ ကားတင်သွင်းခွင့်မူဝါဒတချို့ ပြောင်းလဲမှာဖြစ်သလို ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ထုတ်လုပ်သက်တမ်း နှစ် နှစ်ဆယ်နဲ့ အထက် အရည်ကျိုအပ်ကားတွေနဲ့ နယ်လိုင်စင်လူစီးကားတွေ၊ နယ်လိုင်စင်တက္ကစီတွေကိုလည်း အခွန်တွေကောက်ခံဖို့ရှိပါတယ်။ အရည်ကျိုအပ်ကားတွေ ကို နှစ်လဲမှတ်ပုံတင်ကြေး တိုးမြ§င့်ကောက်ခံမှာဖြစ်ပြီး နယ်လိုင်စင်လူစီးကားတွေကိုလည်း မြို့ဝင်ကြေးကောက်ခံဖို့ စီစဉ်နေပါတယ်။ နောက်ပြီး နယ်လိုင်စင်တက္ကစီတွေကိုလည်း ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲခွင့်မပြုဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
YVQC စနစ်နဲ့ နယ်လိုင်စင်ကားတွေကို ရန်ကုန်လိပ်စာပြောင်းခွင့်ပြုပေးမယ်ဆိုရင်တောင် နယ်လိုင်စင်တက္ကစီတွေနဲ့ ညာမောင်းကားတွေပါဝင်ဖို့ နည်းပါတယ်။ ကြားသိရတဲ့သတင်းတွေအရတော့ ဒီနှစ် ကားတင်သွင်းခွင့်မူဝါဒနဲ့ ကိုက်ညီမယ့် ၂ဝ၁၆ မိုဒယ်နဲ့အထက် ဘယ်မောင်းကားတွေကိုပဲ ရန်ကုန်လိပ်စာ ပြောင်းခွင့်ပြုပေးဖို့ ရှိပါတယ်။ YVQC စနစ်က Brand New ကားတွေအတွက် အဓိက ရည်ရွယ်ထားတာဖြစ်လို့ ဂျပန်ညာမောင်းကားတွေရဲ့ အပြောင်းအလဲကတော့ ကြီးကြီးမားမားလှုပ်ခတ်သွားမှာ မဟုတ်ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here