မခြောက်သေးသည့် ကွန်ကရစ်ထဲသို့ ဘီးနစ်နေသည့် ဒတ်ချ်ရဲကား သရော်သည့်ဓာတ်ပုံ အရိုက်ခံခဲ့ရ

634

ကားမှတ်တိုင်တွင် ခင်းထားသည့် မခြောက်သေးသော ကွန်ကရစ် အစိုထဲသို့ ဒတ်ချ် ရဲကားတစ်စီး ဘီးနစ်နေသည့် မြင်ကွင်းအား ဖြတ်သွားဖြတ်လာ တစ်ဦးက သရော်သည့်အသွင်ဖြင့် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း အောက်တို ဘာ ၃၁ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။

နယ်သာလန်နိုင်ငံ၊ Eindhoven မြို့တွင် ဘတ်စ်ကားမှတ် တိုင်ပြုပြင်ရန် လောလောလတ် လတ် ကွန်ကရစ်လောင်းထား သည့်နေရာ၌ ရဲကားတစ်စီး ကားဘီးနှစ်ဘီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေရာတွင် လုပ်ငန်း ဆောင်ရွက်နေသဖြင့် လမ်းပိတ် ထားသည့်ကြားမှ ယခုကဲ့သို့ ရဲကားက လမ်းကျွံလာခဲ့ခြင်းဖြစ် သည်။ ”ကျွန်တော်တို့က အခုမှ လုပ်ငန်းအချောသပ်ပြီးရုံ ရှိသေး တာ၊ ဘယ်ကားမှ ဖြတ်မောင်း လို့မရအောင် ကွန်ကရစ်ခင်း ထားတဲ့ဘေးမှာ ကျွန်တော်တို့ ကားနဲ့ပိတ်ရပ်ပြီး တားထားတာ တောင်မှ လှည့်ကင်းရဲကားတစ် စီးက ကျွန်တော်တို့ကားကို ပတ်ပြီး ကျော်တက်လိုက်တာ ဗျ” ဟု မှတ်တိုင်ဆောက်လုပ်နေ သည့် ကုမ္ပဏီ၏ အကြီးအကဲ Johan de Krom က ပြောသည်။ ကွန်ကရစ်အစိုများထဲမှ ရဲကား ရုန်းမထွက်နိုင်သဖြင့် De Krom နှင့် သူ့ဝန်ထမ်းများက ၎င်းတို့ ၏ လုပ်ငန်းသုံး ဗန်ကားဖြင့် ရဲ ကားကို ဆွဲထုတ်ပေးခဲ့ရသည်။ ”ရဲအရာရှိတွေကတော့ ရှက်နေ ပြီး ပျက်စီးမှုအစီရင်ခံစာ မတင် ချင်ကြဘူးဗျ၊ ဒါပေမဲ့ အခုလိုဖြစ် သွားတဲ့အတွက် ကွန်ကရစ်တစ် လွှာလုံးပြန်လောင်းရမှာမို့ အပို ကုန်ကျတော့မယ်၊ အဲဒီပျက်စီး ဆုံးရှုံးမှုအတွက် အလျော်တောင်း ချင်ပါတယ်” ဟု De Krom က ပြောသည်။

လတ်တလောတွင် ဆောက် လုပ်ရေးကုမ္ပဏီအနေဖြင့် နစ် နာကြေးအတွက် Eindhoven ရဲတပ်ဖွဲ့နှင့် သဘောတူညီမှု ရရှိခဲ့ပြီဟုဆိုပြီး နစ်နာကြေးပမာဏကိုမူ မသိရပေ။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here