မင်းဘူးမြို့တွင် Bajaj RE သုံးဘီးဆိုင်ကယ်များအား Covid-19 ကာလအတွင်း အိမ်တိုင်ရာရောက် ပြင်ဆင်ပေးသည့်စနစ် ကျင့်သုံးပေးနေဟုဆို

57

 

မင်းဘူး၊ ​အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် Bajaj RE သုံးဘီးဆိုင်ကယ်ပိုင်ရှင်များ၊ Taxi မောင်းနှင်သူနှင့် လုပ်ငန်းလုပ်ကိုင်နေသူများ အဆင်ပြေစေရန် အစိတ်အပိုင်းတစ်ခုခု ပြင်ဆင်လိုပါက Covid-19 ကာလအတွင်း အိမ်တိုင်ရာရောက် ပြင်ဆင်ပေးသည့်စနစ် ကျင့်သုံးပေးနေကြောင်း Power Moto ကုမ္ပဏီမှ သိရသည်။

“အခု Covid-19 ကာလအတွင်းမှာဆို အိမ်တိုင်ရာရောက် လိုက်လံပြင်ဆင်ပေးတဲ့စနစ်ကို ကျင့်သုံးပေးနေတယ်၊ ဥပမာ မင်းဘူးမြို့ထဲမှာ Bajaj RE သုံးဘီးဆိုင်ကယ်မောင်းနေရင်း တစ်ခုခု အဆင်မပြေတာပဲဖြစ်ဖြစ်၊ ပြင်ချင်တာပဲဖြစ်ဖြစ် လိုအပ်တယ်ဆိုရင် ၀၉၉၇၇၄၂၈၀၄၃ ကို ဆက်လိုက်ရုံနဲ့ Service Team က အိမ်တိုင်ရာရောက် သွားရောက်ပြင်ဆင်ပေးမှာဖြစ်ပါတယ်” ဟု Bajaj RE ၏ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် Power Moto ကုမ္ပဏီ Marketing Manager ကိုအာကာမင်းက ပြောကြားသည်။

Bajaj RE သုံးဘီးဆိုင်ကယ်အရောင်းပြခန်းကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ Bajaj RE Customer များအနေဖြင့် သုံးဘီးဆိုင်ကယ် ပြင်ဆင်လိုပါက အိမ်တိုင်ရာရောက် လိုက်လံပြင်ဆင်ပေးနေသည့်အပြင် ၀ယ်ယူလိုပါကလည်း ဖုန်းဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက် သွားရောက်ရှင်းပြ၍ ရောင်းချပေးနေကာ လက်ငင်းဖြစ်စေ၊ အရစ်ကျဖြစ်စေ ကြိုက်နှစ်သက်ရာဖြင့် ၀ယ်ယူနိုင်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

“Showroom မှာ Bajaj RE သုံးဘီးတွေ လာကြည့်လို့လည်းရတယ်၊ တကယ်လို့ အိမ်ပြင်မထွက်ချင်ဘူးဆိုရင်လည်း အိမ်တိုင်ရာရောက် သွားရောက်ရှင်းပြပေးတယ်၊ ရောင်းချပေးတယ်” ဟု အဆိုပါကုမ္ပဏီမှ Marketing Manager ကိုအာကာမင်းက ထပ်မံဆိုသည်။

မင်းဘူးမြို့တွင် ဖွင့်လှစ်ထားသော Bajaj RE သုံးဘီးဆိုင်ကယ်အရောင်းပြခန်းကို မင်းဘူး-မကွေးလမ်းမကြီးနှင့် ရွှေတစ်ပင် ၂ လမ်းထောင့်၌ ဖွင့်လှစ်ထားပြီး Bajaj RE, Bajaj Maxima Z နှင့် Bajaj Maxima C သုံးဘီးဆိုင်ကယ်များကို ကနဦး ၂၀ ရာခိုင်နှုန်းပေးသွင်း၍ တစ်နှစ်မှ သုံးနှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ရောင်းချပေးနေကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here