ဘူဂေးရီးယားနိုင်ငံရဲ့ ပြိုင်ကားကုမ္ပဏီသစ်တစ်ခုဖြစ် တဲ့ Sin Cars ဟာ ၂၀၁၂ ခုနှစ်ကမှ ဘူဂေးရီးယား နိုင်ငံမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း မှာတော့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ဆီ ပြောင်းရွှေ့အခြေ စိုက်ခဲ့ပါတယ်။ Sin Cars ကုမ္ပဏီကို ဘူဂေးရီးယား လူမျိုး စီးပွားရေးသမားလည်းဖြစ်၊ ပြိုင်ကားမောင်း သမားတစ်ယောက်လည်းဖြစ်တဲ့ Rosen Daskalov က တည်ထောင်ခဲ့တာပါ။ Sin Cars ဟာ ကုမ္ပဏီထုတ် ပထမဆုံး ကားမိုဒယ်အဖြစ် Sin R1 ပြိုင်ကားကို ထုတ်လုပ်ဈေးကွက်တင်ခဲ့ပါတယ်။ ဘူဂေးရီးယားနိုင်ငံ မှာ တခြားနိုင်ငံက ကားစက်ရုံခွဲတွေတည်ရှိပြီး ဈေးနှုန်းသက်သာတဲ့ မိသားစုစီးကားတွေနဲ့ လုပ်ငန်းသုံး ကားတွေ ထုတ်လုပ်တည်ဆောက်ခဲ့ပေမဲ့ ကိုယ်ပိုင်ကား ကုမ္ပဏီကတော့ ရှားပါးပါတယ်။ ဒါပေမဲ့ အခုအချိန် မှာတော့ ဘူဂေးရီးယားဟာ ကိုယ်ပိုင်စူပါပြိုင်ကား ကုမ္ပဏီတစ်ခုအဖြစ် Sin Cars ကို ပိုင်ဆိုင်ထားပါပြီ။ ဘူဂေးရီးယားနိုင်ငံထုတ် ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ပထမဆုံးကားလို့ဆိုရမယ့် Sin R1 ရဲ့ ပထမဆုံးလမ်း ပေါ်မောင်းကားမိုဒယ် Sin R1 550 ကို ၂၀၁၇ ဂျီနီဗာ ကားပြပွဲကြီးမှာ ထုတ်လုပ်မှုမိုဒယ်အဖြစ် ပွဲထုတ်ပြသ ခဲ့ပါတယ်။ ပြိုင်ကားပီသတဲ့ ကားကိုယ်ထည်ပုံစံနဲ့ အဆင့်မြင့်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ Sin R1 550 ဟာ ကားအင်ဂျင်က ထုတ်လုပ်ပေးမယ့် စက် စွမ်းအင်ပမာဏကို အစွဲပြုပြီး မှည့်ခေါ်ထားတာလည်း ဖြစ်ပါတယ်။ Sin R1 ကားမိုဒယ်ကို အင်ဂျင်ပါဝါ အပေါ်မူတည်လို့ သုံးမျိုး ခွဲခြားထုတ်လုပ်ထားတာ ကြောင့် ဈေးနှုန်းလည်း ကွဲပြားပါတယ်။ ၂၀၁၇ မိုဒယ် Sin R1 550 ပြိုင်ကားသစ်လေးရဲ့ ဈေးကတော့ ယူရို ၁၉၉,၉၀ဝ(အမေရိကန်ဒေါ်လာ ၂၃၂,ဝ၇၃ ဝန်းကျင်) နဲ့အထက်ဖြစ်ပါတယ်။ အခုလက်ရှိမှာ Sin R1 ကား အစီးရေ နှစ်ဆယ်ကို တည်ဆောက်ပြီးစီးခဲ့ပြီး ကုမ္ပဏီ အနေနဲ့ တစ်နှစ်မှာ အစီးရေသုံးဆယ်ထက် ပိုမထုတ် ဘူးလို့လည်း ဆိုပါတယ်။ စူပါပြိုင်ကားဈေးကွက်မှာ 2017 Sin R1 550 နဲ့ အဓိကပြိုင်ဘက်တွေကတော့ Ferrari 488 GTB နဲ့ McLaren 570S တို့ပါပဲ။
တံခါးနှစ်ပေါက်နဲ့ နှစ်ယောက်စီး လမ်းပေါ်မောင်း ပြိုင်ကားသစ်လေး Sin R1 550 ဟာ သံမဏိသားနဲ့ ပြုလုပ်ထားတဲ့ ပြိုင်ပွဲသုံး FIA ပုံစံ Spaceframe အောက်ခံထည်ပေါ်မှာ ပေါ့ပါးကြံ့ခိုင်တဲ့ ကာဗွန်ဖိုင် ဘာသားကို အဓိကအသုံးပြု တည်ဆောက်ထားတဲ့ ပြိုင်ကားတစ်စီး ဖြစ်ပါတယ်။ Spaceframe ဟာ အတော်လေးကြံ့ခိုင်တောင့်တင်းပေမဲ့ Carbon Tub အောက်ခံထည်ထက်တော့ နည်းနည်းပိုလေးပါတယ်။ ဒါပေမဲ့ ကားတစ်စီးလုံးအလေးချိန်ဟာ ၁,၄၀ဝ ကီလို ဂရမ်ပဲလေးလံတာကြောင့် သူ့ပြိုင်ဘက် Ferrari 488 GTB ထက်တောင် ပိုပေါ့ပါးပါတယ်။ ကာဗွန်ဖိုင်ဘာ သားတွေနဲ့ အဓိကတည်ဆောက်ထားတဲ့ ကားကိုယ် ထည်ဟာ ပေါ့ပါးဖျတ်လတ်နေပြီး ကားအနောက် ဘက်က လေပင့်အားထိန်းတောင်ပံကြီးကိုလည်း ချိန် ညှိပြောင်းလဲနိုင်အောင် စီမံထားပါတယ်။ Sin R1 မှာ အထူးခြားအကောင်းမွန်ဆုံး အချက်တစ်ခုကတော့ ကားအောက်ခံထည်ရဲ့ အချိုးအစားညီမျှမှုပါပဲ။ ပြိုင် ကားတစ်စီးပီပီ ခပ်ဝပ်ဝပ်ဟန်ပေါက်တဲ့ ကားကိုယ် ထည်မှာ ကားရှေ့မျက်နှာစာက အနောက်ဘက်ထက် စာရင် ပိုနိမ့်ပါတယ်။ တစ်ပြေးညီမဟုတ်ဘဲ ကားရှေ့ လေကာမှန်ကနေ တစ်ကြိုးတည်းခပ်လျှောလျှောဆင်း လာတဲ့ ခပ်ဝပ်ဝပ် ကားစက်ဖုံးဧရိယာဟာ ဘေးတစ် ဖက်တစ်ချက်စီက အရွယ်အစားကြီးမားလှတဲ့ ကား ဘီးခုံးကြီးတွေကို ပိုထင်ရှားပေါ်လွင်စေပြီး ခေတ်သစ် ပြိုင်ကားတစ်စီးရဲ့ဟန်ကိုလည်း အပြည့်အဝ ပုံဖော်ပေး နေပါတယ်။ မို့မောက်ထွက်နေတဲ့ ကားဘီးခုံးဧရိယာ ပေါ်မှာ မျက်လုံးပုံစံလို ရှည်မျောမျော ကားရှေ့မီးအုံတွေ ကို လိုက်ဖက်ညီစွာ တွေ့မြင်နိုင်ပါတယ်။ ကားမီးတွေ ရဲ့ အောက်ဘက်မှာတော့ အနက်ရောင်သတ္တုပြားတွေ နဲ့ လေစုပ်ပေါက်တစ်စုံပါဝင်ပြီး ကားရှေ့မျက်နှာစာရဲ့ အနိမ့်ဆုံးနေရာလို့ဆိုရမယ့် လေစုပ်ပေါက်တွေရဲ့အောက် မှာတော့ ကားရဲ့မြေဝပ်အားကို ပိုကောင်းမွန်စေမယ့် အနက်ရောင် Splitter ကြီး ပါဝင်ပါတယ်။ ကားစက် ဖုံးအစွန်းမှာ Sin Car အမှတ်တံဆိပ်လိုဂို ပါဝင်ပြီး ကားမီးအုံအတွင်းက အပြင်ကြွရွထွက်နေတဲ့ ကား မီးလုံးတွေကတော့ ကားရဲ့ ရုပ်ထွက်ကို ပိုပြီးခေတ်မီ ဆန်းပြားစေပါတယ်။ ကားရှေ့မျက်နှာစာလိုပဲ အကွေ့ အဝိုက် အတွန့်အချိုးများပြားတဲ့ ကားဘေးဘက်မှာ အထင်ရှားဆုံးကတော့ ကားတံခါးအနောက်ဘက်က အရွယ်အစားကြီးမားတဲ့ ပါးဟက်ပုံလေစုပ်ပေါက်ကြီး ပါပဲ။ ဒါ့ပြင် ကားတံခါးတွေကိုလည်း အောက်ဘက် ကနေအပေါ်ကို တဖြည်းဖြည်းမြင့်တက်သွားတဲ့ Scissor Dorr တွေကို လိုက်ဖက်ညီစွာ အသုံးပြုထားပါ တယ်။ ကားတံခါးဖွင့်လိုက်တဲ့အခါ တံခါးပေါင်အောက် နားမှာ Sin R1 550 မိုဒယ်အမည်အပြည့်အစုံကို ရေး ထိုးတပ်ဆင်ထားပါတယ်။ ခေတ်သစ် စူပါပြိုင်ကား တွေရဲ့ ဟန်အတိုင်း ခပ်ဆန်းဆန်းဖန်တီးထားတဲ့ ကား အနောက်ဘက်မှာ အရွယ်အစားကြီးမားတဲ့ အနက် ရောင် လေပင့်အားထိန်းတောင်ပံကြီးက အထင်ရှားဆုံး ဖြစ်ပြီး တက်နေတဲ့ ကားနောက်မီးဝိုင်းတွေကလည်း ကားရဲ့ ဆန်းသစ်လှပမှုကို ပိုပြီးပေါ်လွင်စေပါတယ်။
Mid-mounted အင်ဂျင်နဲ့ နောက်ဘီးယက်စနစ် သုံး Sin R1 550 မှာ မြင်းကောင်ရေ ၅၅၀ အား ၇.ဝ Liter V8 အင်ဂျင်ကို သမားရိုးကျပုံစံ Manual ဂီယာခြောက်ချက်နဲ့ တွဲဖက်ပေးထားပါတယ်။ ဝယ်သူ တွေအနေနဲ့ Semi-Auto ပုံစံအဖြစ် ခလုတ်လေးတွေ ကနေတစ်ဆင့် အလွယ်တကူ အသုံးပြုနိုင်မယ့် Sequential Paddleshift ဂီယာကိုလည်း ရွေးချယ်နိုင်ပါ တယ်။ R1 550 ရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီ ကို ၁၈၆ မိုင်ဖြစ်ပြီး သုံးစက္ကန့်ခွဲအတွင်းမှာ သုညမိုင် ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့် တင်နိုင်ပါတယ်။ ပြိုင်ကားပီသတဲ့ ကားတစ်စီးပီပီ V8 အင်ဂျင်စစ်စစ်ရဲ့ သြဇာပြည့်ဝတဲ့ ထစ်ချုန်းသံမျိုးကို လည်း ကြားရစေမှာဖြစ်တာကြောင့် တကယ့်ပြိုင်ကား ချစ်သူတွေ အထူးနှစ်သက်သဘောကျကြမှာ အမှန် ပါပဲ။ စစ်မှန်တဲ့ စူပါပြိုင်ကားကိုယ်ထည်နဲ့ အမိုက်စား စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ Sin R1 550 ရဲ့ အတွင်းခန်းဟာ ပြိုင်ကားဆန်မှုနဲ့ ဇိမ်ကျသက်သာ မှုကို အချိုးညီညီ ပေါင်းစပ်ဖန်တီးထားပါတယ်။ ကား အတွင်းမှာ ချိန်ညှိပြောင်းလဲလို့မရတဲ့ ပြိုင်ပွဲဝင်ကားပုံစံ ကာဗွန်ဖိုင်ဘာသားထိုင်ခုံတွေကို တပ်ဆင်ထားပေမဲ့ တကယ့်ပြိုင်ပွဲဝင်ကားတွေထက် ပိုပြီးဇိမ်ကျသက်သာ ပါတယ်။