ရန်ကုန်လိုင်စင်ကား တင်သွင်းခွင့်မူဝါဒက မတ်လ တတိယပတ်အထိ ထွက်ပေါ် မလာသေးသလို ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်အတွက် အခွန်အကောက်ဥပဒေမူကြမ်း ကလည်း ဆွေးနွေးဆဲအဆင့်သာရှိလို့ အခြေအနေတွေကို စောင့်ကြည့်ရင်းနဲ့ပဲ ကားစျေးကွက်အခြေအနေကလည်း ပိုပြီး အေးစက်လို့နေပါတယ်။ ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့်မူကြမ်းထွက်ပေါ်လာပေမဲ့ အတည်ပြုမထုတ်ပြန်သေးလို့ ရန်ကုန် လိုင်စင်ရယူချင်တဲ့သူတွေက ကားတွေမဝယ်သေးဘဲ စောင့်နေကြသလို အခွန် အကောက်ဥပဒေကလည်း ထောက်ခံသူတွေ၊ ကန့်ကွက်သူတွေကြားမှာ ပြီးပြတ်မှု မရှိဘဲ ဖြစ်နေပါတယ်။ အခွန်အကောက်ဥပဒေမူကြမ်းမှာ ဝင်ငွေခွန်ကို ၃ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ လျှော့ချပေးမယ်လို့ ရေးဆွဲထားရာမှာ အခုမှ ကားဝယ်ယူတင်သွင်းမယ့်သူတွေ အခွန်သက်သာသွားပေမဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ၃ဝ ရာခိုင်နှုန်းကြား ပေးဆောင်ခဲ့ရတဲ့သူတွေအတွက်ကတော့ နစ်နာမှုတွေရှိလာ နိုင်ပါတယ်။ နောက်ပြီး ဘတ်ဂျက်နှစ်အကူးအပြောင်းမှာ ကားတွေအပေါ်ကောက်ခံတဲ့ အခွန်နှုန်းထားတွေက အတက်အကျဖြစ်ပေါ်နေတဲ့အတွက် ကားလုပ်ငန်းရှင်တွေနဲ့ ဝယ်ယူသူတွေကြားမှာလည်း နားလည်မှုတွေ လွဲမှားနိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကတော့ ၁၉၉၈ မိုဒယ်နဲ့အောက် YBS ဘတ်စ်တွေကို ဒီလမကုန်ခင် အပြီးအပ်နှံဖို့ ñွှန်ကြားထားပါတယ်။ သတ်မှတ်ကာလအတွင်း မအပ်ဘူးဆိုရင် တော့ လူစီးစလစ် ထုတ်မပေးတော့ဘူးလို့ ယာဉ်ပိုင်ရှင်တွေကို သတိပေးထားပါတယ်။ ဒါကြောင့် စျေးကွက်ထဲမှာ ဘတ်စ်စလစ်တွေဝင်လာနိုင်ဖို့ ရှိပါတယ်။စျေးကွက်အေးစက်နေတဲ့အချိန်မှာ ကားဟောင်းစလစ် အရောင်းအဝယ်လည်း ငြိမ်သက်နေပြီး ရန်ကုန်လိုင်စင်တွေ ဖွင့်ပေးမယ့်အချိန် အခွန်အကောက်ဥပဒေတွေ ထွက်ပေါ်လာမယ့်အချိန်မှာသာ ကားစျေးကွက်နဲ့အတူ စလစ်စျေးကွက် လည်း အားကောင်းလာမှာပါ။ စလစ်စျေး အတက်အကျကတော့ ကားအရောင်း စင်တာတွေက ဃသညျငါညာနညအ စနစ်နဲ့တင်သွင်းထားတဲ့ ဂျပန်ညာမောင်းကားတွေကို YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ခွင့်ပြု ပေးမပေးဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဂျပန်ညာမောင်းကားတွေကို YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ခွင့်ပြုပေးမယ်ဆိုရင်တော့ စလစ်လိုအပ်ချက်က နည်းသွားပြီး စျေးလည်း ကျဆင်းသွားဖို့ ရှိပါတယ်။