မဂင်္လာပါခင်ဗျာ

900

ရန်ကုန်လိုင်စင်ကားဝယ်ယူခွင့် Yangon Vehicle Quota Certificate (YVQC) ပေါ်လစီကို မူကြမ်းရေးဆွဲပြီးဖြစ်လို့ အတည်ပြုချက်ရယူဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဆီ တင်ပြမှာဖြစ်ပါတယ်။ လက်ရှိ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒ အရ ဖရီးပါမစ်နဲ့ ကားတစ်စီးတင်သွင်းထားတယ်ဆိုရင် နောက်တစ်စီး တင်သွင်း ခွင့်မရှိလို့ YVQC နဲ့ ရန်ကုန်လိုင်စင် ပါမစ်လျှောက်မယ်ဆိုရင်လည်း ဒီအချက်ကို သတိပြုဖို့ လိုအပ်ပါတယ်။ ရန်ကုန်လိုင်စင်ရဖို့အတွက် YVQC ပါမစ်ကို ငွေသွင်းပြီးမှ ကားတင်သွင်းဖူးတဲ့သူဖြစ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ ပယ်ချလိုက်တယ်ဆိုရင် တိုင်းဒေသကြီးအစိုးရကို ပေးသွင်း ခဲ့တဲ့ငွေက ပြန်ရမှာမဟုတ်ပါဘူး။ မူကြမ်းမှာ ကားအမျိုးအစား၊ အင်ဂျင်ပါဝါ အပေါ်မူတည်ပြီး ပေးသွင်းရမယ့်နှုန်းထားတွေ ထွက်ပေါ်လာရာမှာ လူစီးယာဉ် တွေထဲက ၁၆ဝဝ စီစီနဲ့အောက်ကားတွေကို ကျပ်သိန်း သုံးဆယ်၊ ၁၆ဝ၁ စီစီ ကနေ ၃ဝဝဝ စီစီအထိကားတွေကို ကျပ်သိန်း ခြောက်ဆယ်၊ ၃ဝဝဝ စီစီအထက် ကားတွေကို ကျပ်သိန်း ကိုးဆယ်၊ Pick-up ၊ Extra Cab တွေနဲ့ ၂၅ဝဝ kg အောက်လုပ်ငန်းသုံးယာဉ်။ ကုန်တင်ယာဉ်တွေကို ကျပ် ၁ဝ သိန်း၊ ၂၅ဝ၁ kg ကနေ ၅ဝဝဝ kg အထိ ကုန်တင်ယာဉ်တွေကို ကျပ် ၁၅ သိန်း၊ ခရီးသည်တင်ယာဉ် Mini Bus (၁၅ယောက်စီး)အောက်ကို ကျပ်သိန်း သုံးဆယ်၊ခရီးသည်တင်ယာဉ် Mini Bus (၁၆ ယောက်ကနေ ၂၇ ယောက်အထိ)ကို ကျပ် ၁၅ သိန်း၊ ခရီးသည် တင်ယာဉ်(City Bus ၊ Express)တွေကို ကျပ် တစ်သိန်း၊ ၅ဝဝ၁ kg အထက် ကုန်တင်ယာဉ်တွေနဲ့ ယန္တရားတွေကို ကျပ်တစ်သိန်း ကောက်ခံမှာ ဖြစ်ပါတယ်။ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ သာသနာရေးဆိုင်ရာယာဉ်တွေနဲ့ လျှပ်စစ်ကားတွေကိုတော့ အခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။ ပြည်တွင်းထုတ်ယာဉ်တွေကိုလည်း နှုန်းထားသတ်မှတ်ရာမှာ အင်ဂျင်ပါဝါအပေါ်မူတည်ပြီး ပြည်တွင်း စက်မှုထုတ်ကားတွေကို ၁ဝ ရာခိုင်နှုန်း၊ SKD စနစ်နဲ့ တင်သွင်းပြီး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေကို ၁ဝ ရာခိုင်နှုန်း၊ CKD စနစ်နဲ့ တင်သွင်းပြီး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေကို ၃ ရာခိုင်နှုန်းကောက်ခံမှာ ဖြစ်ပြီး MIC ခွင့်ပြုချက်နဲ့ တင်သွင်းမယ့်ကားတွေနဲ့ ကျောင်းကြို့/ပို့ကားတွေကိုတော့ အခွန်ကင်းလွတ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here