ဘတ်စ်ကားမှတ်တိုင်ပေါင်း  ၃၅ဝ ကို  နိုင်ငံတကာအဆင့်မီ  မှတ်တိုင်များအဖြစ်  အဆင့်မြှင့်တင်ရန် ၂ဝ၁၉ ခုနှစ်မကုန်မီ အပြီးဆောင်ရွက်မည်

866

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်မှတ်တိုင် ပေါင်း ၃၅ဝ ကို အဆင့်မြှင့့််တင်ရန် ၂ဝ၁၉ ခုနှစ်မကုန်မီ အပြီးဆောက် လုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်မှတ်တိုင်ပေါင်းငါးရာကို နိုင်ငံတကာ အဆင့်မီ မှတ်တိုင်များအဖြစ်အဆင့်မြှင့်တင်ရန် လျာထားရာ ကနဦးအနေဖြင့် မှတ်တိုင်ပေါင်း ၃၅ဝ ကို ၂ဝ၁၉ ခုနှစ်မကုန်မီ အပြီးသတ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး မှတ်တိုင်တစ်ခုချင်းစီတွင် ဘတ်စ်နံပါတ်နှင့် ဆိုက်ရောက်မည့်အချိန်ကို တိုက်ရိုက်ပြသမည့် အီလက်ထရွန်း နစ်စနစ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

”မှတ်တိုင်တွေမှာ YBS ဘတ်စ်တွေ ဘယ်ကားဘယ်အချိန်ရောက်မယ်ဆိုတာ ဖော်ပြပေးမယ့် အီလက်ထရွန်းနစ် စနစ်နဲ့ မှတ်တိုင် အဆင့်မြှင့်တင်တာကို ကနဦးအနေနဲ့ မြို့တွင်းမှတ်တိုင် ၃၅ဝ ကို တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက တစ်နှစ်ခွဲအတွင်း အပြီးလုပ်ဆောင်ရမှာပါ၊ ကျန်တဲ့ မှတ်တိုင်တွေကိုတော့ အစဉ်လိုက် လုပ်ဆောင်သွားမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နိုင်ငံတကာအဆင့်မီမှတ်တိုင်များအဖြစ် အဆင့်မြှင့်တင်ခြင်းကို ၂ဝ၁၈ ခုနှစ် နှစ်ဦးပိုင်းတွင် တင်ဒါအောင်သည့် ကုမ္ပဏီမှ စတင်အကောင်ထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းမှာ တစ်နှစ်ခွဲကြာမြင့်မည်ဖြစ်သည့်အတွက် ၂ဝ၁၉ ခုနှစ် မကုန်မီအပြီးသတ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ဘတ်စ်မှတ်တိုင်များအဆင့်မြှင့်တင်ရန်အတွက် ပြည်တွင်း၊ ပြည်ပဖက်စပ်ကုမ္ပဏီတစ်ခုဖြစ် သည့် JC DECAUX ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး မြို့တွင်းရှိ ဘတ်စ်ကားမှတ်တိုင်ပေါင်း ငါးရာကို နိုင်ငံတကာအဆင့်မီ (Street Furniture) လမ်းပရိ ဘောဂအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

ဘတ်စ်မှတ်တိုင်များကို အဆင့်မြှင့်တင်ပြီးပါက မှတ်တိုင်တွင် YBS  ဘတ်စ်များ ရောက်ရှိမည့် အချိန်နှင့် ယာဉ်လိုင်းနံပါတ်များအပြင် ယာဉ်တစ်စီးချင်းအလိုက် စည်းကမ်းလိုက်နာမှုအတွက် အမှတ်ပေးစာရင်းများကိုပါ ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

 

ရန်ကုန်မြို့အတွင်း ဘတ်စ်ကားမှတ်တိုင်ပေါင်း နှစ်ထောင်ကျော်ရှိပြီး လူစည်ကားသည့် ဘတ်စ်မှတ်တိုင်ငါးရာကို အဆင့်မြှင့်တင်ခြင်းအတွက် တင်ဒါခေါ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ကျန်ရှိသည့်မှတ်တိုင်များကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူလုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here