မက္ကဆီကိုရဲ့ သယ်ယူပို့ဆောင်ရေးစနစ်အကြောင်း တစေ့တစောင်း

1057

ဏနျနမသ ဆိုတာ မက္ကဆီကိုနိုင်ငံ၊ မြို့တော်မက္ကဆီကိုမှာ အများဆုံး တွေ့မြင်ရတဲ့ ပြည်သူလူထုသွားလာရေး စနစ်ပုံစံတစ်ခုဖြစ်ပါတယ်။ တစ်ကြိမ်စီးနင်းရင် လက်တင်အမေရိကနိုင်ငံသုံးငွေ တစ်ပီဆို(Peso) ကောက်ခံ မှုကို အစွဲပြုပြီး ပီဆိုကောက်ခံသူလို့ အမည်ရတဲ့ Pesero အမည်တပ် ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။

စုပေါင်းတက္ကစီဆန်ဆန် Pesero စနစ်ကို စတင်အသုံးပြုတဲ့ အချိန်ကာလကတော့ ၁၉၇ဝ ပြည့်လွန် နှစ်တွေလောက်ကလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်က Pesero စနစ်ကို ကားအကြီးတွေ အသုံးပြုပြီး ပုံသေလမ်းကြောင်းတွေအတိုင်း ခရီးသည်တွေကို လမ်းကြောင်းပေါ်က ဘယ်နေရာမှာမဆို အတင်/အချ လုပ်ပေး ပါတယ်။ အသုံးပြုတဲ့ကားအရွယ်အစားအရ ယာဉ်မောင်းအပါအဝင် ခရီးသည်ခြောက်ဦးအထိ လိုက်ပါနိုင်ပါတယ်။ ၁၉၈ဝ ပြည့်လွန်နှစ်တွေ မှာတော့ ပုံမှန်အငှားကားတွေထက်လည်း စျေးနှုန်းပိုချိုပြီး တခြားကားကြီးတွေ အလွယ်တကူသွားလာလို့မရတဲ့ လမ်းကြောင်းတွေကိုပါ လိုက်ပါပို့ဆောင်နိုင်ဖို့အတွက် Pesero ပိုင်ရှင်တွေဟာ မက္ကဆီကိုမှာ Combis လို့ လူသိများတဲ့ Volkswagen အမှတ်တံဆိပ် မိုက်ခရိုဘတ်စ်ကားတွေကို ပြောင်းသုံးပြီး ခရီးသည်တွေကို ပို့ဆောင်ပေးလာခဲ့တဲ့အခါမှာတော့ ခရီးသည် ၁၂ ဦးအထိ လိုက်ပါလို့ရခဲ့ပါတယ်။ အစိုးရသယ်ယူပို့ဆောင်ရေး စနစ်ရဲ့ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်စွမ်းရှိမှုကြောင့် အတော်လေးကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့ပြီး ပြေးဆွဲတဲ့ လမ်းကြောင်းတွေ တိုးချဲ့လာခဲ့ပါတယ်။ ၁၉၈ဝ ပြည့်လွန် နှစ် နှောင်းပိုင်းကာလတွေမှာတော့ ထိုင်စီးခရီးသည် ၂၂ ဦးနဲ့ မတ်တတ်ရပ် ခရီးသည်အပါအဝင် ခရီးသည်ဦးရေ ငါးဆယ်အထိ တင်ဆောင်နိုင်စွမ်းရှိတဲ့ ဓာတ်ဆီအင်ဂျင်သုံး ဘတ်စ်ကားတွေကို ပြောင်းလဲအသုံးပြုလာကြပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အထိ မြို့တော်မက္ကဆီကိုမှာ Pesero စနစ်သုံး ကားအစီးရေ ၂၈,ဝဝဝ ဝန်းကျင်ရှိနေပြီး မြို့တော်နေ ခရီးသွား ၆ဝ ရာခိုင်နှုန်းအထိကို နေ့စဉ်သယ်ယူပို့ဆောင်နိုင်စွမ်းရှိလို့ မြေအောက်ရထား၊ ထရော်လီဘတ်စ်၊ ရိုးရိုးဘတ်စ်ကားနဲ့ တက္ကစီ အစရှိတဲ့ ယာဉ်အမျိုးမျိုးရဲ့ ပို့ဆောင်ပေးနိုင်စွမ်းထက် သာလွန်ပါတယ်။ စရိတ်ကျဉ်းကျဉ်းနဲ့ ခရီးသည်အများကြီး ပို့ဆောင်ပေးတဲ့ Pesero စနစ်က အောင်မြင်လာ တယ်ဆိုပေမဲ့ အစိုးရအနေနဲ့ ဒီလုပ်ငန်းကို ထိန်းချုပ်ကွပ်ကဲဖို့ နည်းလမ်းတွေ ရှာဖွေ လာပြီး ခရီးသည်အရေအတွက် ပိုပြီး တင်ဆောင်နိုင်မယ့် အရွယ်အစားပြည့် ဒီဇယ်စွမ်းအင်သုံး ဘတ်စ်ကားတွေနဲ့ အစားထိုးအသုံးပြုနိုင်ဖို့၊ Pesero စနစ်အစား မြေအောက်ရထား၊ ထရော်လီဘတ်စ်ကား ကွန်ရက်စနစ်နဲ့ Metrobus လို တခြားသော သယ်ယူပို့ဆောင်ရေးပုံစံအမျိုးမျိုးကို ပိုပြီးချဲ့ထွင်အသုံးပြုဖို့ စဉ်းစားလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here