ဗြိတိန် တစ်ပတ်ရစ်ကားစျေးကွက်တွင် ဂျပန်နှင့် ကိုရီးယားထုတ်ကားများ လူကြိုက်များနေ

610

ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ် သောနိုင်ငံများအနက် တစ်ခုအပါ အဝင်ဖြစ်သော ဗြိတိန်တွင် အသုံး ပြုပြီးသား တစ်ပတ်ရစ် ကားစျေး ကွက်၌ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံထုတ် ကားအမှတ်တံဆိပ် များမှာ လူကြိုက်များရေပန်းအစား ဆုံး ဖြစ်နေကြောင်း စက်တင်ဘာ ၁၂ ရက်တွင် Dailymail သတင်း စာက ရေးသားဖော်ပြသည်။

Dailymail သတင်းစာသည် ဗြိတိန်ယာဉ်မောင်းသမား ၁၅,ဝဝဝ ကျော်ကို တွေ့ဆုံမေးမြန်းကာ တစ်ပတ်အတွင်း ကားစျေးကွက်ကို စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ထိပ်ဆုံး ကားအမှတ်တံဆိပ် ၁ဝခု အနက် ရှစ်ခုမှာ ဂျပန်နှင့် တောင် ကိုရီးယားနိုင်ငံများမှ ထုတ်လုပ် သော ကားအမှတ်တံဆိပ်များ ဖြစ်သည်။

တစ်ပတ်ရစ် ကားစျေးကွက် အတွင်း ဝယ်ယူသောသက်တမ်း ၂ နှစ်မှ ၁ဝ နှစ်အတွင်းရှိ ကား များအနက် လူကြိုက်အများဆုံး အမှတ်တံဆိပ်များကို စာရင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဂျပန်ကား အမှတ်တံဆိပ် ခြောက်ခု၊ တောင် ကိုရီးယားကားအမှတ်တံဆိပ် နှစ် ခု၊ ချက်ကားအမှတ်တံဆိပ်တစ်ခု နှင့် ဗြိတိန်ထုတ် ကားအမှတ်တံ ဆိပ်များအနက် Jaguar တစ်မျိုး တည်းသာပါဝင်လာသည်ကို တွေ့ ရသည်။ အဆိုပါစစ်တမ်းကို ဗြိတိန် ရှိ နေရာဒေသ ၃၁ ခုမှ ကောက် ယူကာ ကားအရည်အသွေး၊ အ သုံးဝင်မှု၊ စွမ်းဆောင်ရည်များကို ကြည့်ကာ ကြေညာခဲ့ခြင်းဖြစ်သည်။

တစ်ပတ်ရစ်ကား အသုံးပြုသူ ဗြိတိန်နိုင်ငံသားများ အကြိုက်အ တွေ့ဆုံးမှာ တောင်ကိုရီးယားကား အမှတ်တံဆိပ် Kia Sportage ဖြစ်ပြီး ၉၂ ဒသမ ၇၈ ရာခိုင်နှုန်းက အနှစ်သက်ဆုံးကား ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ ဒုတိယအကြိုက်ဆုံး ကားအမှတ်တံဆိပ်မှာ Toyota Prius ဖြစ်ပြီး ၉၂ ဒသမ ၇၆ ရာ ခိုင်နှုန်းကနှစ်သက်ကြောင်း ဖော် ပြသည်။ Kia Sportage အသစ် တစ်စီး၏တန်ဖိုးမှာ ပေါင်နှစ်သောင်း ဖြစ်သော်လည်း တစ်ပတ်ရစ်ကား တန်ဖိုးမှာ ပေါင်ရှစ်ထောင်သာရှိပြီး Toyota Prius အဟောင်းစျေးနှုန်း က ပေါင် ၁၃,၉ဝဝ ရှိသည်။

ဗြိတိန်နိုင်ငံသားများ အနှစ် သက်ဆုံး တစ်ပတ်ရစ်ကား ၁ဝ စီး အနက် ဂျပန်နှင့် တောင်ကိုရီးယား ကားအမှတ်တံဆိပ်ရှစ်ခုမှ လွဲ၍ ပါဝင်လာသော အမှတ်တံဆိပ်နှစ် မျိုးတွင် နံပါတ်ငါးနေရာ၌ ရှိနေ သော Skoda Superb ၏စျေး နှုန်းက ပေါင်ခြောက်ထောင်ဖြစ်ကာ နံပါတ်ခုနစ်နေရာတွင် ရှိနေသော Jaguar XF ၏ စျေးနှုန်းက ပေါင် ၂,၈ဝဝ သာရှိသည်။

Ref: Dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here